Tuesday, April 7, 2009

ကိုယ်က ဆရာဝန်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဖတ်စေချင်လို့ပါ။


လူငယ် ၊ လူလတ်ပိုင်းမှာ ကိုယ်အလေးချိန် ရှိသင့်သည်ထက် ပိုနေပါက ၊ လူကြီးဘ၀တွင် ကင်ဆာရောဂါဖြင့် သေဆုံးနိင်သော အခွင့်အလန်းမှာ ပိုများပါတယ်တဲ့။

( ၁၁ ) ပေါင်ပိုလာလျှင်

အနောက်ပိုင်း အင်္ဂလန်ရှိ ( University Of Bristol ) မှ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်က ကိုယ်အလေးချိန် ရှိသင့်သည်ထက် ၁၁ ပေါင် ပိုလာပါက ကင်ဆာနှင့် သေဆုံးနိင်သော အခွင့်အလန်း စတင်ဖြစ်ပေါ်နိင်သည်ဟု ပြောပါတယ်။ ၄င်းတို့၏ တွေ့ရှိမှုများသည် လူလတ်ပိုင်းတွင် ရောက်ရှိနေကြသူများ၏ ကိုယ်အလေးညွှန်းကိန်း BMI ( Body Mass Index ) နှင့် ၄င်းတို့ လူကြီးဖြစ်လာသည့်အခါ သေဆုံးရနှုန်းနှင့် ဆက်သွယ်မှု တိုက်ရိုက် အချိုးကျ ရှိနေကြောင်း ဖော်ပြထားပါတယ်။

BMI

၎င်းကိုတွက်ချက်ရာ၌ ကီလိုဂရမ်အားဖြင့် ဖော်ပြသော ကိုယ်အလေးချိန်ကို ၊ မီတာဖြင့်ဖော်ပြထားသော အရပ်အမောင်း ပမာဏ၏ နှစ်ထပ်ကိန်းဖြင့် စားရပါမည်။

BMI Categories:

  • Underweight = <18.5
  • Normal weight = 18.5-24.9
  • Overweight = 25-29.9
  • Obesity = BMI of 30 or greater
လို့ သက်မှတ်နိင်ပါတယ်။

ကဲ....ကိုယ်တိုင် စမ်းသပ်ချင်းသူများတွက် အောက်ပါ ၀က်ဘ်ဆိုဒ်လေးမှာ သွားပြီး ကိုယ့်အရပ်နဲ့ လက်ရှိ ဖြစ်နေတဲ့ ကိုယ်အလေးချိန်ကို ထည့်ပြီး နှိပ်ကြည့်၇င် ဘယ်လောက်ရှိတယ်ဆိုတာ တွေ့ရမှာပါ။

4 comments:

မုန်း said...

ပေါင် ၂၀၀ တောင်ရှိတယ်.
သေခါနီးပြီလားဟင်.
သိချင်လို့.
သေတမ်းစာ ရေးထားချင်လို့ပါ..
မောင်ဆိုးသွမ်း ဇယားက သေမင်းထက်တောင်
ပို တိကျလို့လား.. :P

Moe Cho Thinn said...

လျှော့သင့်တာတော့ သိပါတယ်။ ဒါပေမဲ့ ဒါပေမဲ့.. :)

မီးမီးငယ် ရဲ့  ထည်ဝါချို said...

၂၂.၃ ကွ

အဟေဟေ

Unknown said...

ကိုဆိုးသွမ်းကြီးရော တိုင်းပြီးပြီလားဟင် ?
ဝိတ်လေးဘာလေးရှော့အုံးနော် ...
ဒါမှမဟုတ်လည်း သေတမ်းစာလေးရေးထားတော့ ...
ဟီး :D