Thursday, April 9, 2009



“ all married couples are eventually separated by a death , but it`s tough
being the one left behind ”


first-11 ဂျာနယ် တစ်စောင်ထဲမှာ ဒီဇာတ်ကားအကြောင်းလေးတော့ အနည်းငယ် ဖတ်လိုက်ရတယ်။ ဒါပေမယ့် အာရှကားဆိုတော့ ရှာရတာလည်း အနည်းငယ်တော့ ခက်သား။ ရှာကြည့်လိုက်ပေမယ့် ထွက်မလာဘူး။ ထွက်လာတော့လည်း တခြားဆိုက်ဒ်လင့်ခ်တွေဆိုတော့ ဒေါင်းလုပ်ချရတာ အဆင်မပြေတာနဲ့ပဲ မကြည့်ဖြစ်တော့ဘူး။ ဒါနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်နေတုန်း ဗြုန်းဆို ဒီဆိုက်ဒ်မှာ သူ့အကြောင်း ပြန်ဖတ်လိုက်ရတော့ ကြည့်ချင်စိတ် ပြန်ဖြစ်လာပြီး မရ ၊ ရအောင် ရှာဖွေပြီးကြည့် ပစ်လိုက်တယ်။



အပေါ်က ပေးထားတဲ့ ဆိုက်ဒ်မှာ သူက ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ ကျွန်တော်ကတော့ တိုတိုလေး ပြန်ရှင်းပြမယ်။ သဘောလောက်ပေါ့။

Departures

ဇာတ်ကားကတော့ ဂျပန် - ဒရမ်မာ ဇာတ်လမ်းလေးပါ။ တီးဝိုင်းတခုမှာ ဆယ်လို တီးခက်တဲ့ မင်းသားက အလုပ်ပြုတ်တော့ စိတ်ညစ်နေပါတယ်။ လင်နဲ့မယား ၂ ယောက်တည်းသာ ရှိသေးပေမယ့် စီးပွားရေး အဆင်မပြေတော့ အလုပ်တခုရှာရင်း “ သေသူတွေကို အလှပြင်ပေးရတဲ့ အလုပ် ” ကို မှားလျှောက်မိရာကနေ ပိုက်ဆံကလည်း ပိုရတာကြောင့် မထွက်ဖြစ်တော့ပါဘူး။

နောက်ဆုံး မိန်းမက သိတော့ အထင်သေးပြီး စွန့်ခွာ ၊ သူငယ်ချင်းကလည်း မပေါင်းနဲ့ မင်းသားဟာ သူ့အလုပ်ရှင် အဘိုးအိုနှင့် အတူ “ လူသေအလောင်းတွေ လိုက်ပြင်တဲ့ အလုပ်ကို ” ပဲ လုပ်နေပါတော့တယ်။ နောက်တော့ မိန်းမက ကိုယ်ဝန်ရှိလာတဲ့ အခါ သူ့ဆီပြန်လာရင်း လင်မယားနှစ်ယောက် အလုပ်အတွက် ရှေ့ဆက်လုပ်ဖို့ မလုပ်ဖို့ ဆွေးနွေးနေတုန်း အသုဘတစ်ခုကြောင့် သူ့မိန်းမဟာ စိတ်ပြောင်းပြီး ၊ သူ့ကို အလုပ်ဆက်လက် လုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။


ဒေဂိုနှင့် သူ့အလုပ်ရှင်တို့၏ အသုဘပြင်ဆင်မှုအခန်း

တကယ်ဆို ဇာတ်လမ်းက ဒီမှာတင်ပြီးသွားမှာပါ။ အော်စကာဆုရ ဇာတ်ကားပီသစွာ ဒါရိုက်တာက ဇာတ်လမ်းကို မထင်မှတ်တဲ့ နောက်ထပ် အကွက်တွေ ထပ်ထည့်သွားပါတယ်။

ဒီဇာတ်ကားလေးမှာ ဂျပန်နိင်ငံရဲ့ အသုဘပြင်ဆင်ပုံတွေ ၊ လူတွေရဲ့ စိတ်ထားတွေအကြောင်း ၊ ဖြစ်တက်ပျက်တက်တဲ့ တရားသဘောကို ဒါရိုက်တာက ကောင်းကောင်းကြီး ဖော်ပြနိင်ခဲ့ပါတယ်။ တကယ့်ကို ဇာတ်ကားကောင်းလေး တခုပါပဲ။ ပြောနေကြ စကားလို့ “ ကျွန်တော့် ညံဖျင်းမှုကြောင့် ကြော်ငြာမကောင်းခဲ့ရင်တောင် ၊ ဒီဇာတ်လမ်းကို ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ် ” ခင်ဗျာ။



လူသေအလောင်းများကို ကိုယ်တွယ်ရခြင်းကြောင့်
ကြက်အသေကောင်များကိုပင် မြင်ရုံဖြင့် အော့အန်နေသည့် ဒေဂို

ဒီကျောက်တုန်းလေးကလည်း ဒါရိုက်တာရဲ့ ပရိတ်သက်အပေါ်
ပြောချင်တဲ့ စကားလေးတခွန်းပေါ့


ဖခင်အလောင်းကို ကိုယ်တိုင်ပြင်ပေးနေသည့် ဒေဂို



Download


http://rapidshare.com/files/211485814/cielo-ds_ArchibalD.part1.rar
http://rapidshare.com/files/211488199/cielo-ds_ArchibalD.part2.rar
http://rapidshare.com/files/211490102/cielo-ds_ArchibalD.part3.rar
http://rapidshare.com/files/211491881/cielo-ds_ArchibalD.part4.rar
http://rapidshare.com/files/211494166/cielo-ds_ArchibalD.part5.rar
http://rapidshare.com/files/211496333/cielo-ds_ArchibalD.part6.rar
http://rapidshare.com/files/211498017/cielo-ds_ArchibalD.part7.rar
http://rapidshare.com/files/211498861/cielo-ds_ArchibalD.part8.rar



4 comments:

မီးမီးငယ် ရဲ့  ထည်ဝါချို said...

ပြန်လာမှဘဲ ကြည့်တော့မယ်။

ခုတော့ ပြန်ဘို့ ဟိုလုပ်ဒီလုပ်နဲ့  အချိန်ကြည့်လိုက်တော့ ၁း၀၇ မိနစ်ရှိနေပြီ။

ကိုဆိုးသွမ်း ပို့ စ်အသစ်တင်တာတွေ့ လို့  ပထမဆုံးဝင်မန့် ခဲ့တာ။

ပြန်လာမှဘဲ စာကြွေးတွေ ၀င်ရှင်းတော့မယ်။

ခုဂွတ်ည
း)

T T Sweet said...

ရုပ်ရှင် ဒေါင်းလုပ်လုပ်သွားပါသည်။ ဒီလိုအာရှကားမျိုးလေးတွေဆို သိပ်ကြိုက် ... အော်စကာကားဆိုတော့ တိုင်းထက်အလွန်ပေါ့ ...ကျေးဇူး ...

Phyo Maw said...

သဘောကျတယ်။ မင်းသမီးလေးကလည်း ချစ်စရာကောင်းပါ့။ ဇာတ်လမ်းကတော့ မျက်ရည်ဝဲစေမယ့် တကယ့်ဇာတ်လမ်းပဲ :D

khin oo may said...

ဝမ်းနည်းစရာဆိုကြည့်ချင်ဘူး