Monday, April 27, 2009


နွေဦးကတော့
သူ့အချိန်နဲ့ သူပုံမှန်ဆိုက်ကပ်နေတုန်းပါပဲ

ဟိုအရင်က
အတူလျှောက်မယ်လို့
ရည်ရွယ်ခဲ့တဲ့ လမ်းတွေဟာ...ဒီနှစ်မှာတော့
ကန္တာရထဲက ရှားစောင်းပင်တွေလို
ဆူးတွေနဲ့ ခြောက်သွေ့လို့

ဘာကြောင့်များ ကတ္တရာလမ်းတွေက
ခါတိုင်းရာသီတွေထက် ပိုမိုတိတ်ဆိတ်သွားရတာလည်း

သစ်ရွက်အကြွေတွေထဲမှာ
မင်းနာမည်လည်း....ရုရှားဘာသာလို ရေးထိုးခွင့်တွေလည်း
မရှိတော့ဘူး

အမှတ်တရ စုဗူးလေးထဲမှာတော့
ငွေအကြွေစေ့လေးတွေက
အခုထိ တချွင်ချွင်နဲ့ ပိုင်ရှင်ကိုမျှော်နေတုန်းပဲ


ကျေးဇူးပြု၍
တစ်စုံတစ်ယောက်မှ သစ်ရွက်အကြွေတွေကို ဖြစ်ဖြစ်
ငွေအကြွေစေ့လေးတွေကို ဖြစ်ဖြစ်
ကတ္တရာ လမ်းမတွေကို ဖြစ်ဖြစ်
မပြောလိုက်ကြပါနဲ့
“ သူတို့ သခင်မဟာ ” ဘယ်တော့မှ မလာတော့ဘူး ဆိုတဲ့အကြောင်း



9 comments:

Apprenticeship said...

သခင်မ ပြန်လာအုံးမှာပါ... မယုံရင်စောင့်ကြည့်... ကတ္တရာလမ်းတွေ ခြောက်သွေ့နေတာတော့ မိုးမရွာလို့နေမှာပေါ့ :D :P

မီးမီးငယ် ရဲ့  ထည်ဝါချို said...

နွေဦးရောက်ပြီ နှင်းလဲပျောက်ပြီလေ။
စတာ

သေချာဖတ်လိုက်တော့ အလွမ်းကဗျာလေးဘဲ။ လူတိုင်းကိုမလွမ်းစေချင်ပါဘူး။ အားလုံးပြေလည်သံဘဲကြားချင်ပါတယ်။

အားမလျှော့ပါနဲ့ သခင်မ ပြန်လာမှပါ။ မယုံစောင့်ကြည့်လေ .............နော်

Unknown said...

မျှော်သူမောပြီ ဖြစ်နေရရှာတာပေါ့နော် ... ကိုဆိုးသွမ်းကြီးက .. သီချင်းရေးဆရာတွေ အသဲကွဲရင် သီချင်းများများထွက်သလိုပဲ ကိုဆိုးသွမ်းအသဲကွဲတော့ အလွမ်းကဗျာတွေ များများထွက်တာပေါ့နော် :D ဟီးဟီး
ကဗျာလေးဖတ်ပြီး မရှိတဲ့ရီးစား သတိရလိုက်တာဗျာ :P ..
ကတ္တာရာလမ်းတွေ ခြောက်နေတာကတော့ ရေဖြန်းတဲ့ကားတွေ ဆီကုန်နေလို့ဖြစ်ပါလိမ့်မယ်ဗျာ ...

ငြိမ်သက် said...

ညီ...အပြင်းစားအလွမ်းကဗျာတွေရေးနေတဲ့အချိန်မှာ
တပ်တူညီမျှတဲ့ ခံစားမှုတွေ ရှိခဲ့မယ် ဒါမှမဟုတ် ရှိနေမယ်ဆိုတာသိပေမယ့် ဒီကဗျာ အရေးအဖွဲ့လေးအတွက်တော့ congratulation လို့ပြောပါရစေ...အကြံပေးခွင့်ရနိုင်မယ်ဆိုရင်...ပြန်မလာနိုင်သေးတဲ့
သစ်ရွက်ကြွေတို့ရဲ့  သခင်မလေးကို တခါလောက်တော့သွားတွေ့လိုက်ပါကွာ...
မိန်းကလေးသဘာဝ...မူနေတာနေမှာပါ
တော်ကြာ...ဆိုးသွမ်းကြောင့်...မိန်ကလေးတယောက် အမူလွန်ရင်း..အပျိုကြီးဖြစ်သွားရပါတယ်ဆိုရင်...

ကြယ်ပြာ said...

ကဗျာလေးဖတ်ရင်း လွမ်းသွားတယ် ...

အမှတ်တရ စုဗူးလေးထဲမှာတော့
ငွေအကြွေစေ့လေးတွေက
အခုထိ တချွင်ချွင်နဲ့ ပိုင်ရှင်ကိုမျှော်နေတုန်းပဲ


ကျေးဇူးပြု၍
တစ်စုံတစ်ယောက်မှ သစ်ရွက်အကြွေတွေကို ဖြစ်ဖြစ်
ငွေအကြွေစေ့လေးတွေကို ဖြစ်ဖြစ်
ကတ္တရာ လမ်းမတွေကို ဖြစ်ဖြစ်
မပြောလိုက်ကြပါနဲ့
“ သူတို့ သခင်မဟာ ” ဘယ်တော့မှ မလာတော့ဘူး ဆိုတဲ့အကြောင်း

ဖတ်ရတာ Heart ထိတယ် မောင်လေးရေ ....

Anonymous said...

သခင်မ ကိုယ်ခန္ဓာမရောက်ရင်တောင် စိတ်၊ နှလုံးသားလေးက ရောက်နှင့်နေလောက်ရောပေါ့၊ သူ့မလဲ သူ့အကြောင်းနဲ့ သူတော့ရှိမှာပေါ့၊ ရင်ထဲမှာ အမြဲတမ်းရှိနေခြင်းက တသက်တာအတွက် ရှင်သန်ခြင်းဘဲမဟုတ်လား၊ ကိုယ်ချင်းစာပါတယ်၊ ချစ်သူချင်း ဆုံဆည်းမှု့ ပန်းတိုင်ကိုရောက်စေချင်ပါတယ်။

flowerpoem said...

သခင်မနဲ့ ဆုံဆည်းနိင်ပါစေ ကိုဆိုးသွမ်း

ဆိုးသွမ်း said...

:)

စာနာပေးတဲ့အတွက် အားလုံးပဲ
ကျေးဇူးပါ

mynewlife2008 said...

မင်္ဂလာပါ
ရေးလိုက်တဲပကဗျာတွေ
နာမည်နဲ့မလိုက် တော်လိုက်တာနော် သူများသားသမီတွေ လေးစာပါတယ်
ကူသွားပြီနော်
http://futuredream.ning.com/profile/Xman
တင်ပေးမလို့ပါ

နာမည်ပါထဲံ့ပေးမှာ