Wednesday, April 1, 2009

ဘာအရေးကြီးဆုံးလဲ

စီးပွားရေး အဘိုးအိုကြီးတစ်ယောက်သည် ရောဂါသည်းထန်သဖြင့် သတိရတချက် ၊ မရတချက် ဖြစ်နေ၏။ မိသားစုတွေကလည်း စိုးရိမ်ကြီးစွာ စောင့်ကြည့်နေကြသည်။ သတိတစ်ချက် လည်လာသည့် အခိုက်တွင် အဘိုးကြီးက မျက်စိဖွင့်မကြည့်ဘဲ မေးသည်။

“ အမေကြီး ရှိသလား ”

ဇနီးဖြစ်သူက လက်ကို ဆုပ်ကိုင်ပြီး....
“ ရှိပါတယ် ၊ ကျမ တချိန်လုံး အနားမှာ ရှိနေပါတယ် ”
အဘိုးကြီးက ဆက်မေးသည်။

“ သားကြီး ရှိလား ”
“ ရှိပါတယ် အဖေ ”
“ သားလတ်ရော ”
“ ကျွန်တော် ရှိပါတယ် ”
“ သမီးကြီး ”
“ ဟုတ်ကဲ့ အဖေ ”
“ သမီးငယ် ”
“ ရှိပါတယ် ဖေဖေ ”
“ သားထွေး ”
“ ဟုတ်ကဲ့ အဖေ ၊ ကျွန်တော် ရှိပါတယ် ”

အမေကြီးက ၀င်ပြောပြန်သည်။ “ အဖေကြီး ဘာပြောချင်လို့လဲ ၊ မိသားစု အားလုံး ၊ အနားမှာ စုံစုံလင်လင် ရှိကြပါတယ် ”

ထိုအခါ အဘိုးကြီးက ဒေါသတကြီး လေသံမာမာဖြင့် “ ရှိသမျှ လူအားလုံး ငါ့နားမှာပဲ လာနေကြတော့ ဆိုင်ကို ပိတ်ထားရမှာပေါ့ကွ ၊ တစ်ယောက်မှ အသုံးမကျဘူး ” ဟုပြောပြီး ဇက်ကျိုးကျသွားလေတော့သည်။

မင်းလူ ( အသပြာလုလင် ) မှ

6 comments:

မီးမီးငယ် ရဲ့  ထည်ဝါချို said...

ဟားဟားဟား

သေချာတယ်။ဒီအဖိုးသေရင်မကျွတ်တော့ဘူး။

ဒီလိုလေးတွေပြန်ရေးပါအေ။ ရယ်ရတယ်း)

Anonymous said...

သူဟာ သဝေထိုး ငရေ့ ၀စွဲ “ငွေ ” :)

flowerpoem said...

သေခါနီးစိတ်ဟာ အရေးကြီးဆုံးပါပဲနော်...

Melody said...

အမလေး ... သေခါနီး ... ဘာများပြောမလို့ လဲ ... လို့ 

ကြယ်ပြာ said...

မိုက်ပါ့ ....

testing said...

ဟောင်းနေပေမယ့်။ ရယ်ရပါတယ်။ စာတွေလာဖတ်ခဲ့ပါတယ်။