Tuesday, April 14, 2009

သင်္ကြန်ပုံရိပ်

သင်္ကြန်လား
မပျော်နိင်တာကြာပေါ့

နောက်ဆို သင်္ကြန်မပျော်ရတဲ့ ဘယ်အရပ်ကိုပဲ ဖြစ်ဖြစ် မသွားတော့ဘူး

လမ်းထိပ်မှာ ရေတိုင်ကီတွေချပြီး ကလေးတွေ စီနေမလား

ငယ်ငယ်တုန်းကလို လွယ်အိတ်လေးထဲကို ကော်ပုံလေးထည့်လွယ်ပြီး
ကော်ပြွတ်လေးတွေ ၊ စတီးပြွတ်လေးတွေနဲ့ သူငယ်ချင်းတွေ အုပ်စုလိုက်
သူများလမ်းတွေထဲ ဖိုက်တာ လုပ်ပြီး လိုက်ပက်မလား

တခါတလေ ( ဟိုဘက်ဒီဘက်တောင် ရေဗူဖောင်းတွေနဲ့ ဆော်ကြနှက်ကြသေးတယ် )

လမ်းထိပ်မှာ ဘယ်သူတွေ မူးနေကြပြီလဲ ၊ ဘယ်သူတွေ ရန်ဖြစ်နေကြသေးလဲ
ဘယ်သူတွေရော ဖျားနေကြသေးလဲ....ဘာမုန့်တွေ ကျွေးနေကြလဲ

အော်...သင်္ကြန် သင်္ကြန်

( ဘယ်တော့မှ မဆင်နွှဲရတဲ့ ဘ၀မဖြစ်ချင်တော့ပါဘူး )

“ အတာရေနှင့် အတူတူ ချစ်သော ဘလော့ဂ်ဂါ အစ်ကိုအစ်မ ၊ ညီညီမတွေ အားလုံး
ကျန်းမာချမ်းသာကြပါစေ ”

3 comments:

ကြယ်စင် said...

http://i283.photobucket.com/albums/kk281/megumi21/water.gif
http://www.geocities.com/odpnevis/fireman_animated4.gif

ပုံ နဲ့ ရေပက်လိုက်တယ်..............

Anonymous said...

ပေးတဲ့ ဆုနဲ့ပြည့်ပါရစေ အစ်ကိုလည်း ထပ်တူ ပျော်ရွှင်အေးချမ်းပါစေး)

မီးမီးငယ် ရဲ့  ထည်ဝါချို said...

အေးချမ်းပါစေ ကိုဆိုးသွမ်းရေ

သင်္ကြန်က ရန်ကုန်မှာလဲသိပ်မစည်ဘူး
တောင်ကြီးဘက်မှာတော့ စည်တယ်လို့ ကြားတယ်။

ဒီနှစ်သင်္ကြန်ကတော့ နို့ ဆီခွက်နဲ့ လဲပတ်တော့ဘူး။
ကြိုးတစ်ချောင်းအင်္ကျီတွေနဲ့  လန်းတယ်ဆရာ။
း)

ငယ်ငယ်တုန်းကလို ကျုပ်တို့ ကြည့်မြင်တိုင်လမ်းထိပ် မှာ သံချပ်တိုင်ကားတွေမကြည့်ရတာကြာလှပေါ့

်အဲဒါတော့လွမ်းတယ်ဆရာ
း)