2 years ago
Thursday, August 21, 2008
ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်မှာ တည်ရှိတဲ့ “ ဗဟိုစံပြ ငါးဈေးကြီး ” ဆိုတာ နာဂစ် မဖြစ်ခင်တုန်းကတော့ သိချင်မှ သိကြပါလိ့မ်မယ်။ ဧရာဝတီတိုင်း အနယ်နယ် အရပ်ရပ်က ငါးမျိုးစုံကို မော်တော်အသေးစား ၊ စက်လှေ ၊ ငှက် မျိုးစုံနဲ့ လာသွင်းပြီး မြန်မာနိင်ငံ အရပ်ရပ်ကို ဖြန့်ဖြုးတဲ့ နေရာတစ်ခုပေါ့။ မအူပင် ၊ ညောင်တုန်း ၊ ၀ါးခယ်မ ၊ ကျုံပျော် ၊ ငါးသိုင်းချောင်း စတဲ့ အရပ်ဒေသ မျိုးစုံက လာပို့ကြတာပါ။ လှိုင်မြစ်ကမ်း ပေါ်မှာ တည်ရှိပြီးတော့ မြန်မာနိင်ငံရဲ့ အဓိက ကျတဲ့ စားဝတ်နေရေး ဖြေရှင်းပေးတဲ့ နေရာကြီးပါ။
လူရွှင်တော် အရိုင်းပြောတာလေး တစ်ခုရှိပါတယ်......
ဝတ်ပုံစားပုံကတော့ အလုပ်သဘောအရ ၀တ်ဆင်ရပေမယ့် အထင်တော့ မသေးလိုက်ပါနဲ့။ ငါးဒိုင်မှာ လုပ်တဲ့ အတွက်ကြောင့် နေ့စဉ် စားဝတ်နေရေးအတွက် အဆင်ပြေပါတယ်။ သာမာန်ကိုယ်ကြိုက်တဲ့ ငါးတစ်ကောင်နဲ့တင် ဟင်းစားဖြစ်တာကိုး။ လစာအရ လုပ်ရတာ မဟုတ်ပါဘူး။ ပုတ်ပြက်သဘောမျိုးပါပဲ။ လစာအရတော့ တစ်ချို့တလေ ရှိပါတယ်။ တစ်ချို့ဆို လုပ်မဲ့သာ လုပ်နေကြတာ လက်ထဲမှာ လည်ပင်းမှာ လက်စွပ် ၊ ဆွဲကြိုးနဲ့။
ဒါ့အပြင် လမ်းဘေးငါးဈေးသည် တွေလည်း ရှိပါတယ်။ သူတို့ကတော့ စောနကလို အလုပ်သမားတွေက ငါးဒိုင်တွေက ရလာတက်တဲ့ ငါးတွေ ပုဇွန်တွေကို တန်းဖိုးနည်းနည်းနဲ့ ပြန်ဝယ်ပြီး လမ်းမှာ ချရောင်းကြတာပါ။ တခါတလေ သူတို့နဲ့ အတူပါလာတဲ့ ကလေးတွေကလည်း မျောက်ရှုံးအောင် ဆော့တက်ကြသလို ကမ်းနားက ငါးရှဥ့်တွေ လိုက်နှိုက်နေတာကို တွေ့ရမှာပါ။
ညဆိုရင်တော်တော်လေး ဆိတ်ငြိမ်အေးချမ်းပါတယ်။ လှိုင်းခက်သံ ၊ လေတိုက်သံလေးတွေနဲ့ တဖက်ကမ်းက မီးရောင်မှိန်မှိန်လေးတွေကိုငေး ၊ မြစ်ပေါ်က ရပ်ထားတဲ့ ပင်လယ်ကူး သင်္ဘောကြီးတွေက မီးရောင်တွေကို ငေးရင်းနဲ့ ညခင်းအလှကတော့ ကြည်နှုးဖို့ကောင်းပါတယ်။ ခွင့်ပြန်လာတိုင်းလည်း အဲဒီနေရာလေးကို အချိန်ပေးပြီး သွားထိုင်ဖြစ်ပါတယ်။ သူတို့တွေရဲ့ ဘ၀နဲ့ လုပ်ငန်းအကြောင်းကို သိချင်တာရယ်နဲ့ သဘာဝအလှကို ခံစားကြည့်ချင်လို့ပါ။ တလောက နာဂစ်ဖြစ်သွားတုန်းက ကျွန်တော်သွားထိုင်တက်တဲ့ ဘောတံတားကြီးတောင် ပက်လက်ကြီးကို ဖြစ်လို့။
လူရွှင်တော် အရိုင်းပြောတာလေး တစ်ခုရှိပါတယ်......
“ ဗဟိုစံပြ ငါးဈေးကြီးဆိုတဲ့ အတိုင်း အထဲမှာကလည်း ငါးဈေးတွေက တကယ်ကြီးတာကိုးဗျ ” တဲ့။
အဲဒီနေရာလေးက ၂၄ နာရီ ငါးလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ အမြဲတမ်းအသက်ဝင်နေတဲ့ နေရာလေး။ ညဖက် စားသောက်ဆိုင်တွေလည်း ရှိတယ်။ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အဲဒီက အလုပ်သမားတွေ ဗိုက်ဆာရင် အဆင်ပြေအောင်ရယ် ရောင်းလည်း ရောင်းရတာကြောင့် လမ်းဘေးဆိုင်မျိုးလေးတွေ ဖွင့်ထားကြတာပါ။ နှစ်ဦး နှစ်ဖက်လည်း အဆင်ပြေကြပါတယ်။ ထန်းတပင် ၊ လှိုင်သာယာ လောက်က သီရိမင်္ဂလာဈေးကို သွားလို့ပဲ ဖြစ်ဖြစ် ၊ ဒီဈေးကြီးကိုပဲ လာလာ လိုင်းကားမှန်သမျှက ကမ်းနားလမ်းကနေ ဖြက်မောင်းရတာကြောင့် နေ့ညမပြက် အသက်ဝင်နေပါတယ်။ ခရီဝေးက လာရတော့ သူတို့က ကားအစောကြီး ထစီးရတာ ကြောင့်လည်း လူမပြက် ဖြစ်နေတာပါ။
ဈေးထဲကို ၀င်သွားမယ် ဆိုရင် ဘောလုံးသမားတပိုင်း ၊ မြိုင်ရာဇာတွက်ပီ တပိုင်း လူကြီး လူငယ် မျိုးစုံကို တွေ့ရပါလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ အဲဒီရှိသမျှ ငါးဒိုင်တွေမှာ အလုပ်လုပ်တဲ့ လူအားလုံးဟာ အပေါ်ပိုင်းက ဘောလုံးအကျီဈေးပေါပေါကို အပေါ်အောက် ၀တ်ဆင်ပြီး အောက်ကတော့ တောဘွတ်လို့ ခေါ်တဲ့ ကြက်ပေါင်လည်ရှည် ဖိနပ်ကို အမြဲဝတ်ဆင်ထားကြပါတယ်။ ဒီလိုဝတ်မှလည်း သူတို့လို အညှီအနံတွေ လုပ်တဲ့ သူအတွက် လုပ်ရကိုင်ရာ သက်သာတာ မဟုတ်လား။ တစ်ချို့တလေကျတော့ ဘက်စကတ်ဘောသမား တွေလို တမျိုး ၊ စွပ်ကျယ် တွေဝတ်ထားတက်ကြပါတယ်။
ဈေးထဲကို ၀င်သွားမယ် ဆိုရင် ဘောလုံးသမားတပိုင်း ၊ မြိုင်ရာဇာတွက်ပီ တပိုင်း လူကြီး လူငယ် မျိုးစုံကို တွေ့ရပါလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ အဲဒီရှိသမျှ ငါးဒိုင်တွေမှာ အလုပ်လုပ်တဲ့ လူအားလုံးဟာ အပေါ်ပိုင်းက ဘောလုံးအကျီဈေးပေါပေါကို အပေါ်အောက် ၀တ်ဆင်ပြီး အောက်ကတော့ တောဘွတ်လို့ ခေါ်တဲ့ ကြက်ပေါင်လည်ရှည် ဖိနပ်ကို အမြဲဝတ်ဆင်ထားကြပါတယ်။ ဒီလိုဝတ်မှလည်း သူတို့လို အညှီအနံတွေ လုပ်တဲ့ သူအတွက် လုပ်ရကိုင်ရာ သက်သာတာ မဟုတ်လား။ တစ်ချို့တလေကျတော့ ဘက်စကတ်ဘောသမား တွေလို တမျိုး ၊ စွပ်ကျယ် တွေဝတ်ထားတက်ကြပါတယ်။
ဝတ်ပုံစားပုံကတော့ အလုပ်သဘောအရ ၀တ်ဆင်ရပေမယ့် အထင်တော့ မသေးလိုက်ပါနဲ့။ ငါးဒိုင်မှာ လုပ်တဲ့ အတွက်ကြောင့် နေ့စဉ် စားဝတ်နေရေးအတွက် အဆင်ပြေပါတယ်။ သာမာန်ကိုယ်ကြိုက်တဲ့ ငါးတစ်ကောင်နဲ့တင် ဟင်းစားဖြစ်တာကိုး။ လစာအရ လုပ်ရတာ မဟုတ်ပါဘူး။ ပုတ်ပြက်သဘောမျိုးပါပဲ။ လစာအရတော့ တစ်ချို့တလေ ရှိပါတယ်။ တစ်ချို့ဆို လုပ်မဲ့သာ လုပ်နေကြတာ လက်ထဲမှာ လည်ပင်းမှာ လက်စွပ် ၊ ဆွဲကြိုးနဲ့။
ဒါ့အပြင် လမ်းဘေးငါးဈေးသည် တွေလည်း ရှိပါတယ်။ သူတို့ကတော့ စောနကလို အလုပ်သမားတွေက ငါးဒိုင်တွေက ရလာတက်တဲ့ ငါးတွေ ပုဇွန်တွေကို တန်းဖိုးနည်းနည်းနဲ့ ပြန်ဝယ်ပြီး လမ်းမှာ ချရောင်းကြတာပါ။ တခါတလေ သူတို့နဲ့ အတူပါလာတဲ့ ကလေးတွေကလည်း မျောက်ရှုံးအောင် ဆော့တက်ကြသလို ကမ်းနားက ငါးရှဥ့်တွေ လိုက်နှိုက်နေတာကို တွေ့ရမှာပါ။
ညဆိုရင်တော်တော်လေး ဆိတ်ငြိမ်အေးချမ်းပါတယ်။ လှိုင်းခက်သံ ၊ လေတိုက်သံလေးတွေနဲ့ တဖက်ကမ်းက မီးရောင်မှိန်မှိန်လေးတွေကိုငေး ၊ မြစ်ပေါ်က ရပ်ထားတဲ့ ပင်လယ်ကူး သင်္ဘောကြီးတွေက မီးရောင်တွေကို ငေးရင်းနဲ့ ညခင်းအလှကတော့ ကြည်နှုးဖို့ကောင်းပါတယ်။ ခွင့်ပြန်လာတိုင်းလည်း အဲဒီနေရာလေးကို အချိန်ပေးပြီး သွားထိုင်ဖြစ်ပါတယ်။ သူတို့တွေရဲ့ ဘ၀နဲ့ လုပ်ငန်းအကြောင်းကို သိချင်တာရယ်နဲ့ သဘာဝအလှကို ခံစားကြည့်ချင်လို့ပါ။ တလောက နာဂစ်ဖြစ်သွားတုန်းက ကျွန်တော်သွားထိုင်တက်တဲ့ ဘောတံတားကြီးတောင် ပက်လက်ကြီးကို ဖြစ်လို့။
Labels: ကျွန်တော်၏...အတွေးများ
Subscribe to:
Post Comments (Atom)
5 comments:
Damu pa kmu to?.. Nano ni klase blog man?
ကျမ အဖေက ကီလီငါးဈေးမှာ ကတည်းက ငါးဒိုင် လုပ်ငန်းလုပ်ပါတယ်။ အခု စံပြငါးဈေးကြီးမှာ အကိုတွေက ငါးဒိုင် လုပ်ငန်းဆက်လုပ်နေပါတယ်။ ကျမ 95 ခုနစ်လောက်တုံးက အကိုတွေနဲ့လိုက်ပြီး အဲ့ဒီမှာ ဈေးရောင်းဖူးပါတယ်။ ကျမတို့မိသားစုရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးတဲ့ နေရာဖြစ်ရုံသာမက အဖေပြောသလို ဒီထဲကနေ ပညာတွေသင်ခဲ့ရတာမို့ ဒီPost လေးအတွက် ကျေးဇူးတင်ပါတယ်။
လိုက်ပို့ မှာတကယ်ဟုတ်း) စိတ်ဝင်စားစရာလေ တစ်ခါခါ မလှဘူးထင်ရတဲ့ အရာတွေက သဘာဝအလှတရားတွေထပ်တောင်ပိုအသက်
ဝင်သေးတယ်
အဝေးကြီးမှာမဟုတ်ဘူး ကိုယ့်နားမှာပါပဲ ဒါကိုကျနော်တို့ မေ့နေတက် တယ် ။
ဒီနေရာလား... မကြာခဏ ဖြတ်သွားနေကြပဲလေ။
ရောက်ဖူးလား... ရောက်ဖူးတာပေါ့။
ဘာသွားလုပ်တာလဲ... ဒီလိုပါပဲ အလှူအတွက် ငါးတွေ သွားဝယ်တာပေါ့။ ကျောင်းအတူတူ တက်ခဲ့တဲ့ သူငယ်ချင်းတွေလည်း ရှိတယ်လေ။ တချို့က ငါးဒိုင်တွေပေါ့။ တချို့ကတော့ အလုပ်သမားပါ။
ကမ်းနားရော ဆင်းဘူးလား... လှိုင်မြစ်ကမ်းဆိုတာ သူငယ်ချင်းတွေနဲ့ မနက်ရော ညရော နေ့လည်ရော အားရင် အားသလို ထိုင်ဖူးတာပေါ့ဗျာ။ ရေတော့ ဆင်း မကူးဘူး။
ဟိုဘက်ကမ်းရော... နာဂစ်အပြီးမှာ သွားလိုက်ရတာ ချောင်းပေါက် မတက်ပဲ။ လှိုင်မြစ်ကြီး ရှိနေပြီးသား ဖြစ်နေလို့ နောက်ထပ် ချောင်း ပေါ်မလာတာ။
ဘောလုံးသမားတစ်ပိုင်း မြိုင်ရာဇာတွတ်ပီ တစ်ပိုင်းဆိုတဲ့ အသုံးအနှုံးလေးကို သဘောကျမိတယ် :)
Post a Comment