Tuesday, August 12, 2008

စိတ်


ကျွန်တော်နဲ့ ခပ်ဝေးဝေးမှာ လူတစ်ချို့ရှိနေကြသည်။ စူးစမ်းလိုစိတ်ဖြင့် ကျွန်တော် စိုက်ကြည့်မိတော့ အော် မြန်မာတွေကိုး ။ ဟုတ်တယ် ဒါမြန်မာတွေ ။ မြန်မာစကားပြောတယ် ၊ ဆန်စားတယ် ၊ ဘာသာတရား ကိုင်းရှိုင်းတယ် ၊ ယဉ်ကျေးသိမ့်မွေ့တယ် ၊ ကူညီတက်တယ် ၊ အားနာတက်တယ် ။ ပေးကမ်းစွန့်ကျဲ တဲ့စိတ်ရှိတယ် ၊ မဟုတ်မခံတက်တဲ့ ဟန်ပန်ရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ရပ်နေရာ ဒေသနှင့် ကျွန်တော် ဝေးကွာပေမယ့် ကိုယ့်လူမျိုးခြင်း ခင်မင်ရင်းနှီးသော စိတ်အခြေခံဖြင့် ရင်းနှီးခင်မင်စွာ နုတ်ဆက်ဖြစ်ခဲ့သည်။

အပြန်အလှန် အားဖြင့်၎င်း ၊ မတက်သာသော အားဖြင့်၎င်း ပြန်လည်နုတ်ဆက်ကြသလို တစ်ချို့ဆိုလျှင် မတူမတန် သလို အားဖြင့်၎င်း တုံပြန်ပြောဆိုတက်ကြသည်။ ထားတော့ လူတစ်ကို စိတ်တစ်မျိုး ဆိုကြသည့်အတိုင်း အထူးတလှယ် မခံယူလိုက်။ တစ်ယောက်နှင့် တစ်ယောက် ခယနေဖို့ မလို ၊ အောက်ကျို့နေဖို့ မလို ၊ သို့သော် အပြန်အလှန် လေးစားမှု ရှိနေသင့်ကြသည်။

လူတစ်ယောက်၏ စိတ်ဓတ်အမှန်ကို သိနိင်ဖို့ မလွယ်ကူပေမယ့် သူ၏ လုပ်ရပ်များက စိတ်ဓတ်ကို ဖော်ပြနေတက်ကြသည်။ လူတိုင်း လူတိုင်းမှာ ကိုယ့်ခံယူချက်နှင့်ကိုယ် ၊ ကိုယ့်ယုံကြည်မှုနှင့် ကိုယ် ရှိသည်။ လွတ်လပ်စွာ နေထိုင်နိင်သည်။ လွတ်လပ်စွာ ပြောဆိုလုပ်ကိုင် နိင်ပါသည်။ သို့သော် စကားပြောတက်ဖို့ လိုအပ်သည်။ “ အသုံးမကျဘူး ” ဟုပြောမည့်အစား “ လုပ်ပုံကိုင်ပုံမှားနေတယ်ဟု ” ထောက်ပြပေးသင့်သည်။

လူဆိုးတစ်ယောက်သည် လူကောင်းဖြစ်ရန် အလားအလာရှိသည်။ သို့သော် နဂိုကောင်းနေသည့်လူ လူဆိုးဖြစ်သွားလျှင် လူကောင်းပြန်ဖြစ်ရန် လွယ်ကူမည်မဟုတ်ဟု ကျွန်တော် ထင်မြင်မိသည်။ အဓိက ပြဿာနာက ဘာလဲ ဆိုတာ မသိဘဲနှင့် လူတွေအား မကောင်းမပြောသင့်ကြောင်း တွေးထင်မိပါသည်။


2 comments:

Apprenticeship said...

သိပ်မှန်တာပေါ့.. အချင်းချင်းလေးစားမှုက အရမ်းအရေးကြီးတယ်.. အဲဒီထက် မိမိကိုယ်မိမိ လေးစားမှုက ပိုအရေးကြီးတယ်.. အဲဒါမှ ကိုယ်ပြောတဲ့ စကားတွေ အပေါ်တာဝန်ယူနိုင်မှုနဲ့ တာဝန်သိတတ်သူတွေ ဖြစ်လာမှာပေါ့... ဟုတ်ဘူးလား..

Anonymous said...

ဟုတ်တယ် အစ်ကို ဒီလိုခံစားချက်မျိုး အပြင်မှာနေတဲ့ သူတွေ ပိုသိတာပေါ့ အစ်ကိုပြောသလိုမျိုးပဲ နားလည်ပေးလိုက်တယ် ။အဆင်ပြေသွားတာပါပဲး)