Thursday, August 28, 2008

ဒီတခါရဲ့ နွေရာသီ


ဒီတခါ နွေရာသီဟာ
ခါတိုင်းထက် ပိုတိတ်ဆိတ်မယ်
ခါတိုင်းထက်လည်း သစ်ရွက်တွေ ကြွေပါလိမ့်မယ်
ဒဏ္ဍာရီ

လေမတိုက်ဘဲလည်း သစ်ရွက်တွေ
ကြွေတဲ့ အခါ
ငါ့အလွမ်းတွေလို့ မှတ်ပါ

မပျော်ပိုက်တဲ့ အရပ်မှာ
ဂစ်တာအိုနဲ့ ပေါ့သီချင်းတပုဒ်ကို တီးခက်တိုင်းလည်း
ငါ့မျက်ရည်တွေလို့ သဘောထားပေးပါ ဒဏ္ဍာရီ

နွေရာသီဟာ
ကြေငြာခမပေးပဲ ငါတို့ကို ခွဲပစ်တော့မယ်
နွေရာသီဟာ
ငါတို့ အလွမ်းတွေကို ပျက်ရည်ပြုတော့မယ်
နွေရာသီဟာ
ဘ၀ နှစ်ခုရဲ့ ပျော်ရွှင်မှု့ကို အဆုံးသတ်ပေးတော့မယ်
နွေရာသီဟာ
လက်နှစ်ဖက်ကိုဆန့်ရင်း အများကြီးချစ်တာပေါ့လို့ ပြောတဲ့မင်းကို
တွေ့ခွင့်မပေးတော့ဘူး ဒဏ္ဍာရီ

ဒီတခါ နွေရာသီဟာ.........


5 comments:

နှင်းပွင့်ဖြူ said...

ဒီတစ်ခါ နွေရာသီမှာ ....
မနှစ်က ယူသွားတဲ့ အကြွေးတွေ
ပြန်မရရင် ဆုံးပြီလို့ သတ်မှတ်လိုက်ပါ
ဒဏ္ဍာရီ.......

း) ကဗျာလေးက ဖတ်ရတာ ဆွေးသလိုလိုနဲ့
ဟတ်ဟတ်

Anonymous said...

အစ်ကို..နွေးကျောင်းပိတ်ရက်ကုန်လို့  ကျောင်းတက်ရမှာ ပျင်းနေတယ်ထင်တယ် ဟီးးး ဒါကြောင့် ဒီလိုကဗျာလေးတွေထွက်လာတယ် ဆွေးဆွေးလေးး)

Moe Hlaing Nya said...

ဒီတစ်နွေတော့
အလွမ်းနဲ့ကြွေရမှာလား…
လက်ဘက်ရည်နဲ့ကြိုရမှာလား … ကိုဆိုးသွမ်းရ
အစ်ကို ကဗျာဖတ်ပြီး လွမ်းမိတာတော့အမှန်ပဲ…။

Unknown said...

ကဆိုးသွမ်းရေ... ကဗျာလေးကောင်းတယ်ဗျာ။
လက်နှစ်ဖက်ကိုဆန့်ရင်း အများကြီးချစ်တာပေါ့လို့ ပြောတဲ့မင်းကို
တွေ့ခွင့်မပေးတော့ဘူး ဒဏ္ဍာရီ
....ဆိုတဲ့ အသုံးကို ကျွန်တော် ကြိုက်တယ်ဗျ.....

Apprenticeship said...

နွေဦး မပေါက်တော့ဘူးလားကွာ... :D :P စာသားတွေက အရမ်းကောင်းတယ်....။