Thursday, August 7, 2008

ဂုဏ်အင်္ဂါရပ်

မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ဒီလို ပြောခဲ့ဖူးသလား။

“ ငါ့ရဲ့ မျက်နှာက ဒါမျိုးမဟုတ်ရင် ၊ ကိုယ်လုံးက ဒါမျိုးမဟုတ်ရင် ၊ နှာခေါင်းက ဒါမျိုးမဟုတ်ရင် ကောင်းမှာပဲ ” ကိုယ့်ဘ၀ကို ပြန်တွေးပြီး သင်ဒီလို ပြောခဲ့ဖူးသလား ။


“ ဘာကြောင့်များ တခြားသူတွေ သိပ်ပြီးတော့ ပါရီမီထူးနေကြ ၊ ဥာဏ်ရည်တွေ ထက်မြက်နေကြရတာလဲ ” ငါကရော ဘာကြောင့် သူတို့လဲ မဖြစ်ရတာလဲ ” ဆိုတဲ့ အတွေး ကျွန်တော်တို့ တော်တော်များများ တွေးဖြစ်ကြပါလိမ့်မည်။

ဒါပေမယ့် ဒီနေရာမှာ အလွန်အရေးကြီးတဲ့ အချက်က -

ပင်ကို အရည်အချင်းရှိတာ ၊ ရုပ်ရည်ချောမောတာ အလွန်အသုံးကျပါတယ်။ သို့သော် ဥာဏ်ကောင်းသူတွေ ၊ ရုပ်ရည်ချောမောသူတွေ ကမ္ဘာပေါ်မှာ အများကြီးပဲ။ ဒါပေမယ့် အဲဒီလူတွေကို ကျွန်တော်တို့ အားကျနေဖို့ မလိုပါဘူး။ တချို့သော ဥာဏ်ကောင်းသူ ၊ ရုပ်ရည်ချောမောသူတွေဟာ စိတ်ကသိကအောက် ဖြစ်စရာတောင် ကောင်းပါသေးတယ်။

အေဘရာဟမ် လင်ကွန်း ၊ မာသာ ထရီဇာနဲ့ မဟတ္တမ ဂန္ဓီ တို့လို့ သမိုင်းမှာ လူကြည်ညို လေးစားခံရသူတွေဟာ ရုပ်ရည်လည်း မချောကြပါဘူး။ ဥာဏ်လည်း အထူးကောင်းသူတွေ မဟုတ်ကြပါဘူး။ ရုပ်ရည်ချောတာ ၊ ဥာဏ်ကောင်းတာတွေထက် ကျွန်တော်တို့ တန်ဖိုးအထားဆုံး အရည်အချင်းကတော့ ရိုးသားခြင်း ၊ သတ္တိရှိခြင်း ၊ ဇွဲရှိခြင်း ၊ စိတ်ထားမွန်မြတ်ခြင်း နှင့် မိမိကိုယ် မိမိ နှိမ့်ချခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီအရည်အချင်းတွေကို ကြည့်လိုက်ရင် သင်ဟာ ဒီအချက်တွေနဲ့ ပြည့်စုံပြီး မွေးဖွားလာတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအရည်အချင်းတွေကို ပြုစုပျိုးထောင် ယူရပါမယ်။

ကိုယ်ပိုင် ရိုးသားမှု ၊ ဆုံးဖြက်နိင်မှု ၊ စိတ်ထားမွန်မြက်မှု ၊ နှိမ့်ချဆက်ဆံတက်မှု ၊ သတ္တိရှိမှုတို့ကို ကိုယ့်ဘာသာကိုယ် ပြုစုပျိုးထောင် ဖို့ပဲ ဖြစ်ပါတယ်။

“ ကိုယ့်ကို ကိုယ် ဘယ်လိုခံစားမိသလဲဆိုတာ ကိုယ့်လက်ထဲမှာပဲ ရှိတယ် ”


1 comments:

Anonymous said...

ဒီဘာသာပြန်ပို့ စ်လေးအတွက် ကျေးဇူး အစ်ကို ရောင့်ရဲတက်ဖို့ လိုတယ်ဆိုတာသိသွားသလိုပဲး)