Friday, August 22, 2008

သူငယ်ချင်း ( ၁ ) - “ ငါ သူ့ကို....လမ်းခွဲ ချင်နေပြီဟာ ”

“ သူက တစ်ကိုယ်ကောင်း ဆန်တယ် ၊ မြာပွေတယ် ၊ ပြီးတော့ ရမ်းကားတက်တဲ့ အကျင့်လည်း ရှိတယ်ဟ ”
အဲဒီတော့...ဟာ

သူငယ်ချင်း ( ၂ ) - “ အဲဒီတော့ ဘာဖြစ်လည်း ”

သူငယ်ချင်း ( ၁ ) - “ နင်က ငါ့သူငယ်ချင်းဆိုတော့ ငါတိုင်ပင်တာပါ....ငါကို ၀ိုင်းစဉ်စားပေးပါဟာ နော် ”

သူငယ်ချင်း ( ၂ ) - “ ဟုတ်ပြီ...ဒီလောက်တောင် ဖြစ်နေရင် ဒီလို ယောင်္ကျားမျိုး တသက်လုံး မပေါင်းနဲ့ ၊ ဖြတ်ပစ်လိုက် ၊ ငါလည်း သဘောမတူဘူး ”

တလလောက်နေတော့...... ( ကွယ်ရာ ကနေ )

ကိုကို..... “ ကိုကိုနဲ့ ရန်ဖြစ်တုန်းက ဖြတ်ဖို့ပြောတာ သူပေါ့ ”

ခင်ဗျား ဒါမျိုး ဖြစ်ဖူးသလား ။ သူငယ်ချင်း ရည်စား နှစ်ယောက် လမ်းခွဲကြတော့မယ်။ တစ်ယောက်ယောက်က ခင်ဗျားဆီက အကြံဥာဏ်တောင်း ကြတယ်။ ဒါကို ခင်ဗျားကလည်း စိတ်ထဲ ရှိတဲ့ အတိုင်း ပြောလိုက်တယ်။ အမှန်က ခင်ဗျားက သူတို့ကို ကူညီဖို့ ကြိုးစားပေးတာပါ။ နောက် ၁ ပတ် ၊ ၁ လ လောက်မှာ သူတို့ ပြန်တည့်နေကြပြီး နှစ်ယောက်စလုံးက ခင်ဗျားကို မုန်းသွားနိင်ကြဖို့ ဖြစ်လာပါလိမ့်မယ်။

ဒီနေရာမှာ သင်ခန်းစာက....

“ ဆက်ဆံရေးနဲ့ ပတ်သက်လို့ သူငယ်ချင်းတွေကို အကြံပေးတဲ့ အခါ သတိထားပါ ၊ မိုင်းကွင်းထဲ လမ်းလျှောက်သလို နင်းမိတာနဲ့ ပေါက်ကွဲတက်ပါတယ် ”

4 comments:

ဖြိုးငယ် said...

ဟုတ်တယ်အကိုရေ ...အဲဒါ ၀င်လို့ မကောင်းတဲ့
ကြားတွေလေ ...

Anonymous said...

ကြား ၃ ကြား မ၀င်တာပဲ ကောင်းတယ် အဲ့လိုတစ်ခါဖြစ်ဖူးလို့ နောက်များတော့.................

Chaos said...

တိုက်တိုက်ဆိုင်ဆိုင် အဖြစ်အပျက်ကိုကြုံနေတုန်း ဖတ်လိုက်ရတာ
ကိုယ်တွေ့သင်ခန်းစာအပြင် စာတွေ့တွေရော
အစုံပလုံရနေတယ်

ရွှန်းမီ said...

အင်း.. ကိုဆိုးသွမ်း.. ကိုဆိုးသွမ်း..
အဖြစ်တွေက ဆိုးသွမ်းလွန်းပါတယ်..
=) စာတွေကလည်း ဆိုးဆိုးသွမ်းသွမ်းကို ဖတ်လို့ကောင်းတယ်.. အဟဲ။