5 years ago
Friday, August 15, 2008
ရောက်ရှိလို့ လာပါတော့တယ်။ ရမ်ဘိုလို ကာဘိုင်သေနတ်ကိုကိုင် ၊ နဖူးမှာ အ၀တ်နီကြီးစည်း ၊ ကိုယ်ပေါ်မှာလည်း ကျည်ဆံတွေ အတွဲလိုက် ၊ အံကြီးကြိတ်ပြီး ချွေးတွေ သွေးတွေနဲ့ မျက်လုံးကြီး ပြူးပြီးကြည့်နေလိုက်တာ သူ့ဘေးမှာလည်း မင်းသမီးက မြေပေါ်မှာ ဖရိုဖရဲနဲ့ အနောက်က ဂျပန်တွေက အုပ်စုလိုက်ကြီး လိုက်နေတဲ့ ပိုစတာကြီးကိုလည်း တွေ့ရော “ ဟ....မောင်ဆိုးသွမ်းတို့ သိပ်စိတ်ဝင်စားသွားတာပေါ့ ” ။ ဒါနဲ့ ဘယ်အချိန်ပြမှာလဲ ဆိုတာသွားကြည့်ရင်း သူငယ်ချင်းကိုပါ အဖော်စပ်လိုက်တယ်။ ဒီကောင်ကလည်း လာထားပဲ။ ဘောကန်လည်း အတူတူ ၊ အရုပ်ပစ်လည်း အတူတူ ၊ ဂေါ်လီရိုက်လည်း အတူတူ ဆိုတော့ ချန်ထားခဲ့လို့ မရဘူး။
လာပါပြီ....စပြီဆိုတာနဲ့တင် ကိုသီဟတင်စိုးကြီးက “ ငါတို့ မျိုးချစ်တပ်သားတွေဟာ ကျူးကျော်လာတဲ့ နယ်ချဲ့ ဖက်ဆစ်တွေကို...ဘာဖြစ်မယ် ညာဖြစ်မယ် နဲ့ စလိုက်တာ ဆိုးသွမ်းတို့လည်း ကြည့်တာပေါ့။ ကျူးကျော်လာတဲ့ ဖက်ဆစ်တွေကို လူလေး ၅ ယောက် ၆ ယောက်လောက်နဲ့ ဟိုက တပ်ခွဲတစ်ခွဲလောက် ရှိတာကို အတင်းတိုက် ၊ ဒိုင်းနမိုက်နဲ့ ပစ် အားလားလား သီဟကြီးကွ ။ မနိင်ဘူးဆိုတာ မရှိဘူး။ နောက်ဆုံး ဘယ်သူမှ မကျန်ရင်တောင် သူကျန်ခဲ့မှာ သိနေတော့ အပြက်အားပေး လိုက်တယ်။ စရိုက်လေးက အဲဒီကတည်းက ပစ်ချင်ခက်ချင်နေတာ။ ဗုံးကို ခွဲလိုက်ရင် ကားခနဲ့ မြှောက်သွားတဲ့ နယ်ချဲ့ဖက်ဆစ်တွေ ကြည့်ပြီး “ သေစမ်း ၊ ရွာသားတွေ နှိပ်စက်တဲ့ကောင် ၊ မုဒိမ်းကျင့်တဲ့ကောင် ၊ ရွာကို ဖျက်ဆီးတဲ့ကောင် ” စသည်ဖြင့် စိတ်ထဲက ကြုံးဝါးပြီး သူတို့သေတာကို ၀မ်းသာနေခဲ့တာ။
နောက်ဆို ဘယ်ကားမှ မကြည့်တော့ဘဲ သီဟတင်စိုးမှ သီဟတင်စိုး။ နောက်ဆုံး မှတ်မိတဲ့ တစ်ကားဆို ဖက်ဆစ်တွေနဲ့ နောက်ဆုံးခန်းမှာ သီဟတင်စိုးနဲ့ နောက်တစ်ယောက်ပဲ ကျန်တော့တာ။ အဲဒီအချိန် နယ်ချဲ့တပ်ကြီးကလည်း ချီလာပြီ။ စစ်ကူကလည်း မလာသေး။ ဒီတခါတော့ ငါ့တို့ကောင်ကြီး ဂိန်ပြီနဲ့ တူပါတယ်ကွာ ဆိုပြီး ၀မ်းနည်းနေတာ။ အမယ် ဒါရိုက်တာက ဘယ်လက်ခံမလဲ ။ သီဟတင်စိုးက စစ်သီချင်းထဆိုတာ ဘာတဲ့ “ ရင်ဆိုင်မယ်လေ ရင်ဆိုင်မယ်လေ....ရေဆန်အတူ ဖြက်မယ် ဆိုတဲ့မင်း ” မှားလို့ ဒါက အငဲဆိုတာ။ :P မမှတ်မိတော့ပါဘူး ဘာသီချင်းမှန်း။ ဒါပေမယ့် သူတို့နှစ်ယောက်က အားနဲ့မာန်နဲ့ အကျယ်ကြီး အော်ဆိုလိုက်တာကြောင့် ဖက်ဆစ်တပ်တွေက တော်လှန်ရေးသမားတွေ အများကြီး ရှိတယ်ထင်ပြီး နေရာယူနေတာ။ မတိုက်ရဲတော့ဘူး။ ဒါနဲ့ ကိုသီဟတို့လည်း စစ်ကူတွေ လာဖို့ အချိန်ရသွားပါတော့တယ်။ အဲဒီအခန်းလေးကို စိတ်ထဲမှာ အခုထိ မြင်ယောင်နေတုန်းပါပဲ။
ဒါက ကလေးဘ၀က ဖြစ်ရပ်လေးတွေပါ။ ၁၀ တန်းတွေ ဘာတွေရောက်လာတော့ ဒွေးတို့ ၊ ရဲအောင် တို့ အပြိုင်အဆိုင်ပေါ်လာတော့ ဒွေးကို အားပေးတာပေါ့။ ဒါပေမယ့် ရွှေဘက ရွှေဘပဲ ဆိုသလို့ ကိုသီဟကားတွေကို ငှားပြီး ကြည့်မိပါတယ်။ မြန်မာနိင်ငံ လွတ်လပ်ရေး ရတာ ၁၉၄၈ က ဆိုပေမယ့် ကိုသီဟတင်စိုးကြီးကတော့ အခုထိ တော်လှန်နေတုန်းပါပဲ။ ဒါကလည်း သူ့စတိုင်ပေါ့လေ။ အဲဒီအချိန်ကတည်းက တိုင်းတပါးသားကို မုန်းတဲ့ စိတ် ကျွန်တော့်မှာ ရှိနေခဲ့တာပါ။ အသားလွတ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျူးကျော်လာတဲ့ သူတွေကိုပေါ့။
ဒါဟာလည်း စိတ်ထဲမှာ ခဏတာနဲ့ပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ စာမေးပွဲဖြေပြီး ၁၀ တန်းအောင်ရင် တက္ကသိုလ်တက်မယ်ပေါ့။ ဒွေးက အဲဒီအချိန် ကင်းကောင် ၊ ပိုးဖြူ ၊ ငှက်ပျော်ကြော် ၊ တို့နဲ့ တက္ကသိုလ်ဟာသ အချစ်ဇာတ်လမ်းတွေ ရိုက်နေတော့ ဒါလားပေါ့ တက္ကသိုလ်။ အိုကေ...ကြိုက်တယ်။ ကောင်မလေးတွေကို ဘယ်လို ကြောင်မယ် ၊ ဘယ်လိုဟာသ လုပ်မယ် ၊ ကျောင်းကလုပ်တဲ့ ဘောလုံးပွဲမှာ ဘယ်လို ခြေစွမ်းပြမယ် ဘာညာနဲ့ ၁၆ နှစ်သားဘ၀ စိတ်ကူးယဉ် ဖဲရိုက်နေတာပေါ့။ ဒါပေမယ့် ကိုသီဟကြီး ဗီဒီယိုကားတွေတော့ ကြည့်ဖြစ်နေတုန်း။
လာထား ဆိုးသွမ်းတို့ ၁၀ တန်းအောင်ပြီ။ အမှတ်စာရင်းထုတ် - ၅ ဘာသာ ရမှတ် ၃၂၀ နဲ့ ။ အမယ် မဆိုးဘူးဟ။ ရေကြောင်းသိပံ္ပ ၊ ဂျီတီအိုင် ၊ ဘာညာ လျှောက်မယ်။ အခုလောလောဆယ်တော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ။ စပီကင် သွားတက်လိုက်မယ်ဆိုပြီး တောင်လုပ်မြောက်လုပ်နဲ့ ။
နောက်တော့ အိမ်ကိုလာနေတဲ့ အဒေါ်က သူ့သားတက်နေတဲ့ စစ်တက္ကသိုလ် ကိုတက်ခိုင်းလိုက်တာပါပဲ။ သေနတ်တွေ ဗုံးတွေ ပစ်ရတာ လက်ညိုးလေး ကွေးတက်တာနဲ့တော့ ပစ်လို့ရပါတယ်။ ဒါပေမယ့် နားတော့ တော်တော်အူပါတယ်။ အော်...ကိုသီဟ ကိုသီဟ။ ခင်ဗျားကတော့ ပစ်လိုက်တာ ကြဲလိုက်တာ။ တကယ်လုပ်ကြည့်မှ မလွယ်ဘူးဗျ။ ကျောင်းတက်တုန်းက ပထမဆုံး ဗုံးပစ်သင်ခန်းစာ ၀င်တော့ ဗုံးတွေ မြင်ပြီး ဒူးတုန်သလိုလို ၊ အပေါ့သွားချင် သလိုလိုနဲ့။ တကယ်လည်း ပစ်ရော ။ သူတို့သင်ပေးထားသလို လုပ်လိုက်တော့လည်း လွယ်ပါတယ်။ “ ရော့ကိုင်ထား ။ ကလစ်ကို မလွတ်နဲ့ ။ ပင်ဖြုတ် ။ ပစ် ၊ ၀ပ် ၊ အုန်း ။ ဒါပဲ။ မြန်လိုက်တဲ့ ပစ်ချက်။ ဟဟ။ ”
အဲဒါနဲ့ပဲ သီဟတင်စိုး ရိုက်ပြခဲ့တဲ့ နယ်ချဲ့တွေကို တော်လှန်တာတွေ ကြည့်ပြီး စစ်ထဲ ရောက်ခဲ့တဲ့ ကျွန်တော် ။ တိုက်ပွဲ မတိုက်ဘူးခဲ့ပေမယ့် တောစီးဖိနပ် ၊ ကျောပိုးအိတ် နဲ့ အီကွစ်မန့်ကို ၀တ်ကာ သေနတ်ကိုင်ရင်း ရှေ့တန်း ထွက်ခဲ့ဖူးပါသည်။ လည်ပင်းမှာ အနီပတ်စည်းလိုက်တာနဲ့ တက်ကြွနေခဲ့သည်။ ကျွန်တော် ထွက်ခဲ့ရာ ရှေ့တန်းဒေသ တစ်လျှောက် အယဉ်ကျေးဆုံး ၊ စေတနာ ထား၍ ဆက်ဆံခဲ့သည်။ မတရားတာလည်း ဘာမှ မလုပ်ခဲ့။ ထမင်းငတ်လျှင် သစ်ခုတ်ပြီး ရောင်းစားသည်။ ရဲဘော်တွေကို ထမ်းခိုင်း ၊ကိုယ်က လက်ပိုက်ကြည့်နေခဲ့တာ မဟုတ် ၊ ကျွန်တော်ကိုယ်တိုင် လွှဝင်ဆွဲသည်။ ချောက်ထဲက သစ်တုံးကို ဆရာကြီးတွေနဲ့ အတူတူ ထမ်းတက်ခဲ့သည်။ လူကြုံရှိလျှင် အိမ်က ပိုက်ဆံမှာသည်။ လူလေး ၆ ယောက်လောက် ရှိသည့် စခန်းမှာ ကျွန်တော်ကိုယ်တိုင် ကင်းစောင့်ဖူးသည်။ ထမင်းချက်တက်သည့် ဆရာကြီးမရှိလို့ ထမင်းငတ်နေတဲ့ သူတွေကို ကျွန်တော်ကိုယ်တိုင် ထမင်းချက်ကျွေးခဲ့ဖူးသည်။ ကျွန်တော့်အကြောင်း ကောင်းကြောင်း တွေပြောနေသည်ဟု ထင်နေလျှင်တော့ တောင်းပန်ပါသည်။ ဒါစစ်သားဘ၀မှာ ကျွန်တော်လုပ်ခဲ့တာတွေ အမှန်အတိုင်း ပြောပြချင်းဖြစ်ပါသည်။
နိင်ငံရေးကို ၀င်မပြောလို ၊ ဒါပေမယ့် ကိုယ့်နိင်ငံ ကိုယ့်လူမျိုး ကောင်းစားနေတာ ကျွန်တော်လိုလားပါသည်။ ကိုယ့်လူမျိုး ဒုက္ခရောက်တာ ကျွန်တော် မကြည့်ရက်။ ဘယ်လိုအကြောင်းတွေကြောင့်ပဲ ဖြစ်ဖြစ် အနှိမ်ခံနေရတဲ့ ၊ ပြဿာနာတွေ တန်းစီတက်နေတဲ့ နိင်ငံရပ်ခြားက ကျွန်တော့်သွေးရင်း ၊ မြန်မာတွေ အကြောင်းကို ဖတ်ရတိုင်း စိတ်မကောင်း ဖြစ်ခဲ့ရသည်။ ကောင်းပြီ.....စိတ်မကောင်းရင် မင်းရော ဘာလုပ်နိင်သလဲ မင်းလုပ်နိင်တာ လုပ်ပေးလိုက် စေတနာပါပါစေ လို့ ကျွန်တော့်ကို ကျွန်တော် ဆုံးမသည်။ စာဖတ်သူလည်း ကိုယ်တက်နိင်တာ ကိုယ်လုပ်ပေးစေချင်ပါသည်။
လို့ပဲ ကျွန်တော် ပြောပြချင်ပါသည်။ သီဟတင်စိုး ရိုက်ခဲ့တဲ့ တော်လှန်ရေး ကားတွေကြောင့် နယ်ချဲ့တွေ ကျူးကျော်မှာကို တွန်းလှန်ချင်တာနဲ့ပဲ ကျွန်တော်စစ်တပ်ထဲ ရောက်လာခဲ့ရသည်။ အာဏာမလို ၊ အသပြာကြောင့်မဟုတ်ခဲ့ ။ အဲဒီလို လူတွေ ရှိနေပါလိ့မ်မည်။ သို့သော် သူတို့လည်း ကျွန်တော်တို့ နည်းတူ အဆဲခံ ၊ အစွပ်စွဲ ခံနေရပါဦးမည်။ ဒါတွေ ကျွန်တော် မခံစားခဲ့ပါ။ စာဖတ်သူရဲ့ လက်တဖက်ကိုပဲ ကျွန်တော်လိုချင်ပါသည်။
ကဲ....ရော့ ။ ဒါက ကျွန်တော် ကမ်းတဲ့ လက်တဖက်ပါ။
လေးစားခြင်းဖြင့်

“ စကားတခွန်းပြောနေမှာထက် ပြန့်ကျဲနေတဲ့ အမှိုက်တွေကို တချက်လောက် လှဲလိုက်ပါ ”
လို့ပဲ ကျွန်တော် ပြောပြချင်ပါသည်။ သီဟတင်စိုး ရိုက်ခဲ့တဲ့ တော်လှန်ရေး ကားတွေကြောင့် နယ်ချဲ့တွေ ကျူးကျော်မှာကို တွန်းလှန်ချင်တာနဲ့ပဲ ကျွန်တော်စစ်တပ်ထဲ ရောက်လာခဲ့ရသည်။ အာဏာမလို ၊ အသပြာကြောင့်မဟုတ်ခဲ့ ။ အဲဒီလို လူတွေ ရှိနေပါလိ့မ်မည်။ သို့သော် သူတို့လည်း ကျွန်တော်တို့ နည်းတူ အဆဲခံ ၊ အစွပ်စွဲ ခံနေရပါဦးမည်။ ဒါတွေ ကျွန်တော် မခံစားခဲ့ပါ။ စာဖတ်သူရဲ့ လက်တဖက်ကိုပဲ ကျွန်တော်လိုချင်ပါသည်။
ကဲ....ရော့ ။ ဒါက ကျွန်တော် ကမ်းတဲ့ လက်တဖက်ပါ။
လေးစားခြင်းဖြင့်
Labels: ဘ၀အပိုင်းအစများ
Subscribe to:
Post Comments (Atom)
12 comments:
လက်ခံထားလိုက်ပြီနော် ကမ်းတဲ့လက်ကို....ဟိ
အနစ်နာခံပြီး တိုင်းသူ၊ ပြည်သားတွေကို စာနာတတ်သော စစ်သားကောင်း မြောက်မြားစွာ ရှိကြောင်းကို သိရှိနားလည်ပါတယ် ငါ့မောင်။ တိုင်းချစ်၊ ပြည်ချစ် စစ်သားကောင်းမြောက်မြားစွာ ပေါ်ထွက်လာပါစေကွယ်။
လက်နှစ်ဖက်နဲ့ ကြိုပါတယ်.. စိတ်ထားလေးတော့ တကယ်မွန်မြတ်ပါတယ်.. ဒီလို စစ်သားတွေ အများကြီးပါနော်.. :D :)
အင်း ဒီစာလေးဖတ်ပြီး ကိုဆိုးသွမ်း ကိုလေးစားမိပါတယ် ။ :)
မြန်မာပြည်သားတွေက ကမ်းလာတဲ့လက်ကို ပြန် ဆွဲ လိုက်ဖို့ အဆင်သင့်ပါ ဆိုးသွမ်း ။ ခုလို စိတ်ဓါတ်နဲ့ပဲ ဘယ်လိုပတ်ဝန်းကျင်မှာဖြစ်ဖြစ် ဆက် ရပ်တည်နိုင်ပါစေ ။
ဪ...အခုမှသူငယ်ချင်းရဲ့စာတွေဖတ်မိတာ..
ကိုယ်တို့တွေတစ်ယောက်ကိုတစ်ယောက်နားလည်နိုင် ရင်သိပ်ကောင်းမှာပဲ...
နိုင်ငံကိုလူတိုင်းချစ်ကြပေမယ့်ချစ်ပုံကွာလို့ အမြင်တွေလွဲနေကြတာပါ..
ကမ်းလာတဲ့လက်မှန်သမျှကို နွေးထွေးစွာကြိုလျှက်ပါ.
လေးစားပါတယ်။
SMNTL
စာဖတ်သွားတယ် ညီလေးရေ။ ကမ်းလာတဲ့ လက်တွေကို ကြိုဆိုပါတယ်း-)
ကမ်းတဲ့ လက်ကို ကျနော်ကလည်း ကြိုလင့်လိုက်ပါတယ် အစ်ကိုရေ့ လေးစားပါတယ် အများကြီးမပြောတက်လို့  ဒီစကားလေးပဲပြောခဲ့တော့မယ် :)
ဒီလို စစ်သားတွေအများ ကြီး ရှိမှာ ပါ.. ၀မ်းသာပါတယ်ရှင်
လေးစားပါတယ်
ရိုးသားမှုနဲ့ဆို လက်တွဲမြဲကြမှာပါ။ တို့များရဲ့ နိုင်ငံ့အကျိုးအတွက်၊ လူပီသတဲ့ဘ၀တွေအတွက် လွတ်လပ်တဲ့ စိတ်ဓါတ်လေးကို အမြဲမပြတ် ထိန်းသိမ်းနိုင်ပါစေ။
တို့ရဲ့တူကလေးနဲ့ အရမ်းတူတယ်...တောထဲမှာ ငတ်တဲ့အခါ အိမ်ကို ပိုက်ဆံပြန်မှာပြီး ရဲဘော်တွေကိုကျွေးတယ်...။
သစ်ခုတ်ဘာခုတ်ဝင်လုပ်မလုပ်တော့မသိဘူး...။
Post a Comment