Tuesday, December 4, 2007

ဝေသမျှ မကြွေတဲ့ ပန်းပါ
မင်း....မနမ်းချင်လည်း ပွင့်ခဲ့ပြီလေ ။

စိမ့်ထွက်သမျှ မခမ်းတဲ့ စမ်းပါ
မင်း..... မသောက်ချင်လည်း စီးခဲ့ပြီလေ ။

ဆိုနေသမျှ မဆုံးတဲ့တေးပါ
မင်.....မကြားချင်လည်း သီခဲ့ပြီလေ ။

မြူတိမ်ကင်းပြီး သာတဲ့ “လ” ပါ
မင်း....အိပ်နေလည်း လင်းခဲ့ပြီလေ ။

တောင်ထိပ်က သစ်ပင်ရိပ်ထက်
တောင်ခြေက ချောင်းငယ်တခုဖြစ်ချင်ပါတယ်။
မျက်နှာမသစ်တောင်မှ
(မင်း...မောတဲ့အခါ )
ခြေဆေးလို့ ရအောင်ပေါ့....။

အမည်မသိ

2 comments:

chaos said...

ဒီတစ်ပုဒ်ကြွေတယ်
နာ့ကောင်ရ
မိုက်တယ်
ချိုးတန်းရေ ချသာချဟေ့

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ဆိုလိုက်တဲ့စာ ဗျာ ။
တူးလေရာ ရေနံထွက်တဲ့ အီရတ်ကမြေတွေအတိုင်းပဲ ။
ထမင်းမစားပဲ ခံစားချက်တွေပဲ စားနေသလား ဆိုးသွမ်းရေ။
ထိတယ်ဗျာ ။ ကြာရင် မျက်ရည်တွေ လည်း ချောင်းစီးကုန်တော့မယ် ။