Wednesday, December 5, 2007

မရှိခဲ့တဲ့....သူ

မကြင်နာလို့ မမြင်သာတဲ့
နေရာကလည်း ငေးကြည့်ခဲ့ဘူးတယ်......။

မတွယ်တာလို့ ဖြေစရာမရတဲ့ ဘ၀မှာ
ခေါင်းငိုက်စိုက် ကျလို့ လှည့်ပြန်ခဲ့ဘူးတယ်......။

လှောင်ပြောင်နေကြတဲ့ သူစိမ်းစကားသံတွေကြား
နင့် အတွက် မထားတက်တဲ့ မာနကို
အခါအခါ ထုတ်သုံးဖို့ ကြိုးစားခဲ့ပေမယ့်
အလေ့အကျင့်ကိုက နည်းခဲ့လေတော့
ငါ ပဲ ကျဆုံးခဲ့ရပြန်တယ်......။

နင့် အပြုံးတွေ ငါ့အတွက် မပြုံးမှန်း
နင့် အမုန်းတွေ ငါ့အတွက် အရှုံးမှန်း
ကြိုသိနေခဲ့ပေမယ့်
တခါတခါ နောက်ဆုံးအကြိမ်လေးများ
လင်းလက် လာမလားလို့
စိုးရိမ်တကြီးနဲ့ စိုက်ကြည့်နေခဲ့ပေမယ့်
ငါ့ အတွက် မီးအိမ်မှာ အစကတည်းက ဆီကုန်နေခဲ့ပြီလေ...။


ဆိုးသွမ်း

0 comments: