Sunday, December 9, 2007

သမရိုးကျ တွေ့ဆုံမှုနဲ့ ခင်မင်ခဲ့တာပါ
ဒါပေမယ့် ဆန်းပြားခဲ့တာက
ငါ့ သံယောဇဉ်နဲ့ တွယ်တာမှုတွေ

ဘာမှန်းမသိတဲ့ေ၀၀ါးတဲ့ အနာဂတ်ထဲ
ဇွတ်တရွတ် ကလေးတစ်ယောက်လို
ဖြူစင်စွာ ခုန်ပေါက်ဝင်လာတဲ့....နင်
ငါ့ နှလုံးသားကို ......နင်ပျော်ရွှင်ဖို့
ဆက်သခဲ့တဲ့ အရုပ်လေးတစ်ခုလို
သဘောထားခဲ့တယ်........

နင် ကလူကျီစယ်လို့ ၀သွားရင်
ပေးဆပ်ရကျိုးနပ်ပါတယ်
ငါ့ အသည်းကို ခဏတွင်းချင်းပိုင်စိုး
လွှမ်းမိုးခဲ့တဲ့ .....နင့်စကားလုံးတွေ်

အိမ်မက်ထိ ထင်ကျန်
ငါ...ဘယ်တော့မှ မပြောတော့ဘူး။

1 comments:

ahngai said...

မောင်...ကဗျာလေးတွေကိုသိပ်မြတ်နိုးသလို၊ကဗျာရှင်ကိုလည်း
ကြင်နာလို့ချစ်ခဲ့တာမမေ့စေချင်လိုက်တာ...
မောင့်ရဲ့...အားငိုင်