Monday, December 3, 2007

သူငယ်ချင်း

သူငယ်ချင်း ဆိုတာ
ပျော်ရွှင်မှုကို နှစ်ဆ
ကြေကွဲမှုကို တ၀က်ဖြစ်စေတက်သူပါ....

သူငယ်ချင်း.....
င့ါအကြည့်တွေကနေ ငါ့စိတ်ကူးကို မင်းမြင်ပါ
ငါ့ရယ်သံတွေကြားကနေ ရင်ထဲက သံစဉ်ကို နင် နားထောင်ပါ
နင့်ရဲ့ စိတ်ကတဆင့် ငါ့ရဲ့ ရင်တွင်းပြတိုက်ကို လှမ်းကြည့်ပါ....

“နင်” ဆိုတဲ့ တည်ရှိနေမှုဟာ
ငါ့အတွက်တော့
မျက်ရည်မိုးတွေ ကြားကတောင် ပြုံးမိစေတက်တာပါ...
တကယ်တော့... နင် နဲ့ ငါ
တွေ့တိုင်း ရန်ဖြစ်နေပေမယ့်
နင်ဟာ ငါ့ရဲ့“ အချစ်ဆုံး သူငယ်ချင်း ” ဆိုတာ
နားလည်စေချင်လိုက်တာ.....။

သူငယ်ချင်းတစ်ယောက်ဆိုက်ဒ်က ရတဲ့...ကဗျာလေး တစ်ပုဒ်ပါ။ သူငယ်ချင်းဆိုတဲ့
အဓိပါယ်ကို ဖော်ဆောင်ရမှာ ပေါ်လွင်စေလွန်းပါတယ်။ အနစ်နာခံ..ခွင့်လွှတ်သည်း
ခံတယ်ဆိုတဲ့ စကားလုံးတွေ မသုံးထားပေမယ့် သူငယ်ချင်းရဲ့ စိတ်ထားကောင်းပုံကို
မြင်ယောင်စေပါတယ်။ အဲဒီလို သူငယ်ချင်းမျိုးတွေနဲ့ ဆုံတွေနိင်ကြပါစေ....ဆုတောင်းရင်း

ဆိုးသွမ်း



1 comments:

ရွက်ဝါ said...

မိတ်ဆွေဝတ် ၅ ပါး

ပေးကမ်းချီးမြှင့်
ကိုယ်နှင့်ယှဉ်ထား
စီးပွားဆောင်ရွက်
နှုတ်မြွက်ချိုသာ
သစ္စာမှန်စေ
ဝတ်ငါးထွေ
ကျင့်လေ မိတ်သဟာ။

လာလည်တာ ကျေးဇူးပါ။ ပို့နဲ့ နီးစပ်တယ်ထင်လို့ ကြားဖူးတာလေး ရေးထားခဲ့ပါတယ်။