Sunday, December 30, 2007

နှစ်သစ်..မင်္ဂလာ

ခပ်တည်တည်ပဲ....ကုန်လွန်ခဲ့တဲ့
အချိန်ကာလကို
နောက်လှည့်ကြည့်လိုက်တော့

အော်...ဘာလိုလိုနဲ့
အသက်သာ တစ်နှစ်ကြီးသွားပြီး
လုပ်ချင်တာတွေ အမြောက်အများရှိခဲ့ပေမယ့်
မှတ်တမ်းတင်ခဲ့တဲ့ အရာတွေက
လက်တစ်ဖက်စာ ချိုးရေလို့ရတယ်

ဒါပေမယ့်....
တဖြည်းဖြည်း တော့...ကြိုးစားရမှာပေါ့
ဆိုတဲ့ ကိုယ့်ကိုကိုယ် အားတင်းရင်း
ပြောင်းလဲတော့မဲ့ ၂၀၀၈ ခုနှစ်ကို
ယုံကြည်ချက်တွေနဲ့ လှမ်းကြိုလိုက်ရင်း

“ မင်္ဂလာရှိသော...နှစ်သစ်ဖြစ်ပါစေ ”

မြန်မာဘလော့ဂ်ဂါ အစ်ကိုညီ...အစ်မညီမများခင်ဗျာ


4 comments:

ahngai said...

မောင့်အတွက်ရော မင်္ဂလာရှိ သော်နှစ်သစ်ဖြစ် ပါစေမောင်..အရာရာတိုင်းကို အကောင်းဆုံးနဲ့ အောင်မြင်မှု့ ပန်းတိုင်တခုပြီး တခု ဆွတ်ယူနိုင် ပါစေလို့
အားငိုင် ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ် မောင်...

ahngai said...
This comment has been removed by a blog administrator.
ပန်းခရေ said...

မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ......
ငယ်ရွယ်အချိန်ကအမှတ်တရတွေအားလုံးကို
ကြီးရင့်တဲ့အချိန်အထိ...
သယ်ဆောင်ရင်း...
အောင်မြင်မှုသရဖူကြီးကိုဆွတ်ခူးနိုင်ပါစေ....

နှင်းပွင့်ဖြူ said...

ငါလည်း ခပ်တည်တည်ပဲ ၀င်ရေးတယ်
ဘာမှတော့ ပြောစရာ ရှိဘူးကွ .. ဟတ်ဟတ်
ခပ်တည်တည်နဲ့ လှည့်ပြန်သွားပီ ..

ဟက်ပီးဟက်ပီးဟက်ပီး အဲဗရီးဒေး