Monday, November 19, 2007

ဖြူစင်မှု သံယောဇဉ်ကို
အရောင်မဆိုးချင်တော့သလို
ခင်မင်မှု ဘောင်လေးထဲကလည်း
ရုန်းမထွက်ချင်ဘူး......
မွန်ကြပ်တဲ့ နှလုံးသားတွေကိုလည်း
နောက်ထပ်.......လွတ်မြောက်ခွင့် မပေးချင်တော့ဘူး
အရောင်ပြောင်းနေတဲ့ မေတ္တာတွေကိုလည်း
အရောင်ပြောင်းခွင့် မပေးနိင်တော့ဘူး
အချစ်ဆိုတာလည်း နောက်ထပ်
မသိချင်တော့ပါဘူး
ဒီစောင့်စည်းမှုကြားကပဲ
သူငယ်ချင်းရေ.....
နင် နဲ့ ငါ....ဝေးကွာခဲ့ရတယ်နော်။

7 comments:

Anonymous said...

စည်းဝိုင်းထဲက....နင် နဲ့ ငါ

ဖြူစင်မှု သံယောဇဉ်ကို
အရောင်မဆိုးချင်တော့သလို
ခင်မင်မှု ဘောင်လေးထဲကလည်း
ရုန်းမထွက်ချင်ဘူး......
မွန်ကြပ်တဲ့ နှလုံးသားတွေကိုလည်း
နောက်ထပ်.......လွတ်မြောက်ခွင့် မပေးချင်တော့ဘူး
အရောင်ပြောင်းနေတဲ့ မေတ္တာတွေကိုလည်း
အရောင်ပြောင်းခွင့် မပေးနိင်တော့ဘူး
အချစ်ဆိုတာလည်း နောက်ထပ်
မသိချင်တော့ပါဘူး
ဒီစောင့်စည်းမှုကြားကပဲ
သူငယ်ချင်းရေ.....
နင် နဲ့ ငါ....ဝေးကွာခဲ့ရတယ်နော်။


Sometimes, white of friends is so nice , sometimes so chokeing in life!
So ... , who said that friend of love is cool,.... PLEASE tell me!!
whom know about that????

Anonymous said...

မဝေးအောင်ကြိုးစားလို့ ရရင်ကြိုးစားကြည်ပါလား...။
ဂျိုးဂျိုး

seinmama said...

a yan khan sar ya pa lar
This poem is nice for me.
sometimes,love is very nice as say anonymous.
you are very good in poem.

Anonymous said...

အသစ်ဖတ်ဖို့ စောင့်နေပါတယ်....
ဒီနေ့ ဘာမှ မတင်သေးဘူး..

Anonymous said...

" စည်းဝိုင်းရဲ့ အပြင်ဘက်" ကလူ

အမြံတမ်းလဲ တံခါးခေါက်ခဲ့ တယ်
အမြဲတမ်းလည်း ၀င်ခွင့် တောင်းခဲ့ ပါတယ် ..။
ဒါပေမယ့် သီတာရေ..။
မင်းရာမရဲ့  စည်းသုံးတန်ကြောင့်
ဝင်ခွင့်လေးမရခဲ့ ပါဘူး..။

မင်းရာမ ရဲ့ စည်းကြောင့် ပဲလား..။
မင်းရဲ့  စည်းကြောင့် ပဲလား..။
ကိုယ်ဆိုတဲ့ ဒသတယောက် ကတော့..။

သီတာရေ..ကို ကတော့
စည်းရံ့ အပြင်က တစ်ယောက်ပဲပေါ..။
မင်းဒသလိုတော့
ကိုက အချစ်မကြမ်းခဲ့ ပေမယ့်
ကိုယ့်ရဲ့ ရင်ထကြ သိဟိင်္ုရ်ပြည် ကြီး
မီးလောင်နေပြီ ..သီတာရေ..၊

( အကိုဆိုးသွမ်းရေ..အကိုရဲ့ ဘလော့ထဲမှာ.. ကျနော်ရဲ့ ခံစားမှုတွေ ရေးခဲ့မိတယ်..။ ခွင့် လွှတ်ပေးပါနော်..)ကျေးဇူးအထူးတင်ရှိပါတယ်..

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

သူငယ်ချင်းလို့ ဆိုလိုက်ပြီးရင်တော့ အရောင်မပြောင်းသင့်တော့ဘူးလို့ ကျနော်တော့ ယုံကြည်တာပါပဲ ။ သူငယ်ချင်းချစ် သူလေးလို့ ဆိုသူကလည်း ဆိုကြ ၊ ဒီလိုပါပဲဗျာ ။ တကယ်ဆိုရင်တော့ ဒီလမ်းကြောင်းက ရှောင်သာ တိမ်းသာ ရှိလှသဗျ ။ ဒါပေမယ့် သူငယ်ချင်းလို့ဆိုပြီးမှ ချစ်သူ ဘ၀ပြောင်းရတာ သစ္စာမဲ့ရာကျတယ် လို့ ကျနော်တော့ ထင်တာပါပဲ ။

theint said...

Nice poem, I like.