5 years ago
Tuesday, November 20, 2007
ဒီဘလော့ဂ်မှာ..... နှင်းပွင့်နာမည်တွေ့လိုက်ရလို့ ပြူးသွားလေရော့မလား။ နှင်းပွင့်မှာ ပြုးစရာ မျက်လုံးနှစ်လုံး ရှိတာ ဆိုးသွမ်းသိနေတယ်လေ။ မပြူးလိုက် ပါနဲ့ နှင်းပွင့်။ (မျက်လုံး)။ ပြဲချင်တာ ပြဲခွင့်ရှိပါတယ်။ (ပါးစပ်)။ ဒါပေမယ့် ဒီစာကို ဖတ်ပြီးရင်တော့ လူကြီးအပေါ်နားလည် ပေးပါတော့နော်။
“ နှင်းပွင့် ” လို့ပဲ ခေါ်ချင်တယ်ကွယ်။ လူကြီးတစ်ယောက်ရဲ့ ရင်ထဲက ချိုမြိန်တဲ့ချစ်ခြင်း တစ်ခုရဲ့ အပြင်းစား ဂီတသံကို နားဆင်ကြည့်ပါနော်။ ရှင့်စကားကို နားဆင်ကြည့်မယ့် အစား ကျားဖင်သာ ပြေးကြည့်လိုက်ချင်တယ် လို့တော့ ပြန်မပြောလိုက်ပါနဲ့။ (တော်တော် စကားတက်တဲ့ ကောင်မလေးဗျ)။
ကိုယ်ငယ်စဉ်ကတည်းက အချစ်အကြောင်းများ မသိခဲ့ပါဘူး။ ရူးလောက်တဲ့ အချစ်မျိုးနဲ့လည်း ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးပါဘူး။ (ဟိုတစ်ယောက် သိရင်တော့ မြွေကိုက်တာပဲ..ဟီးဟီး)။ ဒဏ္ဍာရီလို အလွမ်းအဆွေးမျိုး တစ်နေ့နေ့ တွေ့ကြုံရမှာကို ကြောက်မိခဲ့လို့ပါ။ အခုတော့ ကိုယ့်နှလုံးသားလေးလည်း ရင်ခုန်နှုန်း ထိန်းဖို့ခက်နေပြီလေ။ ငြိမ်အောင်လည်း ထိန်းထားဖို့လည်း မရပါဘူး။ ဒါကို အချစ်လို့ခေါ်မလား နှင်းပွင့် ရယ်။ (သီချင်းထဲက ကူးချတာ ဘယ်သူမှ မသိစေနဲ့နော်) နှင်းပွင့်နဲ့မှ ချစ်တက်တာပါ။ ( ရုပ်ကြမ်းကြီးနဲ့ နွဲ့နေပြန်ပြီ)။
ခက်တယ်....နှင်းပွင့်ရယ် ခက်တယ်။ ဒီလိုခက်ရတဲ့ အကြောင်း အရင်းက ဘာလည်းဆိုတော့ မလွယ်လို့ပေါ့နော်။ (ရှင်းတယ်ဟုတ်)။ အီလန်တို့ အိုဆိုတို့ ၊ ရို့စ်တို့နဲ့ လျှော်ပစ်လို့မရတဲ့ အသက်အရွယ်နဲ့ ဂုဏ်သိက္ခာဆိုတာ ကြီးက လူကြီးရဲ့ နှလုံးသားကို ထိန်းချုပ်ထားခဲ့တယ်လေ။ ပြီးတော့ နှင်းပွင့်ကို မြင်မြင်ချင်း လန့်အော်မိတာလည်းပါတယ်။ ဒါကြောင့် အကြာကြီး မျိုသိပ်ခဲ့မိတာပါ။ မျိုသိပ်ထားတဲ့ ဝေဒနာဟာ အရမ်းကို ဆိုးလွန်းလှပါတယ်။ ( မယုံရင် ၀မ်းနုတ်ဆေး စားပြီး တင်းထားကြည့်) အခုတော့ မရတော့ပါဘူး။
အက်တမ်တွေ စုလိုက်ရင် အရာဝတ္တုလေးတစ်ခု ဖြစ်လာတယ်။ အရာဝတ္တုလေး တွေစုလိုက်ရင် အကြီးကြီး ဖြစ်လာတယ်။ အကြီးကြီးတွေ စုလိုက်ရင် ဟဲဗီးကြီး ဖြစ်လာတဲ့ သဘောကို နှင်းပွင့် သိမှာပါ။ ဒီလိုပဲ နှင်းပွင့်ရဲ့ အကြင်နာမျက်ဝန်း လေးတွေကို စုလိုက်တော့ အချစ်လေးတစ်ခု ဖြစ်လာတယ်။ အချစ်လေးတွေကို စုစည်းလိုက်တော့ အချစ်ကြီး ဖြစ်လာတယ်။ ပြီးတော့ တစ်ခါ ဟဲဗီးအချစ် ဖြစ်လာတယ်။ ဟဲဗီး အချစ်တွေများလာတော့ နှင်းပွင့်ရေ.....
“ ၀ုန်း....ဒိုင်း...အုံး...ဖုန်း ”
မကြောက်ပါနဲ့ နှင်းပွင့်။ မြ၀တီက တရုတ်တွေ သိုင်းချနေတဲ့ အသံ မဟုတ်ပါဘူး။ လူနာခွဲစိပ်နေတာလည်း မဟုတ်သလို မှော်ဆရာ အဂ္ဂိရက် ထိုးနေ တာလည်း မဟုတ်ပါဘူး။ မိုးချစ်သူ ချဲလ်ဆီးပွဲ ရှုံးလို့ထိုင်ခုံကို ကန်ထုတ်တာ မဟုတ် သလို....ဆုဝေ အတွေးလွန်ပြီး ခုံပေါ်က ပြုတ်ကျတာလည်း မဟုတ်ပါဘူး။ ကိုယ့်ရင်ထဲ က အချစ်တွေ ပေါက်ပြဲ...အဲ ပေါက်ကွဲထွက်ကုန်တာပါ။
နှင်းပွင့်....ကိုယ်ဟာ မျှားပြာ လိုအသားဝါတဲ့ သူမဟုတ်ပေမယ့်... Okisu လို ဒိုဘီစုတဲ့ လူလည်း မဟုတ်ပါဘူး။ ( နည်းနည်း သည်းညဉ်းခံကြပါ) ဟီးဟီး။
နှင်းပွင့်ရေ....ကိုယ်ဟာ မာန်လှိုင်းငယ် လို ပြန်ခိုင်းမယ်ဆိုတဲ့ လူစားမျိုးမဟုတ်သလို ၀င်္ကပါ လိုအရင်တခါဟာတွေလည်း အကြွေးပြန်မတောင်း တက်ပါဘူး။ ( ဖဲကြွေးမဟုတ်တာတော့ သေချာတယ်...ဂစ် ဂစ် )။ ညဘက်ညဘက် ညလေး လိုထပြေးတက်တဲ့ သူမဟုတ်သလို... အလွမ်းအိမ်လို...ပြန်စမ်း အိမ်ဆိုပြီးတော့လည်း နှင်မထုတ်ချင်ပါဘူး။
အမှတ်တရလင်း လို...အမှတ်တရဆိုပြီး မဗျင်းလိုက်ပါနဲ့ (တုတ်နဲ့ကောက် ရိုက်တာကို ပြောတာ ) ဒါမှ မှတ်မှာလေ။ ကိုယ့်က ကိုဖိုးဇင်လို နှင်းပွင့်ကို ကိုယ့်အမျိုးမြင်သလို စိတ်ထဲခံစားခဲ့ရတာပါ။ (ပိုင်သကွာ...ဆိုးသွမ်း သိပ်ပိုင်တဲ့မင်းပဲ ....ငှဲငှဲ ) ။
ရေခဲနှလုံးသားနဲ့ လူကြီးတစ်ယောက် အချစ်ကြောင့် အနပညာကို ခံစားတက်နေပြီလေ။သိပ် မြတ်နိးခဲ့မိတဲ့ နှင်းပွင့် အတွက် ခံစားပြီး ကဗျာတစ်ပုဒ်တောင် ကိုယ်ဆိုပြမယ်။ နှလုံးသားနဲ့ နားထောင်ပါ နှင်းပွင့်။ ကဗျာလေးက
နှင်းပွင့်က ကိုယ့်ကို ကောင်းကင်ထက်က ပန်းတစ်ပွင့်လို့ တင်စားခဲ့တယ်နော်။ ကိုယ်ကတော့ ဗေဒါပန်းပဲ ဖြစ်ချင်တယ်။ ဒါမှ နှင်းပွင့်နဲ့ ကဗျာထဲကလို အတူတူမျောလို့ရမှာပေါ့။
ဗရာကြော် အကြော်သည်လေးကနေ ကမ္ဘာကျော်မော်ဒယ်လေး ဖြစ်ချင်လိုတဲ့ နှင်းပွင့်ရယ်....ကိုယ်က ဂျစ်တူးလို....အချစ်ရူးခဲ့ရတာပါ။ ဘင်လာဒင်လို...အပျို တကာ မြင်တိုင်း.. ( ဆက်ပါဟ... ကာရံမမိတော့ဘူး )..မြင်တိုင်း ရင်ခုန်တက်သူ မဟုတ်ပါဘူး။ (တော်သေးတယ် ရင်ခုန်တာ ကယ်သွားလို့ )။
နှင်းပွင့်တို့ အိမ်နားက ဆေးဆိုင်မှာ ဆာဒူးကြီးသွားဝယ်တော့ ဆိုင်က ကောင်မလေးတွေက လူကြီးကို နှာဘူးကြီးလို့ ပြောလိုက်တယ် နှင်းပွင့်ရယ်။ အဟင့် အဟင့် ( ပြိတ္တာတို့ မျက်ရည် မြေမကျကောင်းဘူးတဲ့ )။
အခုဆိုရင် အချစ်နဲ့ မကင်းလွတ်တဲ့ လူသားတွေကြားထဲကို လူကြီး တစ်ယောက် ၀င်ရောက်လာခဲ့ပြီလေ။ နှင်းပွင့်ရဲ့ ရင်ထဲမှာ ဘဲဘဲကြီးရှိလား ဆိုပြီးတော့ ဘိုးဘိုးပြောင်ဆီမှာ ဗေဒင်သွားမေးတော့ သူက မဟာဘုတ်
ဆိုတဲ့ တိုင်ကြီးကို ထောင်ပြီးတော့ ကိုယ့်ကို ဟောလိုက်တယ်။ သူရဲ့ မဟာဘုတ်က“ မဟုတ်ဘာ ”တဲ့လေ။ ငှဲလျောင်း ငှဲလျောင်း...ငှဲလျောင်း။ ပျော်လိုက်တာ နှင်းပွင့်ရယ် တကယ်ပါ။ လဒအိုကြီး အပုပ်ကောင်တွေ့တဲ့
အတိုင်းပဲ (ဂိန်...ကိုယ်ဟာကို ဆော်မိပြီ )။
နှင်းပွင့်နဲ့ အတူနေခွင့်ရတဲ့ အခါကျရင်.... တော့တိုးချန် လို တော် ဂိုးပြန်ပြီ လားလို့ မပြောပါနဲ့နော်...( လက်ဖက်ရည် ဆိုင်...လက်ဖက်ရည်ဆိုင်)။ ကိုယ်က ဆောင်းနိဒါန်းလို....အဟောင်းဘိ တန်းမသွားပါဘူး။ (မိတ်ဟောင်း ဆွေဟောင်းတွေ နေတဲ့ နေရာပြောတာပါ။ )
Chaos လို..အများဗျို့ ဆိုပြီး ကျူရှင်လည်း ဖွင့်မစားပါဘူးကွယ်။ (အဟီး ချိတ်ချိုးနဲ့ ) နှင်းပွင့်နဲ့ ကိုယ်တို့ကြားမှာ ကိုးကွယ်တဲ့ ဘာသာ မတူလို့ အခက် အခဲတွေ ရှိမှာလားလို့ နှင်းပွင့်ပြောခဲ့တယ်နော်။ တကယ်တော့ တို့နှစ်ယောက် ရဲ့ နှလုံးသားတွေက မာယာမထားကြရင် ဘာသာတရားဆိုတာက ပြဿနာ မဟုတ်တော့ပါဘူး။ သိပ်ဂျစ်တယ်...နှင်းပွင့်ရယ်။ ထပ်ပြောမယ် ...သိပ်ဂျစ်တယ် ( ဟူး....မောလိုက်တာ )။
ဒီနိင်ငံမှာ ရဲမဖမ်းတိုင်း လွမ်းမိတယ် နှင်းပွင့်ရယ် (ဘာမှလည်း မဆိုင်ဘူး)။ သန်းခေါင်ကျော်တဲ့ ညတွေလည်း များလှပါပြီ။ ( သန်းခေါင်က သူ့ဘာသာ သူကျော်တာ ကိုယ်လည်း အိပ်ချင်ရင် ၀င်အိပ်လိုက်တာပဲ )။ လမ်းပေါ်က အရက်သမားတွေ အော်သံကြားရင်လွမ်းတယ် ။ဓမ္မာရုံက အမျှဝေသံကြားရင် နှင်းပွင့်ကို လွမ်းတယ်။ လမ်းပေါ်က မော်တော်နဲ့ ပီကယ်နဲ့ ဂွင်ရိုက်နေတာ တွေ့ရင် နှင်းပွင့်ကို လွမ်းတယ်။ ကြောင်နှစ်ကောင် အော်သံကြားရင် နှင်းပွင့် ကိုလွမ်းတယ်။ စည်းမရှိ ၊ ကမ်းမရှိ ကာရာအိုကေ ဆိုင်က အော်သံတွေကြား ရင် လွမ်းတယ်။ နစ်လုံးထီပေးတဲ့ ဂျေ ကို ဘီယာဆိုင်မှာ တွေ့ရင် နှင်းပွင့် ကို လွမ်းတယ်။ ပြောလို့ မကုန်နိင်အောင်ကို လွမ်းတယ်...နှင်းပွင့်ရေ။ (ဒီလိုပဲ လိမ်ရမှာပဲ )။
နှင်းပွင့်ရေ ကိုယ်က ဖန်ဆင်းရှင် မဟုတ်ပေမယ့် ကိုယ့်အချစ်က အာလာဒင် လိုမျိုးပါ။ ချစ်သူက “ ကျွန်မကို ချစ်ရင် မောင်ကြီးရယ် ၀ယ်ပေးပါလား”လို့ ပူဆာရင် “ကိုယ့်မှာ ရှိတဲ့ ပိုက်ဆံလေးနဲ့ ဘယ်လိုလုပ်ပြီး ဖြစ်မှာလဲ ” လို့ပြန်ပြောတဲ့ လူတွေထဲမှာ ဒွေးပါပေမယ့် ကိုယ်မပါဘူး။ ချစ်တဲ့ နှင်းပွင့် လိုတိုင်းတ ရနိင်ဖို့ အတွက်...နတ်သျှင်နောင် ဆီက မြက်ပင်တစ်ထောင် အားတိုးဆေး ၀ယ်ထားတယ်။ ( ဓါးပြတိုက်မလို့ပါ...နှင်းပွင့်ကို မထိပါဘူး ) ဟီးဟီး။ အခုလည်း နှင်းပွင့်နဲ့ ဆီဒိုးနားမှာ လက်ထပ်ဖို့ဆိုပြီး ကိုယ် ထီထိုး ထားပါတယ်။
လေနတ်သားရဲ့ ကျီစယ်မှုမှာ အလိုက်သင့် လွင့်မျောနေတဲ့ ဆံနွယ်လေးတွေကို ချစ်တယ် (ကတုံးတုံးထားတာ သူက )။ နေခြည်သွေးရဲ့ နမ်းရှိုက်မှုကို မကျေမနပ် တုံ့ပြန်လိုက်တဲ့ ပန်းနုရောင် ပါးပြင်လေးကို ချစ်တယ်။ မြို့တော်နာရီအိုကြီးလို ပြူးကျယ်ဝိုင်းစက်တဲ့ မျက်ဝန်းလှလှလေးကိုလည်း ချစ်တယ်။ လမ်းဘေး ဈေးထဲက... ခရမ်းသီးလေးလို လှပတဲ့ နှာတံလေးကိုလည်း ချစ်တယ်။ ဇော်ဂျီရေလှောင် တမံ နဲ့တူတဲ့ နှင်းဆီရောင် နှုတ်ခမ်းလေးကိုလည်း ချစ်တယ်။ ကုလားအုတ်နဲ့ တူတဲ့ လည်တံဖြူဖြူ လေးကိုလည်း ချစ်တယ်။ ရေသည်ယောင်္ကျား ထမ်းပိုးနဲ့တူတဲ့ ပခုံးလေးကိုလည်း ချစ်တယ်။
(တစ်ခုကျော်လိုက်တယ်)
ဖက်လိုက်ရင် ကျိုးသွားမှာ ကြောက်မိတဲ့ ပုရွတ်ဆိတ်ခါးလေးကိုလည်း ချစ်တယ်။
( နှစ်ခုကျော်လိုက်တယ်)
စူဋ္ဋသုဘဒ္ဒါလို လှပနနယ်တဲ့ ခြေဖ၀ါးလေးကိုလည်း ချစ်တယ်။(ဆင်ခြေထောက်) အားလုံးပေါင်းလိုက်တော့ နှင်းပွင့်ကို ကိုယ်က မျိုချမတက် ချစ်နေခဲ့ပြီလေ။ ဂလု တကယ်တမ်း ယှဉ်လိုက်ရင် စကြ၀ဋ္ဋာဆိုတာ ကိုယ့်အတွက် သေးသေးလေးပါ။
အိမ်မက်ထဲအထိ စိုမိုးနိင်လွန်းတယ် နင်းပွင့်ရယ်။ နင်ရေးတဲ့ ကဗျာတွေ ငါဖတ် ရတော့ အိမ်မက်တွေတောင် မက်မိတယ်။ အိမ်မက်ထဲမှာ ကျွန်းပေါ်ရောက်နေ တာလေ။ ဘယ်သူမှလည်း မရှိတော့ ပျော်လိုက်တာ။နှင်းပွင့် ကအုံးရေသောက်လိုက် ကိုယ်က ပေါက်လိုက်နဲ့။ သြော်...ပေါက်တယ်ဆိုတာ ပုဆိန်နဲ့သစ်တွေကို ပေါက်ပြီး ဖောင်လုပ်ပေးနေတာပါ။
ဒီလိုနဲ့.....
(ဆက်ရန်)

ဆိုးသွမ်းက ဗေဒါ
နှင်းပွင့်က အီးတုံး
မြစ်ရေပြင် ရေလျင်ကြောမှာ
မျောလိုက်ပါဦး....တဲ့။

Labels: ဟာသ
Subscribe to:
Post Comments (Atom)
11 comments:
ဟိုက် .. တို့နာမည်ပါ ဆွဲထည့်ထားတာပါလားး) အဟီ ..
အယ် ..........
နှင်းပွင့်တဲ့..... နာ့နဲ့ နာမည် ၂ လုံးတောင် လာတူနေတယ် ...
ဟားဟား ........ ရီရ တယ်... ဆက်ရန်ရှိအုံးမယ်ပေါ့ ..
မကြာမီ လာမည် ကြာမယ်.. မျှော် .......... ဟဲဟဲ
ခင်တဲ့
နှင်းပွင့်ဖြူလေး
အဟတ်ဟတ် တယ်တော်တဲ့ နာ အဲလေ တယ်တော်တဲ့ ကိုဆိုးသွမ်းပါလား။ အားလုံးပါအောင်ရေးတတ်ပါ့။ ရီရတယ် ဆက်လုပ်....
I don't want to write comments this night, because this story hasn't about me.But whatever I would like to say that ,this story it is a funny. But I would like to know about that one , did you had seen the leg of စူဠသုဘဒွ ????? if u has seen , did u take photo? :P :P :)နောက်ပြီးတခုမေးချင်စေးတယ်.။ မရှင်းလို့ ပါနော်..။ အဒီထဲမှာ ဆိုးသွမ်းအော်လိုက်တာ "ဂိန်" လို့ အော်လိုက်သံကြားမိသလားလို့ပါ။ ဘာပဲဖြစ်ဖြစ် ကောင်းပါတယ် (စိတ်ညစ်ဖို့ )
ဟားဟား ... တော်သေးတာပေါ့ဗျာ ... ကဲ ကိုဆိုးသွမ်းနဲ့ တွေ့ရင်တော့လားး :P
ဟဲ့....သောက်ပလုတ်တုပ် ဟီး လန့်လိုက်တာ
တွေ့ရင်တော့ ကြိုပြီး ခြေသလုံးဖက် တောင်းပန်ရမှာပဲ
ကိုစိုးထက်နော်...နော် တိုတိုနော်။
နားမလည်တော့ဘူး ဒါပေမယ့်ရယ်ရတယ် ကိုယ့်ချစ်သူကို ဒီလိုပယ်ပယ်နည်နည် ပြောတဲ့လူ ဒီတစ်ခါပဲတွေ့ဖူးသေးတယ် အရမ်းရယ်ရတယ်
ဟိုက်...ရေတိမ်နစ်ပါပြီ။ အဟင့်..ကျွန်တော်
ဘယ်သူကိုမှ မရည်ရွယ်ပါဘူး ဗျ။
ကြားရင် အသက်ခံရတော့မယ်။ မနှင်းသဇင်ရေ။
နစ်နာရင် နစ်နာပါစေ။ အထင်ခံရလည်း မနည်းဘူး
မဟုတ်လား။ :P
ရယ်လိုက်ရတာကိုဆိုးသွမ်းရယ်။ ဆက်ရန်ရှိသေးတယ်ပေါ့။ မျှော်နေမယ်နော်။
ဒါနဲ့ဘယ်တုန်းကအကြွေးလိုက်တောင်းဖူးလို့လဲဟင်။
အမယ် တူညားကိုများ
ကြောရတယ်ရှိသေး
ကျူရှင်ခ မပေးရသေးဘူးနော်
ဒါပဲ
နက်ဖြန်မှ မရရင် ဂိန်လို့အပီအော်သွားရအောင်
တိန်လို့ တုတ်နဲ့ ခုတ်မှာနော်
ကဗျာတွေက ဖတ်လို့ကောင်းတယ်နော်။
Post a Comment