Friday, October 19, 2007
ပါးပြင်နုနု
ချွေးတွေစုလည်း.....
မျက်ရည်ဥတို့ မဖုံးကြေး။
သနပ်ခါး မွှေးမြ
နေရောင်ကျလည်း......
နုတ်ခမ်းလှလှ မမဲ့ကြေး။
လက်ဖ၀ါးနုနု
သွေးကြည်ဥလည်း.....
လောကဓံကို မမှုကြေး။
ခြေဖ၀ါးလှလှ
ဆူးတွေခလည်း.....
မျက်ရည်စတို့ မကျကြေး၊
ဘ၀ အရေး
နွေးထွေးစရာ ၊ အကြင်နာနှင့်
ဖွေရှာအားမာန်
လောက....ဒဏ်ကို
ခုခံရင်ဆိုင် ၊ တုယဉ်ပြိုင်လျက်
နိုင်နိုင်ရှုံးရှုံး ၊ အတူပြုံးမယ်
မုန်းတယ်လို့လည်း....မပြောကြေးတဲ့။
အဲဒီလိုပြောပြီး ထွက်သွားလိုက်တာ စောင့်မျှော်နေတဲ့လူ မျက်ရည်တောင်
ခမ်းခြောက်သွားတယ်။ သူမ...ကတော့ ပြန်မလာခဲ့ပါဘူး။
Labels: ကဗျာ
Subscribe to:
Post Comments (Atom)
5 comments:
ကျန်ရစ်သူကို
ဖတ်ပြီးလွမ်းသွားရပါလား
ပြန်လာရင်လာမှာပေါ့
လာမယ်လို့မမျှော်တာလဲမဟုတ်ဘူး
မျှော်လင့်ချက်ရောင်ခြည်လေးသန်းနေတယ်ဆိုရင်ပဲ
ကံပေါ့ဗျာ။ ဘာတက်နိင်မှာလည်း။
ကိုဆိုးသွမ်းရဲ့ရင်ဘတ်ထဲက
ဒဏ်ရာတွေကိုဖော်ကျူးတဲ့
ကဗျာတွေကို
ဖတ်လို့ကောင်းလိုက်တာလို့
မစာမနာမပြောချင်ပါဘူး။
ဒါပေမယ့် ခံစားပြီးဖတ်ရတာ
တကယ်ကောင်းတယ်ရှင့်။
ကောင်းလိုကိတာ ..ရင်ပတ်ကြီးနဲ့ခံစားသွားပါတယ်
ဂလောက် ရောဂါကြီးပုံထောက်ရင် ဦးတေဇ လက်ဦးသွားလို့ လွမ်းနေတာလား ဟီး
Post a Comment