Tuesday, October 16, 2007

အသံတွေ......

“အဖေ...သား ကျောင်းသွားမလို့ ကားခပေးပါဦး....”
“ဒီနေ့တော့ ကျောင်းကို...ဒရိုက်ဘာနဲ့တော့ မသွားချင်ပါဘူး.. အဖေကိုယ်တိုင်
မောင်းပြီးလိုက်ပို့နော်...”

“ အုံနာခ (၂၀၀၀)ကျပ်ရအောင်တောင် မနည်း နင်းပြီး ရှာနေရတယ်ဗျာ”
“မနေ့က ဘောပွဲရှုံးတာ (၂) သိန်း လောက်လစ်သွားတယ်”

“ဟယ်...အထည်လေးက လှလိုက်တာ။နေ့ပြန်တိုးနဲ့ဆို ဘယ်လောက်
ပေးရမလည်းဟင် အမ ”

“၀ူး...ရှော့ပင်း ထွက်ရတာလည်း....မောလိုက်တာ”

“အငယ်ကောင်...ဆေးခန်းပြမလို့လေ....အမေ့ဆီက ပိုက်ဆံချေးလာတာ”
“ အိမ်က အဖေလား....နေမကောင်းလို့ အမရေ ဗဟိုစည်မှာ စပယ်ရှယ်နပ်(စ်)
ငှားပြီး တင်ထားရတယ်”

“လခလေး ရတုန်း...အဖေ ခေါက်ဆွဲကြော် ၀ယ်လာတယ်ဟေ့...”
“မိန်းမရေ...ဒီနေ့တော့ စားသောက်ဆိုင် ညစာ သွားစားကြတာပေါ့”

“ဒီလ ကုန်ရင်တော့....ဆင်းပေးပါ့မယ် အစ်မရယ်”
“ဟိုနေ့က....ခြံနဲ့တိုက် တလုံး ဈေးကောင်းလို့ ဆွဲလိုက်တာ ၆၀၀လောက်
ကျတယ်”

2 comments:

နှင်းပွင့်ဖြူ said...

“ အသက်လည်း ကြီးနေပြီ ရည်းစားလည်း မရှိဘူးနော် ”
“ ဟာကွာ... မနေ့ ကပဲ ၁၅ ယောက်မြောက် ရည်းစားနဲ့ လမ်းခွဲလိုက်တယ် ”

....ဟီးဟီး.. ဖြည့်စွက်ခြင်း

Anonymous said...

အွန်....နောက်တယ်ပေါ့။ ဟားဟ