5 years ago
Friday, October 12, 2007
နေ့နေ့ညည....
အချိန်ကာလ တလျောက်
အလွမ်းတွေက ရင်ပြင်တစ်ခုလုံး
ပျံနှံစီးဆင်းကုန်တယ်။
မျှော်လင့်ခြင်းအပြည့်နဲ့....စိမ်းစိုခဲ့သောနေ့တွေ
ရယ်သံများ လွှင့်ကျခဲ့ရာ.....နံနက်ခင်းတိုင်းနဲ့
မက်ခဲ့တဲ့ အိမ်မက်တွေက
သူ့အဓိပါယ်နဲ့ သူ.....လွင့်မျောနေကြတုန်းပါပဲ။
ထိလိုက်တိုင်း....သတိရခြင်းတွေက
သွေးကြောတွေဆီ ပဲ့တင်ပြန်တယ်။
တစ်ဘ၀စာလုံး.....
“မ” ရဲ့အနွေးဓာတ်မှာ ခိုလှုံချင်ခဲ့တာပါ။
ရိုးရှင်းသလောက် ဆန်းပြားနိင်လွန်းတဲ့ သံယောဇဉ်တွေနဲ့
တစ်ယောက်ကြိုးတွေကို...တစ်ယောက်က မြဲမြံစေခဲ့။
ခေါင်းစဉ်တွေ ဘယ်လိုပဲ ပေးထား ပေးထား
“မ”ဆိုတာ ကောင်လေး အဖွဲ့ချင်ဆုံး
ကဗျာတစ်ပုဒ်သာ ဖြစ်တယ်။
Labels: ကဗျာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment