Monday, October 15, 2007

ရောဂါ

အဲဒီနေ့က....မကြေငြာဘဲ
နလုံးသားကို ဗဟိုပြု....အနောက်တောင်
မုတ်သုန်လေ တိုက်ခက်တယ်။

ရလာတဲ့ အကျိုးဆက်ကို
ဦးနှောက်က တင်ပြတော့
နှလုံးသား တစ်ခုလုံးနီးပါး ကြေပျက်ပြီး
ပင်မသွေးကြော (၅) ခုပျက်စီးသွားပါတယ်တဲ့။

ဝမ်းနည်းခြင်းတွေ ပေါက်ထွက် ၊ သတိရခြင်းတွေ ယိုစီး
မျှော်လင့်ချက်တွေ ဆိတ်သုဉ်း ၊ အမုန်းသွေးတွေ တိုးလို့
ဖြေသိမ့်ခြင်း ကလူးကို့စ်တောင် အားသွင်းလို့ မရတော့ပါဘူး။

သက်သာလို သက်သာငြား
နာကျင်တဲ့ ဆေးတွေ သောက်ခဲ့ပေမဲ့
စိတ်မကောင်းစရာ.....ရောဂါက နောက်ဆုံးအဆင့်တဲ့လေ။

ဒါပေမဲ့....ထူးထူးခြားခြား
အသည်နှလုံးမရှိဘဲ....ငါ အသက်ရှင်နိင်တယ်ဆိုတာ
နောက်ဆုံးအနေနဲ့တောင်....မင်း သိမသွားခဲ့ဘူး။

နုတ်ဆက်လိုက်တယ်....ကောင်မလေးရေ
လူတစ်ယောက် ပြောဘူးသလို...ဒီည ဘ၀မှာ လမသာခဲ့ဘူးဆိုတာ မှားတယ်ကွဲ့
တကယ်တော့ ဒီညနဲ့ အတူ....လ ပါပျက်သုဉ်းသွားခဲ့တာပါ။

2 comments:

Chaos said...

အောင်မလေး
စဖတ်တုံးက လန့်သွားတာပဲ
ဘာရောဂါများလဲလို့....
တော်ပါသေးရဲ့.............:P

MCT said...

ဖတ်ရတာ ကဗျာလေးရဲ့စာလုံးတွေက
လှပေမယ့် ရင်ဘတ်ထဲက ဟာတွေ
နက်နက်ရှိုင်းရှိုင်း မြင်ရပြန်တော့
ခံစားရတယ် ကိုဆိုးသွမ်းရေ
လမင်းဆိုတာမျိုးက
ပျက်သုဉ်းပြီး
နောက်လတစင်းလင်းနိုင်ပါဦးမလား။