Friday, August 8, 2008

ယောင်္ကျားတို့ တပ်အပ်တဲ့ အဋ္ဌရသ (၁၈) ရပ်ဆိုတာ ဘာလဲလို့ လူတိုင်းကို လိုက်မေး ကြည့်ရင် တော်တော်များများ မသိကြပါဘူး။ ကျွန်တော်လည်း မသိပါဘူး။ သာမန်အားဖြင့်တော့ ဂဏန်းသင်္ချာတွက်ချက်ခြင်း ၊ မြှားပစ်လေးပစ် အတက် တက်ကျွမ်းခြင်း ဒါတွေကို ဇာတ်တော်တွေထဲက စာဖတ်သူ ဖတ်ဖူးပါလိမ့်မယ်။ ဒီတော့ စာအုပ်ထဲမှာ ဖတ်ရှုရင်း တွေ့ခဲ့မိတာကြောင့် ဗဟုသုတ အလို့ငှာ ပြန်လည် ဝေမျှ ပေးလိုက်ပါတယ်။

  1. အကြားအမြင် အတက် ( သုတိ )
  2. ဓမ္မသတ် အတက် ( သမ္မုတိ )
  3. အရေအတွက်နှင့် ဆိုင်သော ဂဏန်းအတက် ( သင်္ချာ )
  4. တံစဉ် စူးဆောက် စသော အတက် ( ယောဂါ )
  5. လူတို့အား ဆိုဆုံးမရာသော နီတိကျမ်းအတက် ( နီတိ )
  6. ယာယီ ယတြာစသော ဗျာကရိုဏ်းအတက် ( ၀ိသေသကာ )
  7. စောင်းငြင်းကဗျာ လင်္ကာအတက် ( ဂန္ဒဗ္ဗာ )
  8. လက်ဆစ်ချိုး၍ ရေတွက်သော အတက် ( ဂဏိကာ )
  9. ဒူးလေး လင်းလေး အတက် ( ဓနုဘေဒါ )
  10. စကားဟောင်း အတက် ( ပုရာဏာ )
  11. ဆေးအတက် ( တိကိစ္ဆာ )
  12. ရယ်ရွှင်မှု အတက် ( ဣတိဟဿ )
  13. ဗေဒင် အတက် ( ဇောတိ )
  14. လှည့်ပတ်တက်သော အတက် ( မာယာ )
  15. ဆန်းကျမ်း အတက် ( ဆန္ဒာတိ )
  16. သံတမန် အတက် ( ကေတု )
  17. မန္တန်အတက် ( မန္တာ )
  18. သဒ္ဒါအတက် ( သဒ္ဒါ )
တို့ပဲ ဖြစ်ပါသည်။

ပျော်ရွှင်သော သောကြာနေ့ ညနေခင်း ဖြစ်ကြပါစေ။


Thursday, August 7, 2008

ဂုဏ်အင်္ဂါရပ်

မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ဒီလို ပြောခဲ့ဖူးသလား။

“ ငါ့ရဲ့ မျက်နှာက ဒါမျိုးမဟုတ်ရင် ၊ ကိုယ်လုံးက ဒါမျိုးမဟုတ်ရင် ၊ နှာခေါင်းက ဒါမျိုးမဟုတ်ရင် ကောင်းမှာပဲ ” ကိုယ့်ဘ၀ကို ပြန်တွေးပြီး သင်ဒီလို ပြောခဲ့ဖူးသလား ။


“ ဘာကြောင့်များ တခြားသူတွေ သိပ်ပြီးတော့ ပါရီမီထူးနေကြ ၊ ဥာဏ်ရည်တွေ ထက်မြက်နေကြရတာလဲ ” ငါကရော ဘာကြောင့် သူတို့လဲ မဖြစ်ရတာလဲ ” ဆိုတဲ့ အတွေး ကျွန်တော်တို့ တော်တော်များများ တွေးဖြစ်ကြပါလိမ့်မည်။

ဒါပေမယ့် ဒီနေရာမှာ အလွန်အရေးကြီးတဲ့ အချက်က -

ပင်ကို အရည်အချင်းရှိတာ ၊ ရုပ်ရည်ချောမောတာ အလွန်အသုံးကျပါတယ်။ သို့သော် ဥာဏ်ကောင်းသူတွေ ၊ ရုပ်ရည်ချောမောသူတွေ ကမ္ဘာပေါ်မှာ အများကြီးပဲ။ ဒါပေမယ့် အဲဒီလူတွေကို ကျွန်တော်တို့ အားကျနေဖို့ မလိုပါဘူး။ တချို့သော ဥာဏ်ကောင်းသူ ၊ ရုပ်ရည်ချောမောသူတွေဟာ စိတ်ကသိကအောက် ဖြစ်စရာတောင် ကောင်းပါသေးတယ်။

အေဘရာဟမ် လင်ကွန်း ၊ မာသာ ထရီဇာနဲ့ မဟတ္တမ ဂန္ဓီ တို့လို့ သမိုင်းမှာ လူကြည်ညို လေးစားခံရသူတွေဟာ ရုပ်ရည်လည်း မချောကြပါဘူး။ ဥာဏ်လည်း အထူးကောင်းသူတွေ မဟုတ်ကြပါဘူး။ ရုပ်ရည်ချောတာ ၊ ဥာဏ်ကောင်းတာတွေထက် ကျွန်တော်တို့ တန်ဖိုးအထားဆုံး အရည်အချင်းကတော့ ရိုးသားခြင်း ၊ သတ္တိရှိခြင်း ၊ ဇွဲရှိခြင်း ၊ စိတ်ထားမွန်မြတ်ခြင်း နှင့် မိမိကိုယ် မိမိ နှိမ့်ချခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီအရည်အချင်းတွေကို ကြည့်လိုက်ရင် သင်ဟာ ဒီအချက်တွေနဲ့ ပြည့်စုံပြီး မွေးဖွားလာတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအရည်အချင်းတွေကို ပြုစုပျိုးထောင် ယူရပါမယ်။

ကိုယ်ပိုင် ရိုးသားမှု ၊ ဆုံးဖြက်နိင်မှု ၊ စိတ်ထားမွန်မြက်မှု ၊ နှိမ့်ချဆက်ဆံတက်မှု ၊ သတ္တိရှိမှုတို့ကို ကိုယ့်ဘာသာကိုယ် ပြုစုပျိုးထောင် ဖို့ပဲ ဖြစ်ပါတယ်။

“ ကိုယ့်ကို ကိုယ် ဘယ်လိုခံစားမိသလဲဆိုတာ ကိုယ့်လက်ထဲမှာပဲ ရှိတယ် ”


Wednesday, August 6, 2008

စမ်းကြည့်ရအောင်

သူငယ်ချင်း တစ်ယောက် ဂျီတော့်ခ်မှာ တင်ထားတဲ့ ပုံလေးကို ကြည့်ရင်း စိတ်ဝင်စားလို့ လင့်ခ်တောင်း ကြည့်မိပါတယ်။ အကောင့်ဖောက်ပြီးတော့ ဖော်ပြထားတဲ့ ပုံလေးတွေမှာ ကိုယ်ပုံလေးတွေ သူငယ်ချင်းပုံလေးတွေ လျှောက်ထည့်ကြည့်တော့ ဘာရယ်မဟုတ် စိတ်ချမ်းသာမှု အနည်းနှင့်အများတော့ ရကြသည်။ နောက်ခံ Frame လေးတွေကလည်း လှလှပပလေးတွေ ဆိုတော့ ချစ်သူ ရည်စားကို ပေးဖို့ကတော့ ကောင်လေးပဲ ဖြစ်ဖြစ် ၊ ကောင်မလေးတွေ အတွက်ပဲ ဖြစ်ဖြစ် အမှတ်တော့ ရနိင်မည်ထင်တာကြောင့် စေတနာ အကျိုးမျှော်၍ ပြန်လည် ဖောက်သည်ချမိလိုက်ပါသည်။





ဟောဒီလို နှစ်ယောက်တွဲ မျက်နှာလေးတွေနဲ့ ကြည်နူးလို့ရသလို


ဟောဒီလို နှင်းဆီပန်းလေးနေရာမှာ ကိုယ့်ချစ်သူပုံလေး ထည့်လိုက်ရင်ဖြင့်


စိတ်ဝင်စားလျှင်ဖြင့် ဒီဆိုက်လေးကို သွားလိုက်ပါ။ အဲဒီမှာ Account အရင် ဖောက်လိုက်ပြီး Browser မှာ ပလက်ဂင် လုပ်လိုက်တာနဲ့ စတင်အသုံးပြုလို့ရပါပြီ။ အဆင်ပြေကြမယ်လို့ မျှော်လင့်မိပါတယ်။

Tuesday, August 5, 2008

ကျွန်တော်တို့ တော်တော် များများ စိတ်ပူတက်ကြပါသည်။

အလုပ်ကိစ္စ ၊ သားသမီးကိစ္စ နောက်ပြီး အိမ်နီးနားချင်းတွေက ဘယ်လို ထင်ကြမလဲ ၊ စသည် စသည်ဖြင့် စိတ်ပူ စရာတွေ မျိုးစုံ ရှိနေတက်ကြသည်။

တစ်ချို့လူတွေက “ ခင်ဗျား စိတ်ပူ သင့်တာပေါ့ ” လို့တောင် ပြောတက်ကြတယ်။

ဒါပေမယ့် စိတ်ပူတာဟာ ဘာမှ သုံးမရတာထက် ပိုဆိုးတယ်။
ပထမ - ကံကြမ္မာဆိုးတွေကို ဖိတ်ခေါ်တယ်။
ဒုတိယ - သင့်ကျန်းမာရေးအတွက် မကောင်းဘူး။

ဒါဆိုရင် စိတ်ပူစရာတွေကို ဘာလုပ်သင့်သလဲ........

ပထမ လုပ်စရာရှိတာကို အရင်လုပ် ၊ စိတ်ပူစရာကို ရက်အကန့်အသက်မရှိ ရွှေ့ဆိုင်းပစ်လိုက်ပါ။ ဒါဟာ ဘ၀မှာ အကျိးရှိအောင် နေတက်တဲ့ လူတွေရဲ့နည်းပါပဲ။ စိတ်ပူနေတယ်ဆိုရင် ကိုယ့်ဘာသာ မေးခွန်းထုတ်ကြည့်။ အခုပြဿာက ဘာလဲ။ ဒါဆိုရင် သင်ဘာကို တွေ့ရမလဲဆိုတော့ အသက်ကို ခြိမ်းခြောက်နိင်တဲ့ အခြေအနေမျိုးက လွဲလို့ သင့်မှာ ဘာပြဿာနာမှ မရှိတော့ဘူး။

ကျွန်တော်တို့ဟာ ဒုက္ခ သုက္ခတွေ ဖြစ်တက်ပါတယ် ၊ နေထိုင်မကောင်း ဖျားနာတာလည်း ဖြစ်တက်ပါတယ် ၊ ငွေကြေး အခက်အခဲလည်း ကြုံတက်ပါတယ် ၊ ဒါပေမယ့် အဲဒီလို အခက်အခဲတွေ ကြားမှာ တုန်လှုပ် ချောက်ချားနေတဲ့ ယုန်တစ်ကောင်လို ဖြစ်နေဖို့ အကြောင်း မရှိသင့်ပါဘူး။

အဲဒီလို အခက်အခဲတွေက အချိန်ပိုင်းလေး အတွင်းမှာ တစ်ခုပြီးမှ တခု ဖြေရှင်းနိင်ပါတယ်။ ရှေ့ဘာတွေ ဖြစ်မလဲလို့ ကိုယ့်စိတ်က ကြိုတွေး ပူပန်တာကသာ ကိုယ့်ကို ဒုက္ခပေးတာပါ။ ကိုယ့်စိတ်ကလည်း ရှေ့လျှောက် ဘာဖြစ်မလဲဆိုတဲ့ အတွေးဆီကို ရောက်သွားတက်တယ်။

ပစ္စုပန်မှာပဲ နေ ၊ ဒီနေ့ ကိုယ်လုပ်နိင်တာကို လုပ် ၊ ပူပန်စရာတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်။

ကိုယ့်ဘ၀ကိုယ် ပြန်ကြည့်။ ကနေ့အထိ အသက်ရှင်နေလို့ မရတဲ့ အဖြစ်အပျက်မျိုး ရှိခဲ့ဖူးလား။ သေချာတယ် မရှိခဲ့ပါဘူး။ မျက်မှောက်ကာလ အချိန်မှာ ဖြေရှင်းနိင်ပါတယ်။ ဒါဆို ဘာလဲဆိုတော့ ရှေ့ကို ကြိုတင်ပူပန်တာက ဒုက္ခပေးတာပါ။

“ တစ်ယောက်ယောက်က သင့်ကိုမေးမယ် ။ “ ဒီကိစ္စအတွက် စိတ်မပူဘူးလား ” ၊ သူတို့ကို ပြောလိုက်ပါ “ စိတ်ပူချင်တာပေါ့ ၊ ဒါပေမယ့် ပူစရာကို မကြံဖူးသေးဘူး လို့ ”


Saturday, August 2, 2008

ဂျင်မ် ဆိုတဲ့ သူတစ်ယောက်ကို ကျွန်တော် သိခဲ့ဖူးတယ်။ ဂျင်မ်ဟာ သူ့ဘ၀တလျှောက်လုံး ကြိုးစားလာခဲ့တဲ့လူ ဖြစ်တာကြောင့် သူဟာ ဒေါ်လာ သန်းနဲ့ချီပြီး ကြွယ်ဝချမ်းသာ လာခဲ့ပါသည်။

သူ့ဘ၀မှာ ကောင်းကောင်း နေရတယ်။ ခရီးတွေ အများကြီး သွားဖူးခဲ့တယ် ။ အစားအသောက် အကောင်းစားတွေ စားတယ် ၊ ၀ိုင်အကောင်းစားတွေ သောက်တယ် ။ သူငယ်ချင်း မိတ်ဆွေတွေကို ဧည့်ခံကျွေးမွေးရတာ ၀ါသနာပါတယ်။ သည်းခံစိတ်ရှည်တက်သူ ၊ စိတ်ထားကောင်းပြီး ရက်ရောသူ တစ်ယောက် အဖြစ် သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေများကြားမှာ ထင်ရှားပါတယ်။

အဲ....မကြာသေးခင်က ဂျင်မ်က သူ့သူငယ်ချင်း တက်ဒ်အကြောင်း ပြောပြပါတယ်။ တက်ဒ်ဟာ အမြဲလိုလို ဘိုင်ကျနေတက်ပါတယ်။ ပိုက်ဆံ မရှိပေမယ့် တက်ဒ်ကို ခင်ပါတယ်တဲ့။ ကျွန်တော့် အိမ်မှာ သူမကြာခဏ လာလာနေတက်တယ်။ ကျွန်တော်တို့ အားလပ်ရက် ခရီးထွက်တဲ့အခါ တက်ဒ်ကို ခေါ်သွားလေ့ ရှိတဲ့အပြင် နာမည်ကြီး စားသောက်ဆိုင်တွေမှာလည်း အကြိမ်ပေါင်းများစွာ ၀ယ်ကျွေးခဲ့ပါတယ်တဲ့။ ဒါပေမယ့် စိတ်အနှောင့်အယှက် ဖြစ်စေတာကတော့ အပေါင်းအသင်း ဖြစ်လာတဲ့ ဆယ်နှစ်အတွင်းမှာ သူ ကျွန်တော့်ကို တခါမှ ၀ယ်မကျွေးပါဘူး။ ဟမ်ဘာဂါတစ်လုံး ဒါမှမဟုတ် ကော်ဖီတခွက်တောင်မှ မတိုက်ဖူးခဲ့ပါဘူးတဲ့။

ဒီအတွက် ဂျင်မ် စိတ်မကောင်းဖြစ်ခဲ့တာက သူ့သူငယ်ချင်းရဲ့ စိတ်နေသဘောထားပါ။ ဒါကို သူက သိပ်ကို အလေးထားခဲ့ပါတယ်။ “ ပိုက်ဆံမရှိသော်လည်း သူငယ်ချင်းက စေတနာရှိတယ် ” ဆိုတဲ့ စိတ်ထားကို သူက လိုချင်ခဲ့တာပါ။ ဒီအတွက် မကြာခင် တက်ဒ်မှာ ၀မ်းနည်းစရာ သူငယ်ချင်း ဆုံးရှုံးခဲ့ရတာပါပဲ။

ထိုဖြစ်ရပ်ကဲ့သို့ပင် လောကမှာ လူသားများစွာသည် ကြုံတွေ့နေရမှာပါပဲ။ ကိုယ့်အခြေအနေကို အကြောင်းပြပြီး သူတပါးရဲ့ လိုက်လျောမှု့ကို အခွင့်အရေးယူ ၊ ပြန်လည် အသိအမှတ် မပြုတက်သူဟာ တက်ဒ်ကဲ့သို့ သူငယ်ချင်းကောင်းများစွာ ၊ မိတ်ဆွေကောင်းများစွာ ဆုံးရှုံးခြင်းနဲ့ တွေ့ကြုံရမှာပါ။

“ သူငယ်ချင်းတွေကြားမှာ ဘယ်သူ ပိုက်ဆံအိတ်ကို လက်အရင်ဆုံး ရောက်တယ် ၊ ဘယ်သူ ပိုက်ဆံအိတ်ကို လက်နောက်မှ ရောက်တယ် ၊ ဘယ်သူ ပိုက်ဆံအိတ်ယူလာဖို့ အမြဲမေ့လျော့တက်တယ်ဆိုတာ သင်သိပြီးသား ဖြစ်မှာပါ ”

နောက်ပြီး သင်သတိထားဖို့က သင့်သူငယ်ချင်းတွေကလည်း သင်ဘယ်လို လူမျိုးလည်း ဆိုတာ တွက်ဆ စဉ်းစားကြမယ် ဆိုတာပါပဲ။

“ သင့်သူငယ်ချင်းတွေက သင့်ထက် ပိုချမ်းသာမယ် ဆိုပါစို့ ၊ သင့်မှာ သုံးစရာ အပို တစ်ဒေါ်လာပဲ ရှိမယ်ဆိုရင် အဲဒီ တစ်ဒေါ်လာကို သုံးလိုက်ပါ ”

Andrew Matthews ၏ Happiness Now စာအုပ်မှ ဘာသာပြန်ဆိုပါသည်။



ကိုဂျူလိုင်ပြောတဲ့ ဂျပန်ရိုးရာ ဗေဒင်လေးကို သွားကလိလိုက်တာ။ ကျွန်တော့်က မြေကြီးအဖွဲ့ ၀င်ပေါ့။ ဘာပြောထားလဲ ဆိုတော့....

  1. You are Orange Monkey type, who is very friendly.
  2. People find you easy to get on with.
  3. On the other hand, you are not good at starting a relationship, and do not have a way with words.
  4. You tend to keep a distance in personal relationships.
  5. Although you tend to be rather nervous, you can overcome that weakness with your sophisticated intelligence and sense of humor.
  6. You are not a difficult person, and will not stan against on opposed ideas.
  7. You have a good negotiation tactics by leaving room for the other side to compromise.
  8. However you can be obstinate in that you will not suck up, or bend your theory.
  9. Putting into action is most important to you.
  10. You may luck consideration, and because you believe that result will follow, you tend to plan things as you go.
  11. You are quick learner and a skilful person, so even if you face difficult situation, you can overcome that without much difficulty.
  12. You are very responsible person, and you tend to work for others even by neglecting yourself.
  13. This naturally attracts other people to you.
  14. You also tackle and challenge things with confidence.
  15. You have a good head for business, so you will be successful in anything you decide to do.

ပါတဲ့။ စိတ်ဝင်စားလျှင်ဖြင့် ဒီနေရာလေး ကိုသွားလိုက်ပါ။

Saturday, July 26, 2008

:O :D :P :)


ဂျော်နီ

သားငယ် ဂျော်နီ ရှိရာ ကလေးထိန်း ဌာနသို့ ဂျော်နီအမေ ရောက်လာသည်။ ပထမဆုံး သားငယ်ကို လာကြိုခြင်း ဖြစ်သည်။ ပထမအထပ်ကို ကြည့်လိုက်သော အခါ “ လိမ်မာသော ကလေးများ ” ဟူသော ဆိုင်းဘုတ်ချိတ်ထားသည်ကို တွေ့ရသည်။ ဂျော်နီကို သူမ ရှာသည်။ မတွေ့ချေ။ သို့ဖြင့် ဒုတိယထပ်သို့ တက်ခဲ့သည်။ “သာမာန်ကလေးများ ” ဆိုင်းဘုတ်ကိုတွေ့ရသည်။ ဤအထပ်တွင်လည်း ဂျော်နီမရှိ။ တတိယအထပ် သို့ တက်ခဲ့ပြန်သည်။ “ ကလေးဆိုးများ ” ဟုရေးထားပြန်သည်။ ထိုနေရာတွင်လည်း ဂျော်နီကိုမတွေ့ချေ။ စတုတ္ထအထပ်သို့ ထပ်တက်ခဲ့ပြန်သည်။ “ အလွန်ဆိုးသော ကလေးများ ” ဆိုင်းဘုတ် အောက်တွင်လည်း ဂျော်နီကို မတွေ့။ နောက်ဆုံး အထပ်သို့ တက်သည်။ လှေကားထိပ်တွင် “ ဂျော်နီ ” ဆိုသော ဆိုင်းဘုတ်ကို အထင်သား မြင်ရလေသည်။

အဖေ့အပေါ် မူတည်တယ်

“ မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့ ”

“ အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။ ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေ ဘာကို ရွေးမယ်ဆိုတာ မူတည်ပါတယ် ”

မဖြစ်ဘူး

“ ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း ”

“ လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ ”

ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။

ရွေးချယ်မှု

ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။

“ ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ ”

“ ရွှေကို ယူမှာပေါ့ ”

“ ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား ”

“ သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ ”


Wednesday, July 16, 2008

အချိန်မှီ


ကမ္ဘာဦး အစကတည်းက
ခွဲပစ်ခဲ့ကြတဲ့
ခန္ဒာကိုယ်တွေ ....တွေ့ဆုံကြတော့

ပျော်ရွှင်ကြတယ် ၊ ငိုကြွေးကြတယ်
သစ္စာမဲ့ကြတယ် ၊ အရိုးသားဆုံး ချစ်ကြတယ်
ဖောက်ပြန်ကြတယ် ၊ အသက်ထက်ဆုံး ပေါင်းသင်းသွားတယ်

သံသယတွေ မာနတွေနဲ့
ပကာသနတွေ နိမ့်ပါးခြင်းတွေနဲ့
လူလူခြင်း စည်းခြားထားကြလေရဲ့

ဒါနဲ့များ ဧဒင်ရေ
ခင်ဗျားဥယျာဉ်ထဲက ကြွေကျခဲ့တဲ့ ပန်းသီးဟာ
အပုပ်တစ်လုံးပဲ ဖြစ်သင့်တယ် ။ ။


တခုပဲ ခြားတယ်


ရင်မခုန်တော့တဲ့
မင်းမျက်ဝန်းတွေထဲ.....သူစိမ်းဆန်တဲ့
အနံကို ငါခပ်ပါးပါးလေး ရနေတယ်

မတွယ်တာတော့တဲ့
ကြင်နာခြင်းတွေထဲ ဆုံးရှုံးခြင်းတွေ
ပျော်ဝင်နေသလိုပဲ

ဘာလို့လည်း ကောင်မလေးရယ်
အချစ်မှာ အနီးအဝေးရှိရင်
ငါတို့ဟာ မှန်ဘီလူး တစ်လက်ပဲ ဖြစ်သင့်တယ်ကွယ့်

နီးသထက် နီးလာမှ
ငါတို့က ပိုဝေးနေရသလိုဖြစ်
တဖက်တော့ တဖက်တည်းပါပဲ

ဒါပေမယ့်
ငါ့ ဘက်ကကြည့်တော့ အနီးကြည့်
မင်းဘက်ကကြည့် အဝေးကြည့်တဲ့

ချစ်ရတဲ့ မင်းနဲ့ငါ ကြား
မှန်ဘီလူး တစ်ခုပဲ ခြားတယ်




Tuesday, July 15, 2008

:O :) :D :P


မှတ်ပြီလား

တစ်နေ့ လူတစ်ယောက်နေမကောင်းဖြစ်သဖြင့် ဆရာဝန်ထံသွားပြရာ......

ဆရာဝန်- ခင်ဗျားကဘာဖြစ်တာလဲ

လူနာ - ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ။

ဆရာဝန်- အင်း..ခင်ဗျားအစားကိုမှန်မှန်စားဗျာ၊ အဆီအဆိမ့်ကိုလျှော့စား
အသီးအနှံ တွေများများစားပေးဗျ။ အသီးအနှံစားရင်လဲ
အခွံတွေကိုချန်မထားနဲ့ဗျ၊ အခွံတွေကလဲအားရှိတယ်
ဒါနဲ့ ခင်ဗျားဘာသီးအကြိုက်ဆုံးလဲဗျ။

ထိုအခါ လူနာဖြေလိုက်သောအဖြေကြောင့် ဆရာဝန်ဘာပြန်ပြောရမှန်းမသိဖြစ်သွားလေသည်။
လူနာပြောလိုက်သည်မှာကား....

လူနာ - အုန်းသီး။

သူဘယ်မှာလဲ....

ကိုလှ - ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ
ဘာဖြစ်နေတာလဲဗျ။

ကိုမြ - သွားကိုက်လို့ပါဗျာ။ သွားဆရာဝန်ကောင်းကောင်းတစ်ယောက်လောက်ခင်ဗျားသိလား။
နှုတ်ပစ်မလို့ အဲဒီသွားကို။

ကိုလှ - ဟာ.နှုတ်ပစ်စရာမလိုပါဘူးဗျာ။ ကျနော့လိုလုပ်ပါလား။
ဟိုနေ့ကကျနော်လဲသွားကိုက်တာ၊ အဲဒါကျနော့မိန်းမကိုခေါ်ပြီး
နှုတ်ခမ်းချင်းစုပ်ပြီးနမ်းလိုက်တာ ကောင်းသွားရောဗျ။
ခင်ဗျားလည်းစမ်းကြည့်ပါလား။

ကိုမြ - ဟာ...အဲဒါဆိုမဆိုးဘူးဗျ။ ကျနော်စမ်းကြည့်မယ်ဗျာ။
ဘယ်မှာလဲ ခင်ဗျားမိန်းမ။