Sunday, February 15, 2009


ရာသီဥတုတွေက တဖြည်းဖြည်း ဖောက်ပြန်လာမှန်း သိသာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းလတုန်းကဆို နှင်းကျတဲ့ ရက်ဆိုတာ တော်တော် ရှားပါတယ်။ တကယ်ဆို ၁၁ လပိုင်းအစကနေ ၁ လပိုင်းထိက နှင်းအကျဆုံး အချိန်တွေပေါ့။ ၂ လပိုင်းဆိုတာ မော်စကိုမှာ နှင်းကျတာ တော်တော်ရှားသွားပါပြီ။ အခုတော့ ဒီလို မဟုတ်ဘဲ ဆောင်းတွင်းဆိုတာကြီးကို အပီအပြင် ပီသနေပါတော့တယ်။ မနေ့က ချစ်သူများနေ့လို့ သတ်မှတ်ထားတဲ့ နေ့ကလည်း နှင်းတွေ မိုးရွာသလို ကျနေတယ်။ ဒီနေ့လည်း ထပ်ကျနေပါသေးတယ်။ နှင်းထုက တစ်ချို့နေရာတွေမှာ ၁၅ လက်မလောက် ရှိမယ်ထင်ပါတယ်။ ဒါနဲ့မနေနိင် မထိုင်နိင်တဲ့ သူငယ်ချင်းတွေက ဓါတ်ပုံလျှောက်ရိုက်ဖို့ ခေါ်တာကြောင့် ပြန်ခါနီး နောက်ဆုံး မော်စကိုဆောင်းကို နုတ်ဆက်တဲ့အနေနဲ့ ဓါတ်ပုံလေးတွေ ထွက်ရိုက်ခဲ့ပါတယ်။



အရာရာဟာ...တိတ်ဆိတ်နေတယ်


ဖြူလွှလွှနှင်းတွေပေါ်မှာ နှင်းဆီနီတပွင့်ခြွေထားတာ သဘောကျလို့ ရိုက်ခဲ့သေးတယ်


သူကတော့ အေးဆေးပဲ....လှမ်းလျှောက်နေတယ်


ဒါကတော့....ဟဲဟဲ


9 comments:

လင်းဒီပ said...

ရိုက်ပါ ရိုက်ပါ မော်စကိုဆောင်း....မောင်စကိုဆိုး...:P

နှင်းပွင့်ဖြူ said...

အောက်ဆုံးပုံက ဘယ်က ငနဲလဲကွ ....... ဟတ်ဟတ်

Anonymous said...

နှင်းတွေကြားထဲမှာ ကြော်ငြာဝင်တယ်ထင်တယ် ဟဲဟဲ

ကိုရင်ညိန်း said...

အစ်ကို .. ရေတိမ်နစ်တယ်ပဲကြားဖူးပါတယ် ။
အစ်ကို့ ကျမှ ဘယ့်နှယ့် နှင်းတိမ်နစ်ရတယ်လို့ :P
အဟေးဟေး

Anonymous said...

ကဆိုးသွမ်း ရိုက်ချက်တွေ လာကြည့်သွားတယ်း)

khin oo may said...

လှပါသည်။ except..

Anonymous said...

နှင်းဆီပွင့်တွေက သွေးစက်တွေနဲ့တူတယ် ... ကျန်တဲ့ပုံတွေတော့မိုက်တယ် ...

Unknown said...

ရှုခင်းတွေလည်းလှပါသည်။
ကင်မရာအယူအဆလည်းကောင်းပါသည်။
အောက်ဆုံးကတစ်ခုပဲ ဖြတ်နေတာ :P

မီးငယ် said...

အောက်ဆုံးကပုံလေးကလွဲလို့ကျန်တာအားလုံးလှ... :D
တစ်မျိုးမထင်ပါနဲ့ မျက်နှာမြင်ရရင်ပိုလှမှာလို့.... :P