Sunday, February 1, 2009

ဖြစ်တည်မှု သဘောတရား




အချိန်တန်ရင်
တိတ်တဆိတ် ထွက်သွားခဲ့ချင်တယ်

ဘယ်နေ့.....ပြန်လာမလဲ
ငါ မမေးပါဘူး
မင်းပြန်လာတဲ့အထိ...ငါ စောင့်နေပါ့မယ်လို့ပဲ
ပြောထားခဲ့မယ်

မိုးလှိုင်ညက ............ဖေဖော်ဝါရီကို
ချစ်ရက်နဲ့ မုန်းနေတာလား
မုန်းရက်နဲ့ ချစ်နေတာလား
ငါ....မသိပါဘူး
ငါသိတာ....ဖေဖော်ဝါရီမှာလည်း
မင့်...ငါ့အနား မရှိနေတာပဲ ငါသိတယ်

အဲဒီလို...ဖေဖော်ဝါရီလတွေကို
ခံနိင်ဖို့
မင်း...အပြုံးတွေနဲ့ ငါအားမွေးထားတယ်

တကြိမ်တခါမှ ထိတွေ့ခွင့်မရသေးတဲ့
မင်းလက်ချောင်း သွယ်သွယ်လေးတွေကို
ငါပိုင်ဆိုင်တဲ့နေ့
ဘ၀မှာ အပျော်ဆုံး ဖြစ်ပါလိ့မ်မယ်

အခုတော့
လမ်းထိပ် လက်ဖက်ရည်ဆိုင် ကျဉ်းလေးထဲကနေ
မင်းမစီးဘူးတဲ့ ဘက်စ်ကားပေါ်ကနေ
လူတွေကျပ်တဲ့ ရန်ကုန်ရဲ့ ညဈေးတန်းကနေ
မင်းကို....ငါလွမ်းမယ်

ဖုတ်ပူမီးတိုက် ဘ၀ကို ရုန်းကန်ရင်း
မင်းင့ါကို...သတိရပါ
ငါကလည်း အစိမ်းရင့်ရောင်ပေါ်ကနေ
မင်း....ရှိနေမယ့် ဒေသကို
သတိရနေမယ်........ဒဏ္ဍာရီ


9 comments:

khin oo may said...

ဒါကတော့ တာရာမင်းဝေ မဟုတ်.. ဆိုးသွမ်းလား ရေးသူ ကို သိချင်မိတ်ဆက်ချင်လို့ပါ။

ဆိုးသွမ်း said...

ဘယ်လိုပြောမလဲ ပေါ့နော်
ဒီလိုပေါ့နော်....

မောင်မျိုးမင်း ( ရေတွင်းနစ် ) လိုပဲ
ရေတွင်းနစ်အစစ်အမှန်တွေပါ...အစ်မရေ :P

မီးမီးငယ် said...

ဖေဖော်ဝါရီမှာမရှိဘူးဆိုတော့
ဘယ်လတွေမှာများရှိနေမလဲ
း)

လူတွေကျပ်တဲ့ ရန်ကုန်ရဲ့ ညဈေးတန်းကနေ
မင်းကို....ငါလွမ်းမယ်

ကြည့်မြင်တိုင် ညဈေးတန်းကိုပြောတာလား
း)

Apprenticeship said...

အလွမ်းငွေ့တွေပါနေလို့လားမသိဘူး ကဗျာလေးက အရမ်းကောင်းတယ်။

Anonymous said...

ကြိုက်ပြန်ပြီးးး)

လင်းဒီပ said...

မောင်ဆိုးသွမ်းတစ်ယောက် စိတ်တိုင်းကျ လွမ်းစေသတည်း..

Unknown said...

တော်ပြီ..အဲဒီ ဖေဖော်ဝါရီကို အမုန်းဆုံးပဲ...
ဖေဖော်ဝါရီ အဆုံး
အသည်း ကြွေပြုံး
အငို ထုံးကို
နှလုံး မူကာ
ငါ့ကို အဆုံးသာ စီရင်ခဲ့ပါတော့ကွာ..

ဖေဖော်ဝါရီမှာပဲ ထားခဲ့တယ်ဗျ..သားသား ကောင်မလေးက
အီး..ဟီး... လာငိုသွားတယ်..ငိုစရာ နေရာမရှိလို့ .. :P

Anonymous said...

ဝေး.....
ကဗျာလေး..ကောင်းလှချည်လား...

Anonymous said...

လှတယ်ဗျား...
ဖုတ်ပူမီးတိုက် ဆိုတာကိုတော့ သိပ် မခံစားရဲဘူးဗျိုး..