Thursday, February 5, 2009



တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းလွန်းပါတယ်။ Amazon တောထဲက ဟယ်လီကော်ပတာကိုတောင် မြှားနဲ့ လှံနဲ့ ပြန်ပစ်နေတဲ့ သူတွေ ၊ လူ့ယဉ်ကျေးမှုနဲ့ အဆက်ပြက်နေတဲ့သူတွေ ၊ အဆင့်မြင့်နည်းပညာဆိုတာ မသိတဲ့ သူတွေ ၊ ကိုယ့်ရိုးရာ ကိုယ့်ဓလေ့နဲ ဘိုးစင်ဘောင်ဆက် တောထဲနေလာတဲ့ သူတွေ ၊ ဒီလို လူမျိုးတွေ ဘယ်လောက်များ ရှိလိမ့်မလဲ။ ကြည့်ပါဦး လေယဉ်ပျံကိုတောင် ပြန်တိုက်ခိုက်နေကြတယ်။ သူတို့ရဲ့ ဘ၀နေထိုင်မှုကို ကျွန်တော် စိတ်ဝင်စားပေမယ့် အဲဒီကို သွားမလားဆိုရင်တော့ မသွားချင်ဘူး။ :)










@boston.com

11 comments:

Anonymous said...

ဒါဆို လူရိုင်းတွေဆိုတာ တကယ်ရှိသေးတာပေါ့ ။ ရောမကားတွေမှာပဲ ကြည့်ဖူးတာ ၂၁ ရာစုမှာတောင်ရှိသေးဆိုတော့ အံ့သြစရာ ။

Anonymous said...

သူတို့စိတ်ထဲမှာ ဒီပုဇဉ်းကြီးက ဒီညစာအတွက် လုံလောက်မယ် ထင်လို့ နေမှာပါ ကိုဆိုးသွမ်းရဲ့ ... :)

Anonymous said...

စိတ်တော့အတော်ဝင်စားဖို့ကောင်းသား.. အကို့လိုပဲ
သွားမလားဆိုမသွားရဲ..း)

Anonymous said...

ဆိုးကြီး အဲဒီမှာ မင်းအလုပ်လုပ်ရမယ်ဆိုရင်... လူရိုင်းမလေးတွေနဲ့ ပျော်စရာကြီးနေမှာကွ... မင်းသွားလိုက်... :D

လင်းဒီပ said...

ဘာပဲဖြစ်ဖြစ် သွားကြည့်သင့်တယ်..
ဆိုးသွမ်းခရီးသွားနေသည် ပေါ့..လွင်မိုးကို အားကျလို့..:P

Anonymous said...

တော်တော်လက်ဖြောင့်တယ်နော် အဲလူရိုင်းတွေက
း)

ဆိုးသွမ်း said...

ဟဲဟဲဟဲ....ကော်မန့်တွေကို သဘောကျလို့။

Apprenticeship said...

အင်း တကယ်တမ်း စဉ်းစားရင် ငါတို့နိုင်ငံက ဒီလူရိုင်းတွေနဲ့ သိပ်မတူဘူးဗျ... ဟယ်လီကော်ပတာတွေ မပစ်ချတောင်း မိတ်ဆွေကောင်းနဲ့ မိတ်ဆွေတု မရွေးချယ်တတ်တဲ့ နေရာမှာတော့ ဆင်တူကြမယ်။ တခြားဆင်တူတွေလဲ အများကြီးနော် :(

Anonymous said...

မောင်လေးမျိုး ပြောသလို့ လူရိုင်းတွေ လို့ ခေါ်လို့မရပေမဲံ့...)
မြန်မာပြည်ထဲ..လဲ အများ ကြီး ရှိတယ်..
ဟယ်လီကော်ပတာ ကို..လှံ နဲ့
ပစ်ရလောက်အောင် ကို အခွင့်မကြုံ တဲ့ သူတွေ...
ဒါပေမဲ့ သူတို့ ဘ၀ တွေ ဟာ..လောဘ မရှိပဲ အေးချမ်း လွန်း လှတာ..
ကိုယ်တိုင် မြင်ခဲ့ ဖူး တယ်.....
အဲဒီတုန်း က..တွေးခဲ့ မိတာပေါ့...
ကွန်ပျူတာ တတ်တော့ ရော ဘာဖြစ်သွားလဲ....
ကိုရီးယားကုတ်မ၀တ်ရတော့ ရော ဘာဖြစ်သွားလဲ...
တီဗီ မကြည့်ရလို့ လဲ ..သူတို့ ၀မ်း မှ မနည်းတာ..
ဘာအတွက် မှ..၀မ်းနည်း အားငယ်ခြင်း မရှိတဲ့ သူတွေ.........

Dr. Yi Yi Win said...

“လေယာဉ်ပျံကိုခဲနဲ့ ပေါက်ရင်ထိလိမ့်မယ်” ဆိုတဲ့သီချင်းလေးပြန်သတိရတယ်။
တို့ နဲ့ တို့ မောင်လေးလည်း ဟယ်လီကော်ပတာကို ခပ်နိမ့်နိမ့်ပျံနေတာ စမြင်ဖူးကာစက ကစားနေရင်းက ထွက်ပြေးမိတယ်။ ကွတ်ခိုင်တပ်ထဲတုန်းကပါပဲ။ သူငယ်တန်းတုန်းက။

ကြယ်ပြာ said...

သွားလည်ပါလား ဆိုးသွမ်းရဲ့ ...း)