ဆိုတဲ့ စာသားအစလေးနဲ့ အသစ်ထွက်လာတာကတော့ နိင်ငံကျော် စာရေးဆရာမရဲ့ ၀တ္တုသစ်ဖြစ်တဲ့ “ သူမင်းကို ဘယ်တော့မှ.....” ဆိုတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်လေးကို ဖိုရမ်က စာတင်ပေးတဲ့ ကိုညီလင်းငယ်က ၀တ္တုစာအုပ်ကို နေ့တိုင်း Scan ဖတ်ပြီး နည်းနည်းစီ တင်ပေးနေတာပါ။ ဒါကြောင့် အဆုံးထိတော့ သူ့မှာ အချိန်မရသေးတော့ မပါသေးပါဘူး။ ဒီစာအုပ်ဟာ ဘယ်လိုမျိုးလဲဆိုတာကိုတော့ စာဖတ်သူတစ်ယောက်ဖြစ်တဲ့ ကိုwpp က ယခုလို ပြောကြားသွားပါတယ်။
ဒီ novel နဲ့ ပတ်သက်လို့ ကျွန်တော် ခံစားမိတာလေးတွေ ရှိလို့ပါ။ ကျွန်တော် ခံစားမိတဲ့အတိုင်း ရိုးရိုးသားသား ရေးပြခြင်း ဖြစ်ပါတယ်။ တခြား ဘာသဘောမှ မပါ ပါဘူး။
အနုပညာ နဲ့ စာရေးခြင်း အတတ်ပညာ (composition)၊ ဒီနေ့ မျက်မှောက်ခေတ် အခြေအနေ စတာတွေကို လှပစွာ၊ ကျွမ်းကျင်ပိုင်နိုင်စွာ ရောယှက်ဖန်တီးထားတဲ့ novel ကောင်း တစ်ပုဒ်ပါ.
ဒီနေ့ခေတ်မှာ ပလူပျံအောင် ထွက်နေတဲ့ အရည်မရ အဖတ်မရ၊ ရသမမြောက်၊ ကပေါက်တိကပေါက်ချာ စာအုပ်များထဲမှာ တမူထူးခြား ထင်ရှားတဲ့ စာအုပ်တစ်အုပ်ပါ
ကျွန်တော့်ရဲ့ personal အမြင်ကတော့
1. ကျွန်တော် ဂျူးရဲ့ ကျွန်မ၏သစ်ပင် နဲ့ ကြယ်စင်တံတား ကမ်းပါးနှင်းမြူ (လျှို့ဝှက်သောနှင်း ရုပ်ရှင်ရဲ့ original) တို့ကို ဖတ်ဖူးပါတယ်။ နှစ်ခုလုံး မကြိုက်ပါဘူး။
ကျွန်မ၏ သစ်ပင် မှာ နိုင်ငံတကာဂီတ အကြောင်း (aerosmith တို့ guns n roses တို့ အကြောင်းနဲ့ သူတို့ရဲ့ နာမည်ကြီးသီချင်းအချို့) ကို ဖြစ်ညှစ်လေ့လာပြီး စာရေးခြင်း အတတ်ပညာ သက်သက်နဲ့ ဖန်တီးထားတယ် လို့ ကျွန်တော် မြင်ပါတယ်။ (မာန် တောင်လုံးပြန် ရဲ့ ဒရမ်ဆရာ ဆိုတဲ့ novel နဲ့ ယှဉ် ဖတ်ကြည့်ရင် ပိုကောင်းမှာပါ)
ကြယ်စင်တံတား ကမ်းပါးနှင်းမြူ မှာ အဓိကဇာတ်ကောင်ရဲ့ ဖခင် zoological professor တစ်ယောက်က ရှားပါးလိပ်ပြာ ရှာတဲ့ plot (ဖာတ်လမ်းရဲ့ momentum trigger plot) ဟာ မြန်မာပြည် အနေအထားအရ Logical မဖြစ်ဘူး လို့ မြင်ပါတယ်။
(ဒီ novel ထက် အများကြီး ပိုပြီး logic လွတ်တဲ့ novel တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ စာရေးဆရာ(မ) ဂျူးဟာ အဲဒီလို သူသူငါငါ စာရေးသူ (စာရေးဆရာ မဟုတ်) တွေနဲ့ ယှဉ်ရမယ့် သူမျိုး မဟုတ်ပါဘူး။)
2. ဒါပေမဲ့ ခု “သူမင်းကို ဘယ်တော့မှ.......” novel ကတော့ အဲဒီ ကျွန်တော် ပြောခဲ့တဲ့ novel တွေထက် အများကြီး သာပါတယ်။
ဘာကြောင့်လဲဆိုရင် (
ကျွန်တော့် personal အမြင်အရ သက်သက်ပါ) သူ့ရဲ့ ဘ၀အတွေ့အကြုံ၊ international society တွေနဲ့ ရင်းနှီး ကျွမ်းဝင်မှု စတဲ့ အားသာချက်တွေ ကြောင့်ရော၊ အဲဒီ အားသာချက်တွေကို ဒီထဲမှာ အကွက်ကျကျ ထည့်သွင်းနိုင်မှုကြောင့်ရော လို့ ပြောရမှာပါ။
3. နောက်ပြီး scholarship programme (american center က offer လုပ်တဲ့ fullbright scholarship prog လို့ ကျွန်တော် ထင်ပါတယ်)တစ်ခုမှာ မေးတဲ့ မေးခွန်းတွေအပေါ်မှာ အခြေခံပြီးတော့ ဒီ Novel ကို inspire လုပ်ယူတယ်လို့ ကျွန်တော် ယူဆပါတယ်။
ဘ၀ရဲ့ အရေးအပါဆုံး အချိုးအကွေ့ တစ်ခု အကြောင်း ဆိုတဲ့ အခန်းရယ် ကိုယ်တိုင် ဖြေရှင်းအောင်မြင်ခဲ့ရသော ပြသနာတစ်ခုအကြောင်း ဆိုတဲ့ အခန်းရယ် အဲဒီ chapter နှစ်ခုကို သတ်သတ်စီ တည်ဆောက်ပြီး၊ နောက်ပိုင်း အရှိန်ရသွားတော့မှ အဲဒီထဲက plot တွေကို သူ့ရဲ့ စာရေးခြင်းအတတ်ပညာနဲ့ ပြန် ချိတ်ယူထားတယ် လို့ ကျွန်တော် ယူဆပါတယ်။
4. နောက်တစ်ခုက ရသ ပိုင်းပါ။မြန်မာပြည် လူငယ်အသိုင်းအ၀ိုင်းရဲ့ ဒီနေ့ခေတ် အကြောင်းအရာတွေ (NGO တွေ၊ HIV asylum တွေ၊ email သုံးစွဲမှု၊ scholarship program interview စသဖြင့်) ပါနေတော့ အပျော်ဖတ်အဆင့်ထက် မြင့်တဲ့ ရသစာပေ ရှားလှတဲ့ ဒီခေတ်ကြီးမှာ အလွန်ကို ဖတ်ရတာ အရသာရှိပါတယ်။ ကိုယ်နဲ့ တိုက်ရိုက်ပတ်သက်နေသလိုမျိုးလဲ ခံစားရပါတယ်။
အထူးသဖြင့် အေးငြိမ်းမေကို သူခိုးလို့ ထင်လို့ ထိန်းသိမ်းထားတဲ့အခါ တောင်ပေါ်ကျောင်း ဆရာတော်က လိုက်လာပြီး ပြောလိုက်တဲ့ စကားက ထိလှပါတယ်၊ (စာ - 71) ပြောလိုက်တဲ့စကား စကားလုံး ပြောင်မြောက်တာကို ပြောတာ မဟုတ်ပါဘူး။ အဲဒီလို ဖြစ်သွားစေအောင် တွန်းပို့ပေးလိုက်တဲ့ plot ရဲ့ သပ်ယပ်မှု၊ logic ခိုင်မာမှု နဲ့ စာရေးသူရဲ့ အတတ်ပညာကို ပြောတာပါ.
ကြားမကောင်းတဲ့အမှု အတွက် မနွေးခင် အမှုစစ်ခံရတဲ့ အခန်းတွေမှာလဲ (စာ 168 - 183) အရေးအသား ကောင်းလှပါတယ်. အဲဒီလို အနေအထားမျိုးမှာ စာရေးသူကနေ စာဖတ်သူကို ရုန့်ရင်းရာလဲ မရောက်၊ ပေါ်လွင်ထင်ရှားမှုလဲ ရှိအောင် describe လုပ်ဖို့ဟာ သိပ်ကို သိမ်မွေ့ပါတယ်။
ယုံကြည်မှု တည်ဆောက်ခြင်း ဆိုတဲ့ အပိုင်းမှာ stephen R Covey ရဲ့ building the trust သဘောတရားကို ကျောရိုးပြုပြီး ဖန်တီးထားတာကလဲ ရသ မြောက်ပါတယ်။
ဇာတ်သိမ်းကို suspense ဆန်ဆန် ဖန်တီးထားတာကိုတော့ ကျွန်တော် အရသာ မတွေ့ပါဘူး။
5. ဒီ novel နဲ့ ပတ်သက်လို့ ကျွန်တော့် အယူအဆ ကတော့ဒီထဲက ဇာတ်ကောင် မိန်းကလေးဟာ ဆင်းရဲ ပါတယ်။ ကြိုးစားပါတယ်။ ကံကို အပြည့်အ၀ လက်မခံနိုင်ပါဘူး။ လက်တလော ပြသနာကို လက်ရှိဘ၀အတွင်းမှာရှိတဲ့ solution method နဲ့ ဖြေရှင်းလိုတယ်လို့ ကျွန်တော် မြင်ပါတယ်။
ကျွန်တော် လုံးဝ လက်မခံနိုင်ပါဘူး (ဂျူးကို ပြောခြင်း မဟုတ်ပါဘူး။ ဇာတ်ကောင်ကို တကယ်ရှိသကဲ့သို့ သုံးသပ်ကြည့်မိတာပါ)
ဒီဇာတ်ကြောင်းကို novel လို့ မယူဆဘဲ တကယ့် အဖြစ်အပျက်ကလေး အဖြစ် ယူဆပါစို့။
ဒီလောက် တိုက်ဆိုင်မှုတွေ (သူက ဖော်ထုတ်လိုက်လို့ ထောင်ကျသွားတဲ့ ဒေါ်ခင်ဆင့်က သူ့အသက်ကို ပြန်ကယ်ရတာ၊ ဒေါ်ခင်ဆင့် မြွေကိုက်ခံရတော့ သူက ပြန်စောင့်ရှောက်ဖို့ အခွင့်အရေး ရလာတာ၊ ဒေါ်ခင်ဆင့်ရဲ့သမီး တိုးတိုးနဲ့ သူနဲ့ ရန်ကုန်လိုမြို့မှာ တိုက်တိုက်ဆိုင်ဆိုင် ပြန်တွေ့တာ မျိုးတွေ) ကြုံရတဲ့ လူတစ်ယောက်ဟာ အတိတ်ကံရဲ့ ဆန်းကြယ်ပုံ အားကြီးပုံကို လက်မခံနိုင်ဘူးဆိုတာ အံ့သြဖွယ်ကောင်းလှပါတယ်။
6. နောက်ဆုံးတချက် ကျွန်တော် ပြောချင်တာကတော့လူ့သမိုင်းမှာ evolution တွေ တဆင့်ပြီးတဆင့် ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ် 100 လောက်က မြွေကိုက်ခံရရင် (ပျောက်စေတန်ခိုးရှင်နဲ့တွေ့တဲ့ လူ ၊ တစ်သောင်းမှာ တစ်ယောက်လောက် ကလွဲလို့) ဘုရင်ပင် ဖြစ်ဦး မလွဲမသွေ သေရမှာပါ. ဒီနေ့ခေတ်မှာ တော့ ရှင်ဖို့ အခွင့်အလမ်း (probability ကို ပြောတာပါ. fate\destiny ကို ပြောတာ မဟုတ်ပါဘူး) အများကြီးပါ။
ဟုတ်ပါတယ် မြွေဆိပ်ဖြေဆေးကိုလဲ လူကဘဲ ထွင်ခဲ့တာပါဘဲ။ ဒါပေမဲ့ မြွေကိုက်ခံရဖို့ အခွင့်အလမ်း များတဲ့ (ဥပမာ - မြွေပေါတဲ့နေရာမှာ နေရတဲ့ \ အလုပ်လုပ်ရတဲ့) လူတစ်ယောက်ဟာ မြွေဆိပ်ဖြေဆေး ထွင်ပြီးတဲ့ ခေတ်မှ ငါလူဖြစ်မယ်၊ မြွေဆိပ်ဖြေဆေး မပေါ်ခင် ငါလူမဖြစ်သေးဘူး လို့ ရွေးလို့ ရပါသလား။
ရောင့်ရဲတတ်ခြင်း၊ ကိုယ်ချင်းစာတရား ရှိခြင်း၊ ထားနိုင်ခြင်း ဆိုတာကသာ ဒီ novel ထဲမှာ ပါတဲ့ ပြသနာတွေရဲ့ အဖြေ ဖြစ်မယ်လို့ ကျွန်တော် ယူဆပါတယ် လို့ ဆွေးနွေးပြောကြားသွားပါတယ်။
စာမျက်နှာ ၁ - ၈၅ ထိပြီးသလောက်ကို ဒီမှာယူနိင်ပါတယ်ခင်ဗျာ။
အဆုံးထိရရင်လည်း ပြန်တင်ပေးပါ့မည်။ အခုတော့ နမူနာလေးပေါ့။
scan file ဖြင့်
http://ifile.it/numrth5Pdf file ဖြင့်
http://ifile.it/kl9rc4xor
http://www.zshare.net/download/56242256436aa895/