Friday, June 13, 2008

တယ်လီဖုန်း


“ တယ်လီဖုန်း”

ချစ်တယ်လို့ ခဏခဏ ပြောဖို့ မနှမြောစမ်းပါနဲ့
မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာ “ အလွမ်း ” နဲ့မှ အာသာဖြေလို့ မရဘူး

ငါတို့ ဘာဖြစ်လို့ အငြင်းပွားနေကြရတာလဲ
( တစ်ယောက်ကို တစ်ယောက် ) နားမလည်တာလည်း
မဟုတ်ဘဲနဲ့

ငါတို့ ဘာဖြစ်လို့ တစ်ယောကို တစ်ယောက်
သံသယ ဖြစ်နေကြတာလဲ
“ ယုံကြည်ပါ ” လို့ ပြောစရာ မလိုလောက်အောင်
ယုံကြည်ထားခဲ့ရဲ့သားနဲ့

ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကို တစ်ယောက်
ဒေါသတွေ ဖြစ်နေကြတာလဲ
တို့နှစ်ယောက်ရဲ့ အချစ်ဟာ
“ ကျိုးလွယ် ပဲ့လွယ်လည်း မဟုတ်ဘဲနဲ့ကွယ် ”

ငါတို့ လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့်ကြည့် အကဲခပ် နေကြပုံမျိုး
ဒါ စစ်တုရင် ထိုးနေတာလည်း မဟုတ်ဘဲနဲ့

မင်း ငါ့ကို လွမ်းတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောပါ
ငါ လွမ်းတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောမယ်

“ ချစ်တယ်” ဆိုတဲ့ စကားလုံးကို မကြာခဏပြောဖို့
မနှမြောစမ်းပါနဲ့
အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပါပဲ
မင်းက ဘာစကားမှ မပြောဘဲ ဖုန်းကို ပိတ်ထားရင်
ဘာမှ အသုံးမ၀င်တဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့
ဘာထူးတော့မှာလဲ ....... ။ ။

မင်းခိုက်စိုးစန်



2 comments:

Unknown said...

“ ချစ်တယ်” ဆိုတဲ့ စကားလုံးကို မကြာခဏပြောဖို့
မနှမြောစမ်းပါနဲ့
အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပါပဲ
မင်းက ဘာစကားမှ မပြောဘဲ ဖုန်းကို ပိတ်ထားရင်
ဘာမှ အသုံးမ၀င်တဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့
ဘာထူးတော့မှာလဲ ....... ။ ။
ဟုတ်တယ်.... ဒါပေမယ့် ပိုက်ဆံ ကုန်တယ်ဗျ။ ဟီး...ဟီး

မင်းကျန်စစ်။ said...

ချစ်တယ်လို့ ခဏခဏ ဖုန်းဆက်ပြောချင်ပါတယ်။ ဒါပေမယ့် ဈေးကြီးလို့ တတ်နိုင်ဘူးဖြစ်နေတယ်။ :D