5 years ago
Friday, January 4, 2008
သိပ်လှတယ်....ကောင်မလေးရေ
မင်းက သွားတဲ့ဇာတ်...ငါ့ကိုငါ
ဘယ်နေရာမှန်းမသိအောင်
ဈာန်ဝင်လို့...ဖျော်ဖြေနေခဲ့တာ
ကန့်လန့်ကာ..မကျခင်
ဇာတ်သိမ်းခန်း ရောက်တော့မှ
ငါက...မင်းတို့ဇာတ်လမ်းထဲ
မင်းက သွားတဲ့ဇာတ်...ငါ့ကိုငါ
ဘယ်နေရာမှန်းမသိအောင်
ဈာန်ဝင်လို့...ဖျော်ဖြေနေခဲ့တာ
ကန့်လန့်ကာ..မကျခင်
ဇာတ်သိမ်းခန်း ရောက်တော့မှ
ငါက...မင်းတို့ဇာတ်လမ်းထဲ
လူကြမ်း ဖြစ်မှန်းမသိ ဖြစ်နေခဲ့တယ်
ရှိစေတော့.....ရှိစေတော့
ရှိတ်စပီးယားပဲ စခဲ့တာလား
ဦးပုညပဲ ရေးခဲ့တာလား မသိတဲ့
ဇာတ်သိမ်းမှာ လူကြမ်းပဲ အသည်းကွဲရမယ်ဆိုတာ
ပြောလို့လည်း ....မထူးဆန်းတော့ပါဘူး
အသုံးကျလို့ ခေါ်သုံးပြီးရင်တော့
ညကြေးလည်း ပေးစရာ မလိုဘူး
ထမင်းလည်း ကျွေးစရာ မလိုဘူး
ဇာတ်လမ်းဆုံးရင်...အမောပြေ
မေ့ဆေးတစ်ခွက်တော့ တိုက်
ဒါဆို...အချိန်တန်
ငါအိမ်ပြန်တော့မယ်
ရွာအပြန် မျက်နှာပန်း မလှလည်းနေပါစေ
ဖြေစရာ ဝေဒနာမရှိရင် ကျေနပ်ပါပြီ
နုတ်ဆက်တယ်...ကောင်မလေးရေ
နင်ကမလှပေမယ့်..ငါက အ ခဲ့တော့လည်း
ငါ့ထိုက်နဲ့ ငါ့ကံလို့သဘောထား
နေရာမှန် ငါ ပြန်တော့မယ်
ငါ့ကို လက်မပြပါနဲ့....။
Labels: ကဗျာ
Subscribe to:
Post Comments (Atom)
3 comments:
အိမ်ပြန်သွားတယ်ပေါ့..ဟိဟိဟိ
လက်ပြပါဟ..နင်ကလည်း...လက်မပြပဲ..ပြန်သွားတာပေါ့..
ကောင်းတယ်သယ်ရင်း...
ငါလည်းရေးတတ်ချင်တယ်..နင်ကတော့တော်ပ..
ကြိုက်တယ်ကဗျာလေး..
ငါယူသွားတယ်...
အိုကေတယ်နော်
အိမ်ပြန်သွားတော့ မှာလားဂျ...၊
ဂလို ဖစ်တာလဲဟင်...၊
အော် သဘောက်ပေါလာသလိုပဲဂျာ...၊
ဟုတ်တယ်ဟုတ် အဟဲ...:)
ဟာ လက်မပြ ရင်ပြန် သွားမှန်း မသိလိုက် သလို ပြီးသွားမှန်း လည်း မသိနိုင်ဘူးလေ ကွာ ကောင် ရ။
Post a Comment