Monday, January 7, 2008

ငိုစမ်း.....
မင်းက...မွေးကတည်းက
မျက်ရည်ကျဖို့ လူဖြစ်လာခဲ့တာ

မင်း...ငိုတာ
သူများတွေ အတွက်...နေ့စဉ်လာနေကြ
ရုပ်သံသတင်းတွေလိုပဲ
ရင်လည်း မခုန်ဘူး...ထူးလည်းမထူးဆန်းဘူး
သမားရိုးကျ.....စိတ်ဝင်စားဖို့ မကောင်းတဲ့ ဖြစ်စဉ်ကြီး

မင်း...ကသာ
စိတ်ညွှန်ကြားရာ....ခံစားမှုခွက်ထဲ
ဝေဒနာတွေ ထည့်ထည့်သောက်ပြနေတာ
သူတို့က...သူတို့အိမ်က
အိမ်မွေးတိရိစ္ဆာန်လောက်တောင်...မင်းကို ဂရုမစိုက်ဘူး

လာမရပ်နဲ့ကွာ
ဖြစ်နိင်ရင်....ငါနဲ့လည်း ဝေးဝေးသွားနေ
မင်းကို နှစ်သိမ့်ဖို့အတွက်....ငါရင်ဘတ် ငါသနားတယ်

မင်းဘ၀တော့...မင်းနာလည်သင့်တယ်
မင်းဘယ်သူလည်း...မင်းဘာလုပ်လည်း
မင်းဘယ်က လာသလည်း...မင်းဘာတွေ လုပ်ဦးမလည်းဆိုတာ
သူတို့အတွက်....ရေသောက်တာလောက်တောင် သတိမရဘူး

ဘာလည်း...ငိုချင်သေးတယ် “ဟုတ်လား”
အင်း....ကောင်းပြီလေ
ဒီတစ်ခါလည်း ငါမကြားချင်ပေမယ့်
မင်းက ငါ့ကို ပိုင်တော့..ငါဆိုတဲ့ ဒီကိုယ်ကြီးက
“ မင်း ” ဆိုတဲ့ စိတ်ညွှန်ကြားတဲ့ အတိုင်း
မျက်ရည်တွေ ကျပြရဦးမှာပေါ့

ဒါပေမယ့်
ဒီတစ်ခါတော့ နောက်ဆုံး ဖြစ်ပါစေကွာ
နားလည်ပေးနိင်ပေမယ့်...ငါ့ကိုယ်ငါလည်း သနားတယ်
ကဲ...နောက်ဆုံးအကြိမ် ရှိုက်လိုက်ဦး
နောက်တစ်ကြိမ်တစ်ခါတော့
မင်းအတွက်..ငါဘယ်တော့မှ မရှင်သန်စေရဘူး

2 comments:

ပန်းခရေ said...

တစ်ကိုယ်နဲ့နှစ်ယောက်
ကောင်းတယ်..၈ွတ်ထပဲသယ်၇င်း....
ကဗျာပြင်းလှချီလား...ခံစားချက်တွေပြင်း
ထန်နေတယ်ပေါ့...ဟုတ်တယ်ဟုတ်
ဟီးးးးးးးး..သယ်ရင်းစာမေးပွဲပြီးပြီင်္လား
အဆင်ပြေပါစေ....နာ့ဆီအားရင်လာလည်ပါအုံး
ဟ..သယ်ရင်းရ..

Emily said...

ညီလေးရေ ကဗျာက ကောင်းလှပါလား။ စာအုပ်အတွက် ရေးထားဦးကွာ။ ၅ ပုဒ်နော်။ မမေ့နဲ့။ =P