Thursday, January 31, 2008

ဖြားယောင်းမှု

ငါ့ရာဇ၀င်က
မင်းထင်သလို.... မခမ်းနားဘူး
ကောင်မလေးရယ်....

ပခုံးနှစ်ခုကြား ခေါင်းပေါက်တာချင်းတူတယ်
ခြေဖ၀ါး လက်နှစ်လုံး
စခဲ့တာ....ချင်းလည်းတူတယ်...ဆိုပေမယ့်
အကျိုးပေး မကောင်းတော့လည်း
သူများတွေ နှိမ်ရာဖြစ်ခဲ့တယ် ။

နင် သိပ်ချစ်ပါတယ် ဆိုတဲ့
ငါဟာ...ယိုင်တိုင်တိုင်နဲ့
ချိနဲ့နေတဲ့ ကဗျာတွေ ရေးတက်ရုံကလွဲလို့
နင့်အတွက် ဘာအဆင်အရောင်အသွေးမှ ဆင်ပေးနိင်သူ
မဟုတ်တော့လည်း...ခက်တယ်ကွယ်

အနွေးဓတ် မပေးနိင်တော့တဲ့ တစ်ချိန်
အိမ်မက်ထဲက နင်...နိးထလာခဲ့မှာတော့
ငါ....ကြောက်တယ်


2 comments:

ပန်းခရေ said...

အနွေးဓာတ်တွေမပေးနိုင်ပေးမယ့်
ပေးထားခဲ့တဲ့အနွေးဓာတ်ကိုတော့
သူကမေ့ပါ့မလား
အိမ်မက်နိုးထတာမှာမကြောက်ပါနဲ့
သူလည်းအိပ်တာဟုတ်ချင်မှဟုတ်မှာပေါ့
ဟီးး
ကောင်းတယ်ကဗျာလေးက
ထပ်ရေးအုံးဟ

ကောင်းကင်ကို said...

ညီလေး ရေးတဲ့ ကဗျာလေး ခံစားသွားတယ် ညီလေးရေ။ :-)