Friday, January 11, 2008

ကျဆုံးခြင်း.....

ဘယ်သူထင်ခဲ့ဘူးလဲ
ဘယ်ဘက်ရင်အုံအောက်
တဒိတ်ဒိတ်ခုန်နေတဲ့ အရာက
မင်းကို ရူးသွားအောင်....လုပ်နိင်တာ

ဘယ်သူတွေးခဲ့ဘူးလဲ
မင်း..ရင်ခုန်သံရဲ့ ရှင်သန်ခြင်းက
မင်းအတွက် မဟုတ်ဘဲ...တစ်စုံတစ်ယောက်ကို ရည်ညွှန်းတာ

ဘယ်သူငြင်းခဲ့ဘူးလဲ
အိပ်မပျော် တပျော်အချိန်ဆို
မင်း..အမိန့်မပါဘဲ
နာမည်တစ်ခုတည်းကို မင်းပါးစပ်က ရွတ်ဆိုနေတက်တာ

ဒီလိုသာ ဖြစ်ပြီဆိုရင်
မြေမြုပ်ဖို့နေရာ ရှာထားတော့
သိပ်မကြာဘဲ
မင်း...နှလုံးသားက ကြွေးကြော်လိမ့်မယ်
သူသေဆုံးဖို့ အသင့်ဖြစ်နေပြီလို့ ။



4 comments:

ပန်းခရေ said...

ကျဆုံးခြင်း...
နင့်ကဗျာတွေသိပ်ကောင်းတယ်...
နင့်ကဗျာတွေဖတ်ပြီးတိုင်း...၀မ်းနည်းမိတယ်...
ချစ်တတ်သူတွေ..ကမ္ဘာပေါ်မှာရှိသေးပါလို့...
တွေးမိတယ်....
အချစ်ရဲ့လေးနက်မှုများစွာကို ...ခံစားမိတယ်...
“...နင်မသိလည်း...ခွင့်ပြုချက်မရလည်း...
နာမည်လေးတော့..ရေရွတ်ခွင့်ပြုပါ..
ချစ်သူရယ်..”
အဲဒီစာသားလေးကြိုက်တယ်...
ပြောပေးနော်...ဟဲဟဲ..သယ်ရင်း

Chaos said...

ငါ့ကောင်ရ
ကဗျာတွေက တယ်ထက်နေပါလားဟ
မိုက်ဒယ် မိုက်ဒယ်
လုပ်သာလုပ်
ချသာချ

ထွန်း said...

တချို့ တလေ နှလုံးသားက ညာဘက်မှာ ရှိတယ်။ သူငယ်ချင်းရဲ့ နှလုံးက ညာဖက်မှာ ထူးခြားစွာတွေ့ ရတယ် ဒါ့ကြောင့် ဒီကဗျာမှာချွင်းချက် ရေးသင့်ပြီ

Anonymous said...

အရမ်းကောင်းတဲ့ကဗျာလေးပဲအစ်ကိုရဲ့။ နှလုံးသားလေးကတော့သနားစရာပဲနော်။