Sunday, September 13, 2009

အိပ်မပျော်သော....ည


အိပ်ကပ်ထဲကို
အသက်ရှုခွင့် မရတော့မယ့်
လူတစ်ယောက်ရဲ့ မျက်လုံးနဲ့
ကြည့်မိတယ်

ဓတ်ဆီ တစ်ကွာတား ၉၀၀ိ/
ထမင်းဆီဆမ်း ကြက်ဥနဲ့ ၁၀၀၀ိ/
မန္တလေး - လာရှိုး  ၁၅၀၀၀ိ/ တဲ့
အစ်ကိုကြီးရယ် ထမင်းဖိုးလေး ဖြစ်ဖြစ်သနားပါ


အားလုံးမှာ ဟန်ဆောင်ထားတဲ့ မျက်လုံးတွေနဲ့
အားလုံးရဲ့ မျက်နှာမှာ တုန်ရီလှိုက်မောမှုတွေနဲ့
အားလုံးရဲ့ လျှာမှာ ဓါးပါးပါးလေးတွေနဲ့
လှီးဖို့  ၊ ဖြက်ဖို့ ၊ စုပ်ဖို့ ၊ စားဖို့
အမဲကောင်ကို မျှော်နေသလိုမျိုး
စူးစူးစိုက်စိုက်နဲ့

ဘယ်လမ်းကိုမှ ကျွန်တော် ရှေ့ဆက်မလှမ်းရဲတော့ဘူး
မိုးခါးရေ မသောက်ရင်
ထမင်းမစားရဘူးလို့ အစ်ကိုက ပြောတော့
ကျနော်စိတ်လေး သိမ်ငယ်သွားလိုက်တာ

အမေ....ကျနော်ကို
ဗိုက်ထဲ ပြန်ခေါ်လှည့်ပါ
ခေတ် တခေတ်လောက်ဖြစ်ဖြစ် ကျွန်တော်နောက်ကျပြီး မွေးပါရစေ








9 comments:

flowerpoem said...

ကိုဆိုးသွမ်း. . . ခံစားချက်တွေလာဖတ်ပါတယ်..

SDL said...

သက်ပြင်းကိုသာချ..........။

khin oo may said...

ကောင်းလိုက်တာ။

ဧရာဝတီသား said...

"မိုးခါးရေ မသောက်ရင်
ထမင်းမစားရဘူးလို့ အစ်ကိုက ပြောတော့
ကျနော်စိတ်လေး သိမ်ငယ်သွားလိုက်တာ"

အဲဒီ့ စာသားလေး အကြိုက်ဆုံးပဲ၊ ကဗျာ တစ်ပုဒ်လုံးကောင်းတယ်။ နောက်တစ်ခေတ် နောက်ကျပြီး မွေးရင်လည်း ဒီ့ထက်ကောင်းချင်မှ ကောင်းမှာပါဗျာ။
အဆင်ပြေပါစေ...
ခင်မင်လျက်

ဟန်လင်းထွန်း said...

လန်းတယ် Bro,

Anonymous said...

"မိုးခါးရေ မသောက်ရင်
ထမင်းမစားရဘူးလို့ အစ်ကိုက ပြောတော့
ကျနော်စိတ်လေး သိမ်ငယ်သွားလိုက်တာ"

"ဒါလေးဖတ်ပြီး၊ သက်ပြင်းကြမ်းကြမ်း ရှိုက်မိတယ်...
မိုးခါးရေ မသောက်ရင်... တကယ်ဘဲ ငတ်ကြတော့မှာလား.... ဒီလိုအဖြစ်က လွှတ်ထွက်နိုင်ဖို့လမ်း တကယ်ကို မရှိတော့ဘူးလား...
မျက်ရည်စလေး သိမ်းရင်း ဖတ်သွားတယ်...

Anonymous said...

မောင်လေးရဲ့
ခံစားချက်တွေကို
ထပ်တူခံစားသွားတယ်

မေဦးခင်

nandar said...
This comment has been removed by the author.
nandar said...

read ur poem. same feeling and i like it. pls let me share.thx :)