Monday, September 28, 2009

ထာဝရမြို့....


တို့ဟူးနွေးနဲ့ အီကြာကွေး
မြှီးရှည်နဲ့ ကြက်အူချောင်း
ရေစိမ်နဲ့   နှစ်ဆိုင်တည်းသော မုန့်ဟင်းခါး
လက်သုံးချောင်း အရေအတွက်ပဲ ရှိတဲ့ လက်ဖက်ရည်ဆိုင်

မြို့အစနဲ့ အဆုံးက ၁ မိုင်နီးပါး
ဈေးနေ့မဟုတ်ရင် လူမလာတဲ့ ဈေးတခု
၃ ယောက်ပဲ ရှိတယ်လို့  သိရတဲ့...ဆေးရုံက ဆရာဝန်
ရှေးဟောင်း မီးသတ်ကား ၁ စီး
စီးပွားရေး ဘဏ် ၁ ခု
ပြောင်းဖူးခင်းတွေ ၊ မြေနေရာဗွက်အပြည့်နဲ့
ခြံစည်းရိုးမရှိ ၊ ပြောင်းသလင်းခါနေတဲ့ ပန်းခြံ

ဆီတကွာတား  ၁၀၀၀ိကျပ်
ဘာစားစား ၅၀၀ိ
ဘိန်းစားတဲ့ လူ
ဆေးပြားသောက်တဲ့ သူတွေပဲ ပေါတဲ့

ကျွန်တော် လွမ်းတဲ့....ကွတ်ခိုင်




7 comments:

Dr. Yi Yi Win said...

ကျွန်တော် လွမ်းတဲ့....ကွတ်ခိုင်? အခုက ဘယ်ရောက်နေလို့ လဲ ဆိုးသွမ်းရဲ့ ။
တို့ ကွတ်ခိုင်မှာ ခဏနားတော့ စားစရာတွပေါမှပေါပဲ။ တရုတ်စားစရာတွေ။ ကားလမ်းမပေါ်မို့ လို့ ထင်တယ်နော်။ ရှမ်းဇီးသီးမှည့် ၀ါဝါပျော့ပျော့လေးတွေ ၀ါးဗူးနဲ့ ထည့်ရောင်းတာတောင် ၀ယ်စားခဲ့သေးတယ်။

Dr. Yi Yi Win said...

ရှမ်းဆီးသီး လို့ ရေးလားမသိ။ လမ်းဘေးမှာပဲ ပေါက်နေတာလေ။ ငယ်ငယ်က လိုက်ခူးစားခဲ့တာသတိရလို့ ဝယ်စားဖြစ်သွားတာ။ ပျင်းရင်လားရှိုးဆင်းလည်ပေါ့။

ကျောပိုးအိတ် said...

ဒီလောက်တောင် စည်ကားရလားကွယ် ။ ကွတ်ခိုင်က။
မရောက်တော့ မရောက်ဘူးသေးဘူး။

လားရှိုးတော့ မကြာခဏရောက်တယ်။
း)

ဘန်းစားပေါတယ်။ ခုနေရာစုံမှာ ပေါနေပြီ။

ကြွက်ဖြူလေး said...

စာနဲ့ပဲဖြစ်ဖြစ် အလည်ခေါ်ပါ
လိုက်ပို့ပါ..

Anonymous said...

ကွတ်ခိုင်ကိုလွမ်းတယ်ဆိုတော့
အခုဆိုးသွမ်းက CC တက်နေတယ်
ထင်တယ်..

မေဦးခင်

Anonymous said...

အစ်မကလည်း cc မတက်သေးပါဘူး။
တက်ရင် အင်တာနက် ဘယ်သုံးလို့
ရပါ့မလဲ..ဟီး

ဆိုးသွမ်း

ကြယ်ပြာ said...

ဆိုးသွမ်းရေ .. ရန်ကုန်မှာဟုတ်ဘူးလား ... ပြင်ဦးလွင်မှာလား ... ကဗျာလေးလာဖတ်သွားပါတယ် ...