Saturday, September 12, 2009

အိမ်အပြန်လက်ဆောင်


လူတွေ... ....
ပြောပြောနေတဲ့
ငွေကြေးကိစ္စ

လူတွေ... ...
ပြောပြောနေတဲ့
ပကာသန ကိစ္စ

လူတွေ... ...
ပြောပြောနေတဲ့
နိင်ငံတကာရေးရာ ကိစ္စ

အဲဒီကိစ္စတွေနဲ့
ကမ္ဘာကြီး အလုပ်ရှုပ်နေချိန်မှာ
သူနဲ့ ကျွန်တော့်ရဲ့
အချစ်ရေးကိစ္စ
စိတ်ချစရာ မကောင်းဘူးဆိုပြီး
ငိုကြီးချက်မနဲ့ ကျွန်တော့်ချစ်သူ
ကျွန်တော့်ကို လမ်းခွဲထားရစ်
ကျောခိုင်းပစ်ခဲ့တယ်

ငွေကြေးကိစ္စ
ပကာသနကိစ္စ
နိင်ငံတကာရေးရာကိစ္စတွေ
စိတ်မ၀င်စားမိဘဲ
ချစ်တာတခုတည်းသာ
သိထားမိခဲ့တဲ့ ကျွန်တော့်ကို

ကျွန်တော့်ချစ်သူက
ငွေစက္ကူတွေနဲ့ ပစ်ပေါက်
ရွှေဆွဲကြိုးတွေနဲ့  ပစ်ပေါက်
နိင်ငံတကာရေးရာ ဂျာနယ်ကြီးနဲ့ ပစ်ပေါက်ပြီး
နိင်ငံခြား ခရီးထွက်သွားတာ
အခုထိလည်း ပြန်မလာသေးဘူး

သူပြန်လာရင်တော့.....
သူ့မျက်နှာကို
သနပ်ခါးတုံးကြီးနဲ့
ကျွန်တော် ပစ်ပေါက်မယ်..။   ။

( မောင်လှမျိုး )


4 comments:

Anonymous said...

good one!

flowerpoem said...

ကောင်းတဲ့ ကဗျာလေး မိုက်တယ် ဗျာ

ကျောပိုးအိတ် said...

ဘုရားရေ

ကျွန်တော့်ချစ်သူက
ငွေစက္ကူတွေနဲ့ ပစ်ပေါက်
ရွှေဆွဲကြိုးတွေနဲ့ ပစ်ပေါက်
နိင်ငံတကာရေးရာ ဂျာနယ်ကြီးနဲ့ ပစ်ပေါက်ပြီး
နိင်ငံခြား ခရီးထွက်သွားတာ
အခုထိလည်း ပြန်မလာသေးဘူး

သူပြန်လာရင်တော့.....
သူ့မျက်နှာကို
သနပ်ခါးတုံးကြီးနဲ့
ကျွန်တော် ပစ်ပေါက်မယ်..။ ။

တော်တော်ရက်စက်တယ်ကွယ်။
သနပ်ခါးတုန်းကြီးနဲ့ ပေါက်မယ်ဆိုတော့
း)

ကြွက်ဖြူ said...

ပြန်မလာရဲအောင် လုပ်နေပြန်ပါပီိ..