Friday, May 30, 2008






မန္ကလေးမြို့ချော်ဆိပ်(သဲဆိပ်)အနီး မှာမနေ့က 28.5.08 မနက် 8 နာရီလောက်က ဧရာဝတီမြစ်ပြင် ရေအောက်က စတင် ဖေါ်ယူခဲ့တာပါ။ ညနေ 6 နာရီလောက်မှာ ဆိပ်ကမ်းကိုအောင်မြင်စွာ ရောက်ရှိခဲ့ ပြီးအနီနားရှိ ရန်မျိုးလုံ ဆုတောင်းပြည့်ဘုရား ၀င်းအတွင်းရှိ စံကျောင်းတော်သို့ ညပိုင်းမှာ ရောက်ရှိ ခဲ့ပါတယ်။

လောလောဆယ် ဘုရားနှစ်ဆူ ဖေါ်ယူရရှိပြီးပါပြီ။ တစ်ဆူက 7 ပေခန့်ရှိပြီး ၊ တစ်ဆူက 3 ပေခန့်ရှိပါတယ်။ ဘုရားများရေ ထဲတွင် ကျန်ရှိနေ သေးသည်ဟု ယူဆပြီး ဆက်လက် ရှာဖွေနေကြ တုံးပါ။ အသက်ကြီး သူများ ပြောစကားအရ လွန်ခဲ့သောနှစ်ပေါင်း 70 ခန့်ကစကျင် ဘက်မှဘုရားများပင့် လာသော ဖေါင် ဒီနေရာတွင်နှစ်မြုပ်ခဲ့ သည်ဟု ဆိုပါသည်။ ဆင်းတုတော်များ၏အချို့နေရာများတွင်သဲကိုက်ထားသော အချေအနေများ အနည်းငယ်ရှိရုံမှ အပ အပျက်အစီးမရှိသလောက် ဖြစ်ကြောင်း ကြားသိရပါသည်။

2 comments:

Anonymous said...

Yutarets! kasagad bah!

Unknown said...

ဘုရားဖူးသွားတယ်။