Sunday, May 11, 2008

အမေများနေ့

အမေများနေ့ ဖြစ်ပေါ်လာပုံ

တကယ်တော့ နေ့တိုင်း နေ့တိုင်းမှာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပါတယ်။ ရာစုနှစ်နဲ့ ချီပြီး ရှည်လျားတဲ့ သမိုင်းကြောင်းဟာ ရှေ့ဟောင်း ဂရိခေတ်က စတယ်လို့ဆိုပါတယ်။ နတ်ဘုရားများရဲ့ မယ်တော်ရီ ဟာ ( Rhea ) ၊ အား ဂုဏ်ပြုပွဲကို ဂရိတွေက ကျင်းပကြတယ်။ ရှေးတုန်းက ခရစ်ယာန်တွေက မယ်တော်မာရီ (Mary) ၊ ကို ဂုဏ်ပြုဖို့ ၀ါတွင်းကာလရဲ့ စတုတ္တမြောက် တနင်္ဂနွေနေ့မှာ မယ်တော်ပွဲကို ကျင်းပကြတယ်။ စိတ်ဝင်စားဖို့ ကောင်းတာကတော့ နောက်ပိုင်းမှာ ဘာသာရေးဂိုဏ်း တစ်ဂိုဏ်းကနေပြီးတော့ အဲ့ဒီနေ့မှာ အမေအားလုံးကို ပါဝင် စေခဲ့တာပဲ။ နေ့ကိုလည်း အမေများရဲ့ တနင်္ဂနွေလို့ မှည့်ခေါ်ခဲ့ကြတယ်။ အမေရိကမှာ အခြေစိုက်တဲ့ အင်္ဂလိပ်ကိုလိုနီတွေကတော့ အချိန်မရကြလို့ အချိန်မရကြလို့ အဲဒီအစဉ်အလာကို မလိုက်နာနိင်ကြပါဘူး။ ၁၈၇၂ ခုနှစ်မှာ ဂျုလီယက်ဝပ်ဒ်ဟိုဝီဟာ ငြိမ်းချမ်းရေးကို ရည်ညွှန်းပြီး အမေများနေ့အတွက် နေ့တစ်နေ့ကို ကျင်းပ ကြပါတယ်။ ဒါဟာ အမေ့နေ့ရဲ့ သမိုင်းမှာ မှတ်တိုင် တစ်ခုပါ။

၁၉၀၇ ခုနှစ်မှာ ဖီလာဒီယ်လ်ဖီးယားကျောင်း ဆရာမ တစ်ဦးဖြစ်တဲ့ အင်နာအမ်ယာဗစ်က သူ့မိခင်ကို ဂုဏ်ပြုပြီး နိင်ငံတော်အဆင့် အမေနေ့သက်မှတ်ရေးကို လှုပ်ရှားခဲ့ပါတယ်။ ရာချီတဲ့ ဥပဒေပြု လွှတ်တော် အမတ်တွေနဲ့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကူအညီကို ရယူပြီး ပထမဆုံး အမေနေ့ကို သူ့မိခင်ကို ဂုဏ်ပြုပြီး ဘုရားကျောင်းမှာ ကျင်းပနိင်ခဲ့ပါတယ်။ အင်နာဟာ သူ့အမေ အကြိုက် ကာနေရှင်းပန်းတွေ ဘုရာကျောင်းမှာ ဝေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပန်းဟာ ချိုမြိန်ခြင်း ၊ သန့်ရှင်းစင်ကြယ်ခြင်း နှင့် စိတ်ရှည် သည်းခံခြင်းတို့ကို ကိုယ်စားပြုလို့ပါ။ သူ့ရဲ့ ကြိုးပမ်းမှုကြောင့် ၁၉၁၄ ခုနှစ်မှာ အမေရိကန် သမ္မတကြီး ၀ုဒ်ဒရိုးဝီလ်ဆင်ဟာ မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့ကို နိင်ငံတော် အားလပ်ရက်အဖြစ် ကြေငြာ ပေးခဲ့ပါတယ် ။ တဖြည်းဖြည်း တရွှေ့ရွှေ့နဲ့ အမေများနေ့ဟာ ပိုမိုထင်ရှားလာခဲ့သလို လက်ဆောင်ပေးတဲ့ လုပ်ရှားမှုတွေဟာလည်း တိုးပွားလာကြပြီး စီးပွားရေးအရ လုပ်စားလာကြလို့ အင်နာဟာ အလွန်အမင်း ဒေါသထွက်ခဲ့ရပါတယ်။ အင်နာ ဘယ်လိုပဲ သဘောထားထား အမေများနေ့ဟာ အမေရိကမှာ ထွန်းကား လာရုံသာမက ကမ္ဘာတစ်ဝှမ်းလုံးမှာတောင် ပြန့်နှံခဲ့ပါတယ် ။

ကျင်းပတဲ့ ရက်တွေသာ ကွဲလွဲကြပေမယ့် ဒိန်းမတ် ၊ ဖင်လန် ၊ တူရကီ ၊ အီတလီ ၊ သြစတြေးလျ နဲ့ ဘယ်လ်ဂျီယံ စတဲ့ နိင်ငံတွေမှာတော့ မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့ကိုပဲ အမေများနေ့ အဖြစ် ကျင်းပကြပါတယ်တဲ့ ။

အမေနှင့်ပတ်သက်၍ နိင်ငံတကာ အခေါ်အဝေါ်တွေကတော့

ပြင်သစ် - မဲ
ဂျာမန် - မတ်တာ
ရုရှား - မှက်ခ်ျ
ဟိန္ဒီူ - မာဂျီ
အင်္ဂလိပ် - မာမီ
အီတလီ - မက်ဒါ
ဆားဘီးယား - မက်ဂ်ျကာ
ဒက်ခ်ျ - မိုအာ
အက်စတိုးနီးယား - အမ်မာ
ဂရိ - မာနာ
ဟာဝိုင်ယီ- မာယူယာဟိုင်း
ဟန်ဂေရီယား - အင်နာ ၊ ဖူ
အင်ဒိုနီးရှား - အင်ဒု(က်) ၊ အီဘူ ၊ ညိုကက်
မြန်မာ - အမေ ၊ မေမေး)

အထက်ပါ စာတွေကတော့ ကျွန်တော်ရေးတာ မဟုတ်ပါဘူး။ ပေါ်ပြူလာမြန်မာကနေ ဖတ်မိတာလေးကို ရေးထားတာပါ။ အသေးစိတ် သိချင်ရင် ဒီနေရာ လေးကနေ သွားရောက် ဖတ်ရှု့နိင်ပါတယ်။ အားလုံးပဲ မုန်းတိုင်းဒဏ်ကြောင့် ၀မ်းနည်းနေမယ်ဆိုတာ သိပေမယ့် အမေများနေ့မှာ ၀မ်းနည်းစွာနဲ့ မုန်းတိုင်းထဲမှာ ပါသွားတဲ့ အမေတွေရော ၊ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ အမေတွေအားလုံးကိုရော ဒီပို့စ်လေးကနေ ကန်တော့အပ်ပါသည်။ အမေ.......

M = Motivater
O = Only
T = Truelove
H = Heartiest
E = Exceptional
R = Responsible

M = Million thing she gave we
O = She is growing old
T = Tear she shed to save we
H = Heart of purest gold
E = Her Eyes , with love , Light shinning
R = Right , and right she`ll always be

6 comments:

Anonymous said...

မော် မကြွားတတ်ပေမဲ့၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မောင်နဲ့ တိုင်းချစ်ပြည်ချစ် ရဲဘော်တချို့ရဲ့ မိခင်တွေဟာလည်း သားနဲ့ ပြည်သူကြားမှာ ဗျာများနေရပေမဲ့ တချိန်ချိန်မှာ မောင်တို့လိုတိုင်းသူပြည်သားတွေကို တကယ်တမ်းချစ်ပြီး အနစ်နာခံတဲ့ ရဲဘော်တွေကြောင့် မော်ကြွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် မောင်။

Unknown said...

အညတရတို့ ဗဟုသုတရှိပုံက အမေနေ့သာသိတာ ဘယ်ကစပြီး ဘာကြောင့်ဖြစ်မှန်း သိဘူးဗျို့။

Unknown said...

အခုမှသိတာ ဟီး... ဝေမျှတာကျေးဇူးဗျ

ပန်းခရေ said...

အမေများနေ့ကို အခုလို သိအောင် ရေးပေးထားတာ ကျေးဇူးတင်ပါတယ်..
စာတွေလာဖတ်သွားပါတယ်
လောကမှာရှိတဲ့ အမေတိုင်း ကျန်းမာပျော်ရွှင်၍ စိတ်ချမ်းသာမှုအပေါင်းနှင့်ပြည့်စုံပါစေလို့
ကိုဆိုးသွမ်းဘလော့မှ
ဂါရ၀ပြုလိုက်ပါတယ်

ein said...

ကိုဆိုးသွမ်း !
ခုလို အမေများနေ့ဖြစ်ပေါ်လာပုံကို မျှဝေပေးတဲ့တွက် ကျေးဇူးပါရှင်...း)

Anonymous said...

Damu pa kmu to?.. Nano ni klase blog man?