Monday, May 26, 2008

ထာဝရအတွက် “ မောင် ”


“မောင်” ဆိုတာ ကျမဘ၀မှာ
ထာဝရသာ ပျောက်ကွယ်သွားခဲ့ရင်
ကျမ ဆိုတာ ကျမ မဟုတ်...သံပတ်ပေးထားသော
စက်ရုပ်တစ်ခုသာ ဖြစ်နေလိမ့်မယ်......

“မောင်” ဆိုတာ ဘ၀မှာ
ကျမအတွက်သာ မဟုတ်တော့ဘူးဆိုရင်
သဘာဝလေက ကျမနှာခေါင်းမှတဆင့်
လေပြွန်ထဲကိုဝင် အလိုလျောက်
အလုပ်လုပ်သွားကြတာပဲ ဖြစ်တော့မယ်......

“မောင်” ဆိုတာ ကျမဆိုတာကို
ရင်ထဲကထုတ် ၊ အမှတ်မရတော့ဘူးဆိုရင်
ကျမ ရင်ထဲ သွင်းထားခဲ့တဲ့ မောင့်ချစ်ခြင်းတွေ အတွက်နဲ့
ကျမ နှလုံးသားက လေးလံ ၊ အလုပ်ပုံမှန်လုပ်တက်ကြတော့မှာ မဟုတ်ဘူး......

ဘ၀မှာ “ ထာဝရ အတွက်...မောင် ”
ဆိုတာ မရှိဘဲ
ကျမ ဆိုတာ ပုံမှန်ရပ်တည်လို့ရတဲ့...လူသားမှ မဟုတ်တော့ဘဲ “ မောင်ရယ် ”


အမည်မသိ

7 comments:

Unknown said...

ဟေ့လူကြီး... ဘုန်းကညာတပါး လုံးရာကပြား သွားတာလားဟ။
ခုတူ ဆိုတာ ဘူတူတုန်းဟ.....
“မောင်” ဆိုတာ ဘ၀မှာ
ကျမအတွက်သာ မဟုတ်တော့ဘူးဆိုရင်
သဘာဝလေက ကျမနှာခေါင်းမှတဆင့်
လေပြွန်ထဲကိုဝင် အလိုလျောက်
အလုပ်လုပ်သွားကြတာပဲ ဖြစ်တော့မယ်......
ဒီအတွေး၊နဲ့အရေးကို ကြိုက်တယ်လို့ ပြောပေးပါဗျာ။

Anonymous said...

ပြောပေးဘူး...အဲဒါ တားချစ်ချစ်။ ဟီးဟီး

:P

Unknown said...

“ ညောင် ” အဲလေ ဟုတ်ပါဘူး
“ မောင် ” ... တော်ကီတွေကတော့ အလန်ကြီးတွေပဲနော်..
အားကျတယ်ဗျာ.. ရေးတဲ့သူက အမည်မသိခေတ်စာဆို တစ်ဦးပေါ့နော်.. နံမည်လည်းရေးမထားတော့ .. မှတ်သား လောက်ပါပေတယ်.. မှတ်သားလောက်ပါပေတယ်...
:P

မောင်ထုဆစ်သော "ပန်းလေး" said...

inn anonymous guidance star ka taw taw chit tat dal naw :P A sin pyae kya bar zae :) :) :)

Anonymous said...

အမည်မဖော်ဘူးဆိုရင်တော့ သေချာတယ် ကိုဆိုးသွမ်း ကောင်မလေးပဲ ဖြစ်ရမယ်း) စာသားတွေက ကြွေလောက်တယ် ။.

Anonymous said...

wala pulos imo blog.

ချစ်ကမ္ဘာ said...

အမည်မသိ ရှေးစာဆိုလေဗျာ။
ဟီး