Wednesday, May 21, 2008

သူတို့...သူတို့၏


လှည့်ကွက်တွေကြားထဲ ငါတိုးမ၀င်မိရင်
ဒီလိုဇာတ်နာပုံတွေ .............ငါသိခဲ့မှာ မဟုတ်ဘူး
ငါ့ရဲ့ ပင်ကိုအတ္တက ဆင်းရဲရှာတော့
လောကကြီးကို စိတ်နာချင်ပေမယ့်
ကိုယ့်ကိုယ်ကိုယ် စိတ်နာခဲ့

လူတွေကို စိတ်နာချင်ပေမယ့်
သက်မဲ့တွေကို အပြစ်ပုံချခဲ့
အမေရေ.....

ကံဆိုးမိုးမှောင် ကျခဲ့ပုံက
ပတ်ထားသော အပေါစားရွှေရောင်နာရီလေးတောင်
မိုးကြိုးအပစ်ခံရမှာ ကြောက်နေရတဲ့ဘဝ

ဒါကို တချို့ကဆိုရဲ့
မင်း အတော်ရင့်ကျက်သွားပြီတဲ့ ၊
မဟုတ်ဘူး....
သဘာဝကိုက ရင့်ကျက်လာတာပါ

မင်း အတော်တည်ငြိမ်သွားပြီတဲ့
ဟုတ်ကဲ့
ပါးစပ်သေနတ်ဆိုတာ
ဘယ်တော့မှ ယမ်းနံ့မထွက်ခဲ့ဘူး
ဒါပေမယ့်
လူတော့ ခဏခဏသေတယ်။


(တာရာမင်းဝေ)

4 comments:

မင်းကျန်စစ်။ said...

ပါးစပ်သေနတ်ဆိုတာ
ဘယ်တော့မှ ယမ်းနံ့မထွက်ခဲ့ဘူး
ဒါပေမယ့်
လူတော့ ခဏခဏသေတယ်။

နောက်ဆုံးအပိုဒ် သိပ်ကောင်းတယ် အကိုရေ။
ဘာလို့ ဒီလောက်ကောင်းတဲ့ စကားလုံးတွေ ထွက်ကျလာတာပါလိမ့်နော်။

ရွှန်းမီ said...

ကဗျာက ကောင်းလှပါလားလို့ ကြည့်နေတာ။
အောက်ဆုံးကျမှ တာရာမင်းဝေ တဲ့။
အဆင်ပြေပါစေ ကိုဆိုးသွမ်း ..

Unknown said...

ကိုကျန်နဲ့ အကြိုက်တူနေလို့ ထပ်မရေးတော့ဘူးဗျာ။
ယမ်းနံ့မထွက်တဲ့ ပါးစပ်သေနတ်ကြောင့် အညတရ ခဏခဏ သေဖူးတယ်။

Anonymous said...

Kawaii... <3