Saturday, May 31, 2008

အဲဒီ ကျွန်တော့် နတ်သမီးလေ
သူကိုယ်တိုင် ပျံသန်းနိင်ဖို့ထက်
သူများတွေ အမြင့်ရောက်ဖို့ကို အတောင်ပျံတွေ ဖြန့်ကျက်ပေးရှာခဲ့တာ

ဒါနဲ့တောင်
ကံဆိုးခြင်း အ၀တ်ထုပ်က
သူ့အပေါ် ဘုတ်ခနဲ့ ပြုတ်ပြုတ်ကျခဲ့သေးတယ်

ဖုတ်ဖက်ခါ ဖြေထုတ်ဖို့တောင်
အခွင့်အရေး မရခဲ့ပါဘူး
အန္ဒာတတို့ရဲ့ လက်အောက်မှာ သူ့ဘ၀ကို ရွံမုန်းခဲ့ရတယ်

နတ်ဘုရားတို့ရေ
င့ါနတ်သမီး ရလဒ်က ပြင်းပြလှချည်လားကွယ်
စောင်မကယ်ယူမှုမရှိ
မေတ္တာကင်းခြင်း အဆင်းနဲ့
ထုံဝေရစ်မှုးစေတဲ့ သေရည်ဗူး
အရှင်တို့ တိုက်ရက်လေတယ်

ငါကိုယ်တိုင်လည်း တငွေ့ငွေ့
လောင်လို့ပေါ့ ။ ။


3 comments:

Anonymous said...

I know what you mean!

Unknown said...

သိတ်ကောင်းတယ်ဗျာ။ ကျွန်တော် ၀င်သောက်သွားတယ်ဗျ။
နတ်ဘုရားတို့ရေ
င့ါနတ်သမီး ရလဒ်က ပြင်းပြလှချည်လားကွယ်
စောင်မကယ်ယူမှုမရှိ
မေတ္တာကင်းခြင်း အဆင်းနဲ့
ထုံဝေရစ်မှုးစေတဲ့ သေရည်ဗူး
အရှင်တို့ တိုက်ရက်လေတယ်
ငါကိုယ်တိုင်လည်း တငွေ့ငွေ့
လောင်လို့ပေါ့ ။ ။

Kaung Kin Ko said...

ကဗှာလေး ကောင်းလိုက်တာ ညီလေးရေ။ အပေါ်က ဘာသာပြန်ထားတဲ့ တဂိုးရဲ့  ကဗျာလေးတွေလည်း ကြိုက်တယ်။