2 years ago
Saturday, October 18, 2008
ဟိုနေ့က....မင်းသိချင်တဲ့အကြောင်းတွေကို
ငါပြောပြမယ်...ဒဏ္ဍာရီ
ဘယ်ရယ်လို့တော့ ထည်ထည်ဝါ၀ါ
ပြောင်းလဲသွားတာ မဟုတ်ပါဘူး
လမ်းထဲက ရေစက်ပိုင်ရှင် ဒေါ်ငယ်လေးသေတော့
သူ့သားက ရပ်ကွက်ထဲကို စဉ်ဆက်မပြက်
ရေလိုက်ထည့်တယ်
အကြော်သည် ဒေါ်ပူစူးမက
သူ့သား ဖိုးတာ ၅ တန်းကတည်းက အခု ၁၀ တန်းအထိ
အကြော်ရောင်းနေတုန်းပါပဲ
အရင်လို တပတ်တခါ ချက်တဲ့ဟင်းက
အခုဆို ၁ လကို ၁ ခါလောက်ပဲ
အမေက ချက်တော့တယ်
အဖေက အရင်လို
အိမ်အပြန်မုန့်မ၀ယ်လာနိင်တော့ဘူး
အမမျက်နှာက တစ်စုံတခုကို
ပူပန်နေတဲ့အတိုင်း ဖြစ်ဖြစ်နေတက်တယ်
မင်းခွဲထားခဲ့တဲ့ ( ၇ ) နှစ်တာ ကာလလေးမှာ
အသက်ကြီးသူတွေနဲ့ ငယ်သူတွေ ဆုံးပါးကုန်တယ်
အိမ်ရှေ့က ကတ္တရာလမ်းပေါ်
ရေအိုင်လေးတွေ ဖြစ်နေတယ်
အော် အခုဆို လမ်းထိပ်မှာ
ညရော နေ့ပါ ဆိုင်လေးတွေခင်းလို့
စည်ကားသလိုလိုနဲ့
ဘ၀ကို သရုပ်ဖော်နေကြတယ် ဒဏ္ဍာရီ
မြန်မာ့ရိုးရာ အစားအစာကြိုက်တဲ့ မင်းအတွက်တော့
အနီးအနားမှာတင် ၀ယ်စားလို့ ရပြီပေါ့
ဒီတခါလည်း...ဒီလောက်ပါပဲ ဒဏ္ဍာရီ
အစစ အရာရာ အဆင်ပြေပါစေ
သတိရတဲ့......
Labels: ကဗျာ
Subscribe to:
Post Comments (Atom)
5 comments:
ကဗျာဖတ်ပြီးမှမြန်မာပြည်ကို
မျက်လုံးထဲမှာပြန်မြင်ရောင်မိတယ်..
အခုလက်ရှိမြန်မာမှတကယ်ဒီလို
မျိုးတွေဖြစ်နေတယ်..စိတ်တော့မကောင်း
ဘူး..
ဒဏ္ဍာရီကိုပြောတဲ့စကားလေးတွေက ဘ၀သရုပ်ဖော်လေးတွေကို မြင်သာစေတယ် မြန်မာပြည်ရဲ့ ပုံရိပ်လေးတွေပေါ့ဗျာ။။
ရေးထားတာကောင်းတယ်ဗျ..။
အရင်လို တပတ်တခါ ချက်တဲ့ဟင်းက
အခုဆို ၁ လကို ၁ ခါလောက်ပဲ
အမေက ချက်တော့တယ်
တကယ်ပဲ..
ရေးထားတာကောင်းတယ်ဗျ..။
အရင်လို တပတ်တခါ ချက်တဲ့ဟင်းက
အခုဆို ၁ လကို ၁ ခါလောက်ပဲ
အမေက ချက်တော့တယ်
တကယ်ပဲ..
ကိုဆိုးသွမ်း
ဒဏ္ဍရီ အကြောင်းဖတ်လိုက်တာ malaysia မှာနောက် ထပ် ၅နှစ် ထပ်နေဖို့ ဆုံးဖြတ်လိုက်ပြီ
ဒီလိုစာ များများ ရေးနိုင်ပါစေ...............
Post a Comment