Monday, October 20, 2008



ဒီတညတော့ ~~~ ကောင်မလေးရာ သံစဉ်လေးနဲ့ နင်အိပ်ဖို့ရာ ~~~ဂစ်တာလေးတလက်
ကိုယ်ထမ်းလို့လာ ~~~~ မင်းလေး အိပ်ပြီလား
မအိပ်သေးတဲ့ ကောင်မလေးရာ ~~~~ ဒီသီချင်းလေး ခံစားပေးပါ ~~~ ကောင်မလေးအတွက်
ကိုယ်ရေးထားတာ ~~~~~ မီးလေးဖွင့်ပါဦး

ကောင်မလေးရဲ့ အိမ်အပြင်ဘက်မှာ ~~~~~ လေပြေလေးနဲ့ ကိုယ်သီချင်း
ညည်းတာ ~~~~ အဖေအမေကြားလို့ စိတ်ဆိုးမိလာ ~~ မင်းလေး ပြောကူဦး

တညလုံးပဲ ဆိုနေဦးမှာ ~~~~ သံစဉ်ညည်းလို့ ကိုယ်မောတဲ့အခါ ~~~~~ အသံမကြားလို့ အိပ်မသွားနဲ့ကွာ
ဒီတချက်တော့ တောင်းပန်တယ် ~~~~ ကလေးလေးရယ်

မင်းအတွက်နဲ့ သီချင်းလေးရေးတာ သိပ်ချစ်လို့ပါကွာ ~~~~~ အမြဲတမ်းပဲ မင်းလေးအတွက်ပါ
ကလေးရာ

( ချစ်တယ် ချစ်တယ် ချစ်တယ် ပြောလိုက်ပါရစေကွာ ~~~~~ ကလေးလေးနား ရောက်ခဲ့တဲ့အခိုက်မှာ
လွမ်းတယ် လွမ်းတယ် လွမ်းတယ် အမြဲတမ်းလွမ်းနေမယ်
အခြေအနေပေးခဲ့ရင် နေ့တိုင်း
တွေ့ချင်တယ် )


Download By

Zshare



2 comments:

GreenGirl said...

သီချင်းလေး ဒေါင်းလုဒ်ချသွားပါတယ်။ ကျေးဇူးး)

khaingzm said...

သီချင်းလေး အရမ်းကောင်းပါတယ်.. အကိုဆိုထားတာလား..