5 years ago
Tuesday, October 14, 2008
သီတင်းကျွတ်ဆိုသည်မှာ
မြန်မာလ ၁၂ လတွင် သတ္တမမြောက်လ ဖြစ်ပါသည်။ မြန်မာရာသီခွင်တွင် တူရာသီဖြစ်သည်။ စန်းပြည့်နက္ခတ် မှာ အဿဝဏီနက္ခတ်ဖြစ်၍ ယှဉ်သောတာရာမှာ ကျီးတာရာ ဖြစ်သည်ဟု ဆိုပါသည်။ ရာသီရုပ်မှာ ချိန်ခွင်ကိုင် ကုန်သည်ရုပ်ဖြစ်ပြီး ရာသီပန်းမှာ ကြာပန်းဖြစ်ပါသည်။
သီတင်းကျွတ်လတွင် ရာသီပွဲတော်အဖြစ် ဆီမီးထွန်းပွဲတော်ကို ပြုလုပ်လေ့ရှိပြီး မီးမြင်းမိုရ်ပွဲ ( ၀ါ ) တာဝတိံသာ ပွဲဟုလည်း ခေါ်ဆိုလေ့ရှိကြပါသည်။ သီတင်းကျွတ်လပြည့်နေ့သည် တာဝတိံသာနတ်ပြည်၌ မယ်တော် ဖြစ်ခဲ့ဖူးသော သန္တုဿီတနတ်သားကို အကြောင်းပြု၍ အလိဓမ္မာခုနှစ်ကျမ်းကို ဟောတော်မူပြီးနော် လူ့ပြည်သို့ ပြန်လည်ကြွချီတော် မူသည်ကို အကြောင်းပြု၍ အဘိဓမ္မာနေ့ဟုလည်း ခေါ်ဆိုကာ ကျင်းပလေ့ရှိပါသည်။
ကိုးကားချက်
ဒီလိုနေ့မျိုးဆို မြန်မာက ကလေးတွေ တော်တော်ပျော်ရွှင်ကြရပါတယ်။ ကုသိုလ်လည်းရ ၀မ်းလည်းဝကြတယ် မဟုတ်လား။ ဘယ်သူကို ကန်တော့ရမယ် ၊ ဘယ်သူက မုန့်ဖိုးဘယ်လောက်ပေးတက်တယ် ဆိုတာ သူတို့စိတ်ထဲမှာ အနည်းနဲ့အများတော့ စိတ်ကူးယဉ်နေတက်ကြပါပြီ။ ရလာတဲ့ မုန့်ဖိုးနဲ့ ကစားစရာဝယ်မယ် ၊ အကျီဝယ်မယ် ၊ မုန့်ဝယ်စားမယ် နဲ့။ အဖေနဲ့အမေ ချုပ်ပေးတဲ့ အ၀တ်အစားအသစ်လေးတွေကို ထုတ်ဝတ်ရင်း ဟိုပြေးလွှား ဒီပြေးလွှားနဲ့ ကျောင်းကလည်း ပိတ်ထားတာဆိုတော့ သူတို့အတွက်တော့ တကယ့်ကို ပျော်ရွှင်စရာ နေ့တွေပါပဲ။
ညဖက်တွေမှာဆို မိသားစုတိုင်းကို ကြည့်မယ်ဆိုလျှင်လည်း အ၀တ်အစား ကောင်းကောင်းလေးတွေ ၀တ်လို့ လက်ထဲမှာလည်း ပန်းသီး ၊ မုန့်ဗူးတွေနဲ့ ကိုယ်ရဲ့ ဆွေမျိုးတွေထဲက သက်ကြီးရွယ်အိုတွေကို တလေးတစား လိုက်ကန်နေကြတဲ့ မြန်မာနိင်ငံက ဖြစ်စဉ်လေးတွေကို မြင်ယောင်မိပါတယ်။ ကိုယ်က ပိုက်ဆံချမ်းသာသူ မဟုတ်တော့ ရပ်ကွက်ထဲက ဖြစ်အင်တွေကို သိနေမြင်နေ ရတာပဲလေ။ ကျွန်တော် ငယ်ငယ်တုန်းကလည်း ဒီလိုပါပဲ။ အဖေနဲ့အမေကို ဒီနှစ်မှာတော့ဖြစ် ဘယ်သူကို ကန်တော့ရအောင်နော် ၊ သားတို့အတွက် အ၀တ်အစားလေးတွေ ချုပ်ပေးပါဦး။ အစရှိသည်ဖြင့် အဖေနဲ့အမေကို အပူကပ်တက်ကြတယ်။ ဒါတောင် ကိုယ်ကန်တော့တဲ့သူက မုန့်ဖိုးမပေးဘဲ ဆုတွေပဲ ပေးနေရင် ဆိုးသွမ်းတို့ မျက်နှာက စူပုပ်နေပြီ။ ကလေးပီပီ ဆုမလိုချင်ဘူး မုန့်ဖိုးပဲ လိုချင်တယ် မဟုတ်လား။ အဲဒီတုန်းက ၁၀၀ လောက်ပေးရင်ကို ဘ၀ကြီးလိုထင်နေခဲ့တာပါ။ မုန့်အကြီးဆုံး ၊ တန်ဖိုးအရှိဆုံးက ၅ ကျပ်တန် မုန့်ပဲ ရှိတာကိုး။ ကျွန်တော်တို့ထက် အသက်အရွယ်ကြီးတဲ့ အစ်ကိုတွေ အမတွေ ၊ ဦးလေးတွေ ခေတ်မှာလည်း ဒီထက်တန်းဖိုးနည်းခဲ့မှာပါ။ ပြောရင်းနဲ့ စကားက ဘေးချော်နေတော့မယ်။
မုန့်ဖိုးအများကြီးရတဲ့ လူတွေဆို ဆိုးသွမ်းတို့က သိပ်ကို ကန်တော့ချင်တာပါ။ အခုလည်း ဘလော့ဂ်ဂါတွေထဲက အစ်ကိုတွေ အမတွေ မုန့်ဖိုးပေးရင် လာကန်တော့မယ်ဗျာ။ :) အ၀တ်အစား အသစ်လေးဝတ် ၊ လက်ထဲမှာလည်း တခြားဆီက ရထားတဲ့ ပိုက်ဆံလေးတွေနဲ့ မြှောက်ကြွမြှောက်ကြွနဲ့။ ပိုက်ဆံတွေက ၄၀၀ လောက် ၅၀၀ လောက်ဖြစ်လာရင် အမေက ပြောပြီ။ သာလေး အမေ သိမ်းပေးထားမယ် ၊ အမေ့ကိုပေးနဲ့။ အမေနဲ့ အဖေက စိုးရိမ်လို့လည်း ပြောတာမှန်း သိပေမယ့် သူတို့ဆီ ပေးလိုက်ရင် ကိုယ်စားချင်တာ ကိုယ်ကစားချင်တာ ဘာမှလုပ်လို့မရတော့ဘူးလေ။ ဒီတော့မျက်နှာက ဆူပုပ်ပုပ်နဲ့။
၁၂ လရာသီမှာ ဘယ်လိုပဲ ပွဲတော်တွေ ရှိခဲ့ရှိခဲ့ ကျွန်တော်ကတော့ သီတင်းကျွတ်ကို အတော်ပျော်ပါတယ်။ ကျောင်းလည်း ရက်ရှည်ပိတ် ၊ မုန့်ဖိုးတွေလည်း ရနဲ့။ ငယ်တုန်းက အတွေးပေါ့။ အခုလည်း ကလေးဘ၀နေရာလေးကနေ ပြန်လည် ခံစားကြည့်တာပါ။ စာဖတ်သူ ငယ်ငယ်တုန်းကရော....
Labels: ကျွန်တော်၏...အတွေးများ
Subscribe to:
Post Comments (Atom)
5 comments:
အေးကွာ... ရှမ်းလမ်းမှာ ဗျောက်အိုးသွားဖောက်ချင်တယ်.. :)
အစ်ကို့စာ ဖတ်တော့ ပျော်သွားတယ်။ ဒါပေမယ့် ညီမ မပျော်ဘူး..။ အကုန် သတိရသွားတယ်။
မမတို့ရန်ကုန်မှာရှိတုန်းကတော့
အိမ်မှာအဘိုးအဘွားတွေကို
မကန်တော့ရဘူး..မမတို့က
တရုပ်တွေဆိုတော့..လူကြီးတွေ
ကအယူရှိတယ်လေ..သေမှကန်တော့
တာတဲ့..ရှင်နေတဲ့လူတွေကိုမကန်တော့
ကောင်းဘူးတဲ့..ဒါကြောင့်အဘိုးဘွားတွေသက်
ရှိချိန်မှာ..မိဘတွေသက်ရှိချိန်မှာမကန်တော့ဘူး
ဝူးမောင်လေးရေ..သူတို့မရှိမှ(ဆုံး)တဲ့ချိန်မှကန်တော့
ရတာ..ဒါကြောင့်သီတင်းကျွတ်ရင်သူငယ်ချင်းမိဘတွေ
ပဲကန်တော့ဘူးတယ်..
ဒီတစ်ခါသီတင်းကျွတ်လဲ လွတ်သွားပြန်ပီ.. :P
ဟား ဟား
ငယ်ငယ် ကဆို ကန်တော့ ရင်ပိုက်ဆံ ရတယ် ၅ ကျပ်
၁၀ ဟုတ် ခုကိုကကန်တော့ ပြီး ပိုက်ဆံမရတော့ ဘူယုံလား ဟား ဟား
ခေတ်ကာလ မကောင်း လို့လား မသိပါဘူး
မိဘ ၂ပါး နဲ ဘိုးဘွား ကို ၅သိန်း လှူ လိုက်တာတောင်
ဖုန်း ဆက်တော့ ဘွားဒွေ က ငါ့ မြေး ၇ယ် သာဓုပါ တော် လိုပြော ပီတိ ဖြစ်မလိုဘဲ ရှိသေးတယ် လှူရဒါ အားမရဘူးတဲ့ အနော်ဘာပြောရမှန် မသိဖြစ်သွားတယ်ဗျာ
ဒီခေတ် ကြီးမှာ မွေးလာတဲ့ ကျွှန်တော် ကံမကောင်းဘူးလို့ ဘဲ နောက်ဆုံးတော့ ရိုရာ အတိုင်း
ကံ ကိုဘဲ လက်သန်လေးနဲ ဘဲထိုးလိုက် ပါတယ် လက်ညှို ထိုးရင် ကံလေး ခမြှာ ဟိုလူထိုး ဒီလူထိုး ဆိုတော့ သက်သက် သာသာ ဖြစ်သွားအောင်လိုပါ......ဟုတ်တယ်ဟုတ်
Post a Comment