Monday, September 24, 2007

ကတိ

ဘာအာမခံချက်မှ မရှိတဲ့ .....အချစ်တစ်ခုကို
လက်မခံချင်တာ.....နားလည်ပါတယ် “မ” ရယ်
တစ်ကယ်ဆို ကျွန်တော်က ရင်ခုန်နေတဲ့ သံဆူးကြိုး တစ်ချောင်းပါ။
ကိုယ့်အနားရောက်လာတဲ့ အရာ မှန်သမျှကို
ဆွဲငြိပစ်လိုက်ဖို့ ၀န်မလေးဘူး။
သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုတွေကို
လိုက်နာပါတယ်လို့တော့ မညာပါဘူး။
ကျွန်တော် ယဉ်ကျေးမှုကိုတော့ ကျွန်တော် တန်ဖိုးထားတယ်။
တကယ်ဆို .....ကတိပေးနိင်တာ တစ်ခုရှိလေရဲ့
ကျွန်တော်ကြောင့်.....“မ” ဘယ်တော့မှ မနာကျင်စေရဘူးလို့......

2 comments:

နယုန်ထွန်း said...

သူငယ်ချင်း..
ကြမ်းတဲ့သူ ဖြစ်ရင် ဖြစ်ပါစေ.လွမ်းတဲ့လူ.တော့မဖြစ်ချင်နဲ့
တချို့က အရှုံးပေးတဲ့သူကိုတောင် အပြုံးနွေးနွေးလေး မပြုံးပြနိုင်ဘူး..ချစ်သောသူကို ချစ်ရတဲ့ ချစ်သူ သူငယ်ချင်း အတွက် အချစ် ဆိုတဲ့ စကားလုံးတွေကိုပဲ ..ချစ်စရာအပြုံးနဲ့ ပြောသံကို အချိန်တိုင်း အပြည့် . ကြားနီုင်ပါစေ..လို့.. ဆုတောင်းလျှက်
သူငယ်ချင်းရဲ့ အချစ်နှစ်ပတ်လည် မှသည် နောင်နှစ်ပေါင်းများစွား အထိ.. ဆက်ချစ်နိုင်ကြပါစေ..လို့ ..
နယုန်ထွန်း

ဆိုးသွမ်း said...

တခါတရံမှာ လောကဓံဆိုတာ ကလည်း
မျှော်လင့်သလို ဖြစ်လာတက်တာမှ မဟုတ်တာ။
မကြမ်းချင်ပေမဲ့ ကြမ်းနေရတယ် ....မလွမ်းချင်ပေမဲ့
လည်း လွမ်းနေရတယ် ဆိုတာ...ကြုံဆုံရတဲ့
အဖြစ်အပျက် တစ်ခုပါကွာ။ မင်းရဲ့စေတနာတွေကို
ငါ လေးစားပါတယ်။ ပေးတဲ့ဆုနဲ့လည်း ပြည့်နိင်မှာပါကွာ။