Wednesday, September 12, 2007

မျှော်လင့်သူ

ဒီဇင်ဘာ နှင်းတွေတောင်

နုတ်ဆက်သွားခဲ့ပြီ …..“မ”ရေ

ဒါပေမဲ့ ကျွန်တော်တို့ ရင်ဘက်တွေကတော့

နွေးထွေးနေတုန်း…….

ဖြူလွှလွှနှင်းစက်တချို့  ကျွန်တော်ဆီလာ ခိုလှုံလာကြ…..

သက်ပြင်းတွေ အခါခါ မှုတ်ထုတ်ဖို့ ၊ ကြိုးစားခဲ့ပေမဲ့

“မ” ရဲ့  ၀င်သက်တစ်ချို့ လွင့်ကျသွားမှာဆိုးလို့

နုတ်ဆိတ်ခဲ့ရတဲ့ ညတွေ….များခဲ့ပြီ။

2 comments:

Anonymous said...

ဒီကဗျာလေးလည်း ကြိုက်တယ် ။

ဆိုးသွမ်း said...

ကျေးဇူးတင်ပါတယ်။ မဂျစ်တူးရေ