Monday, September 24, 2007

ကျဆုံးသူ

စောင်းငဲ့ကြည့်လိုက်ပုံက
ကျေနပ်စရာ.....
ခပ်မဲ့မဲ့ အပြုံးတွေနဲ့ ပြုစားလို့
တကယ်တော့.....မာယာဆိုတာ
အတက်ပညာ တစ်ခုပဲ မဟုတ်လား။
အကျွနုပ် ရဲရင့်ပါ့မယ် အရှင်
ဒါပေမဲ့.....
ကျွန်တော်မျိုး အတွက် သွေးကိုတော့
အဖြူအတိုင်းပဲ ပေးစေချင်ပါတယ်။

ကတိ

ဘာအာမခံချက်မှ မရှိတဲ့ .....အချစ်တစ်ခုကို
လက်မခံချင်တာ.....နားလည်ပါတယ် “မ” ရယ်
တစ်ကယ်ဆို ကျွန်တော်က ရင်ခုန်နေတဲ့ သံဆူးကြိုး တစ်ချောင်းပါ။
ကိုယ့်အနားရောက်လာတဲ့ အရာ မှန်သမျှကို
ဆွဲငြိပစ်လိုက်ဖို့ ၀န်မလေးဘူး။
သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုတွေကို
လိုက်နာပါတယ်လို့တော့ မညာပါဘူး။
ကျွန်တော် ယဉ်ကျေးမှုကိုတော့ ကျွန်တော် တန်ဖိုးထားတယ်။
တကယ်ဆို .....ကတိပေးနိင်တာ တစ်ခုရှိလေရဲ့
ကျွန်တော်ကြောင့်.....“မ” ဘယ်တော့မှ မနာကျင်စေရဘူးလို့......

Sunday, September 16, 2007

အလွမ်း


“အလွမ်း” ဆိုတာ.....
ခြေထောက်မပါပေမဲ့.....
ရင်မှာ ခြေရာထင်ကျန်စမြဲပါ... မ ရယ်

သံယောဇဉ်

မြေထုထက်ကြီးမားနိင်တာ............မေတ္တာ
ပန်းကလေးတွေ အားလုံးထက်....မွှေးနိင်တာက စေတနာ
သံသရာကို ဆွဲဆန့်တဲ့ အလျားထက် ရှည်လျားနိင်တာက.....
သံယောဇဉ်တဲ့လေ..။
ဝေးလျှင်မေ့သွားမည်ထင်လေသလားတော့မသိ ၊
နှလုံးသား၏ ခံစားမှုများစွာသည် ၊ သဲပေါ်က ခြေရာ မဟုတ်
ခွဲခွာခြင်းလှိုင်းပုတ်ရုံဖြင့်...ပျောက်ပျက်သွားနိင်ပါသတဲ့လားလေ။
ခရေပန်းတောင်မှ နွမ်းရုံမျှနှင့် ရနံမပြယ် ၊ ဘယ်လောက်အခြွေခံရခံရ
အရွက်ကျရာ ၊ အပင်ဖြစ်နိင်တဲ့ ရွက်ကျပင်ပေါ်က်တွေ ရှိရဲ့ ....။
မပျောက်လွယ် မပျက်လွယ်တဲ့အရာ လောကမှာထဲမှာ များစွာရှိကြောင်း...
သူမသိလေသလား။
ကျွမ်းဝင်ရင်းနှီးထားသမျှသည် ယာယီတိမ်မဖြစ်နိင် ၊ ကောင်းကင်ပြာသာ ဖြစ်နေခဲ့သည်။
ခံစားနားလည်သမျှသည် ရေခိုးရေငွေ့ မဟုတ်.....
သမုဒ္ဒရာ တစ်ခုသာဖြစ်နေခဲ့တော့သည်။

သခင်

သခင်...သခင် ၊ ခေါ်လိုက်စဉ်က
လှည့်ပင်မကြည့် ထွက်သွား၏။
သခင်...သခင် ၊ စောင့်စေချင်၏။
သခင်၏နား သိပ်မကြားထင့်
တအားအော်ဟစ် ၊ နောက်ဆုံးခေါ်မှ
ကြည့်ဖော်ရခဲ့ ၊ နောက်သို့လှည့်၏။
သို့ရာ သို့စေ
ခေါ်နေသူမှာ ၊ ရှက်စိတ်ဖြာ၍
နီးရာသစ်ပင် ၊ ပုန်းခိုဝင်သော်
သခင်မမြင်နိင်ခဲ့ပေ။
ခေါ်သူမသိ ၊ မမြင်မိ၍
ချစ်သည့် သခင် ၊ ခြေလှမ်းပြင်သော်
မြင်နေသူမှာ မနေသာ၍
ခေါ်ပါတော့မယ် ၊ စိတ်ကြံရွယ်မှ
ရှေ့မယ်အသင့် ၊ စောင့်ကြိုလင့်သူ
သခင်အတွက် ၊ ရှိနှင့်လေပြီ။
ဦးနှင့်သူက ၊ ရှိနေမှတော့
နောက်ကစိုက်စိုက် ၊ မလိုက်သင့်ပါ
ဆွေးစိတ်ဖြာ၍ ၊ နာကျင်ကြေကွဲ
ကြွေအသည်းနှင့် အံခဲ၍သာ ပြန်ရမှာ။
လာရာလမ်းမှန် ၊ လှည့်မပြန်မီ
ကံကြမ္မာမွဲ အုံ့ပုန်းစွဲသည့်
သဲထဲကျန်ရစ် ၊ ခြေရာသစ်ကို
ချစ်သက်ကိုယ်စား ၊ တန်ဖိုးထား၍
ပါးနှင့်အပ်ကာ ၊ စောင့်ကြည့်ကာဖြင့်
ရင်နာနေရပါပြီ...သခင်။
ခြေရာလေးကြောင့် အသည်းထောင့်မှာ
စိုးနှောင်ဗျာဝေ ၊ ဖြေမပြေမို့
ခြေရာပြန်ဖျက် ပေးလှည့်ပါ။

အကြောင်းအရာ

ကမ္ဘာကုန်အောင်...ငါလွမ်းတက်ခဲ့ပြီလေ
တိုက်ဆိုင်မှုဆိုတာ....မရည်ရွယ်ပဲ ဖြစ်လာတက်တဲ့
အကြောင်းအရာတွေဆိုရင်....ငါဖြေသာအောင် နေနိင်ခဲ့မှာပါ။
ဒါပေမဲ့.... တစ်ချို့အဖြစ်အပျက်တွေက
တိုက်ဆိုင်ချင်လောက်အောင်...ရည်ရွယ်ခဲ့သည်ဆိုရင်ရော
ဘယ်လို...ဘယ်နည်းနဲ့များ
မင်းဖြေရှင်းမလည်းဆိုတာ....ငါသိတက်ချင်ခဲ့တာ

အခုတော့လည်း....နီးရက်နဲ့ ဝေးသွားလိုက်ကြတာ
တခါတလေတော့လည်....“မ” ရေလို ...တိုးတိုးတိတ်တိတ်
ခေါ်ချင်နေသေးတယ်။

Saturday, September 15, 2007

ကျွန်တော်တို့ အချစ်ကို နားလည်မှု့ ရရှိဘို့ အတွက် ခံစားဖို့လိုပါတယ်။
သူ့ မေတ္တာရဘို့ ကိုယ်မေတ္တာ မျှဝေတက်ဖို့ လိုပါတယ်။
အထူးသဖြင့် ပိုင်ဆိုင်ဘို့ထက် မျှဝေတက်ဖို့ လိုပါတယ်။
စိတ်ကူးယဉ်တာထက်ပိုပြီး...အမြင်ကျယ်ဖို့လိုပါတယ်။
ချစ်သူရဲ့ လိုအပ်ချက်တွေ နားထောင်ဖို့ ကြားမိဖို့ လိုပါတယ်။
ကျွန်တော်ထင်တယ် အချစ်ရေးမှာ ကျွန်တော်တို့ ကိုယ်တိုင် ရိုးသားဖို့ လိုပါတယ်။
တကယ်လို့သာ နှစ်လုံးသားတစ်ခုကို ကမ္ဘာတစ်ခုလို လိုချင်တယ်ဆိုရင်တော့
ရွေးချယ်တဲ့ ဘ၀မှာ တစ်ယောက်ကိုတစ်ယောက် ၊ ယုံကြည်နိင်တဲ့
အေးချမ်းစွာနေထိုင်နိင်တဲ့ ကမ္ဘာတစ်ခုလိုပါတယ်။

မာနမဲ့စွာ

ပြက်ရယ်ပြုမှု့ကို ခံရသည့်အခါ
အားငယ်သွားတက်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။

အနိင်ကျင့်မှုကို ခံရသည့်အခါ
ဝမ်းနည်းသွားတက်သော်လည်း
မည်သည့်အခါမှ မနာကျည်းရက်ပါလေ။

တန်ဖိုးမထားမှုကို ခံရသည့်အခါ
မကျေနပ်မှုကို ဖြစ်ပေါ်ခဲ့သော်လည်း
မည်သည့်အခါမှ မငြိုငြင်ရက်ပါလေ။

စွန့်ပစ်သွားခြင်းကို ခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာ ပူပန်ခဲ့ရသော်လည်း
မည်သည့်အခါမှ မေ့လျော့၍ မရနိင်ပါလေ။

စတွေ့ သည်မှ...သူမအား
မာနတရားကို ပေးဆပ်ထားခဲ့သောကြောင့်တည်း။


ဇတ်လမ်းအဓိက မဟုတ်သော ၀တ္တုတပုဒ်လို သူမနှင့် ကျွန်တော်ချစ်ခဲ့ကြပါသည်။
ကျွန်တော်တို့မှာ အဖြစ်အပျက်တွေ...ကြုံကြိုက်မှု့တွေ ရှိသည်။

သို့သော် ....
ဘာပြီးရင် ... ဘာလာရမယ် ဟူသော ဖြစ်စဉ်တွေ မရှိပါ။ ကျွန်တော်တို့မှာ ဆန္ဒတွေ ရှိသည်။
သို့သော်...မျှော်လင့်ချက်မရှိပါ။

ကျွန်တော်တို့မှာ မှန်းဆကြည်နူးမှုတွေရှိသည်။ သို့သော် အနာဂတ်မရှိပါ။
ကျွန်တော်နှင့်သူမ၏ အချစ်သည် မွှေးပျံ့သော ၊ လှပသော စပယ်ပန်းများ ဖြစ်သည် ဆိုလျှင်
လက်ထဲမှာ...သာထွေးဆုပ်ထားသော ပန်းများပဲဖြစ်မည်။ စံပယ် တစ်ကုံး မဟုတ်ခဲ့ပါ။

ဂျူး

Friday, September 14, 2007

ညို

ဟိုး...တောင်ထိပ်မှာ
မိုးရိပ်ညိညို့ ၊ မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ ၊ သတိရလျှက်
ဖြေပြေခက်လို့....
မျက်ဝန်းထဲမှာ မိုးရွာပြီ ညို..။
ဒါပါပဲကွယ်...
ပုံပြင်ရယ်ထား ၊ အိမ်မက်များလို
မေ့သွားနိင်ရိုး ၊ အဖြစ်မျိုးလား
မြတ်နိးနှောင်ရစ် ၊ သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ ၊ မိုးသားမည်းညို
ပြိုမည်အုံးအုံး ၊ မိုးထစ်ခြုံးပြီ...
နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါ ညို။

သီချင်းများ

သူပဲရှိနေတယ်





စက္ကန့်နှဲ့အမျှ သတိရခြင်းမှာ....တွယ်တာခြင်းတို့ရှိနေတယ်။
လွမ်းလို့ကျတဲ့ မျက်ရည်ထဲမှာ ...တမ်းတမှု့တို့ ရှိနေတယ်။
သနားခြင်းရဲ့ တစ်ဘက်ခြမ်းမှာ ကြင်နာခြင်းတို့ ရှိနေတယ်။
အားကိုးခြင်းရဲ့ အနီးကပ်မှာ ရင်ခုန်ခြင်းတို့ ရှိနေတယ်။
အကြောင်းမဲ့ မုန်းခြင်းရဲ့ အဆုံးအဖြက်မှာ...စွဲလန်းခြင်းတို့ ရှိနေတယ်။
သ၀န်တိုခြင်းရဲ့ အဆုံးသက်မှာ သံယောဇဉ်တို့ ရှိနေတယ်။
ပြန်ဆုံတွေ့ဖို့ ဆုတောင်းများမှာ မြတ်နိးခြင်းတို့ ရှိနေတယ်။
ဆိုခဲ့ဘူးတဲ့ သစ္စာစကားများမှာ ခံစားချက်တို့ ရှိနေတယ်။
နှစ်သက်စွဲမက် အာရုံထဲမှာ..သူ့ပုံရိပ်များ ရှိနေတယ်။
နှလုံးသားရဲ့ ကဗျာတွေထဲမှာ အချစ်ဆိုတာ ရှိနေတယ်။

Wednesday, September 12, 2007

မျှော်လင့်သူ

ဒီဇင်ဘာ နှင်းတွေတောင်

နုတ်ဆက်သွားခဲ့ပြီ …..“မ”ရေ

ဒါပေမဲ့ ကျွန်တော်တို့ ရင်ဘက်တွေကတော့

နွေးထွေးနေတုန်း…….

ဖြူလွှလွှနှင်းစက်တချို့  ကျွန်တော်ဆီလာ ခိုလှုံလာကြ…..

သက်ပြင်းတွေ အခါခါ မှုတ်ထုတ်ဖို့ ၊ ကြိုးစားခဲ့ပေမဲ့

“မ” ရဲ့  ၀င်သက်တစ်ချို့ လွင့်ကျသွားမှာဆိုးလို့

နုတ်ဆိတ်ခဲ့ရတဲ့ ညတွေ….များခဲ့ပြီ။

Tuesday, September 11, 2007

I Miss You


I miss You each day in my life
I miss You each time you leave
I miss You each time you say goodbye

I miss everything about you
I miss Your smile and your laughter
I miss Your tender touch of humor

I miss your gentleness and kindness
I miss You when you leave my sight
I miss You all the time

I miss You when you`re so far away
I miss You with all my heart

I miss you in my thoughts
I miss You at my side
I miss looking at your eyes

I miss your kisses and your touch
I miss You so much
I miss you every moment

I miss You everyday
I miss You sooooo much ! and.........

I Love You

Monday, September 10, 2007

အလွမ်း

ငါကသာ....
လွမ်းနေရတာ ဒီဇင်ဘာရယ်
မင့် ကောင်းကင်ကြီးကတော့ ပြာလို့ 
လဲ့နေအောင် ပြာလို့ 

ညထဲက သတို့သမီး



-ည ဆိုတာ

မိန်းမနဲ့ ယောက်ျား တို့ ရဲ့ 
ခွန်အားပြည့် ရမ္မက်ခွက် ကို
မျိုးဆက် ပြန့် ပွားမှု သေရည်နဲ့
ဖြည့်စွတ်
အိမ်မက် ပွင့်ဖူး
သောက်ကြူးကြတာ ဖြစ်တယ်။

-ညဆိုတာ
သူအို သူမင်းတို့ 
လေညင်း မွှေးမွှေး
ဇီဝ ဆေးတွေ
အားမွေး အရည်ဖျော်
သက် ရာကျော်ဖို့ 
ပျော်ဝင်စေတာ ဖြစ်တယ်။

-ညဆိုတာ
ဒဏ္ဍာရီ ပုံပြင် ပြော
ကလေးတို့  ပျော်မော တဲ့
အိမ်မက်တော ဖြစ်တယ်။

-ညဆိုတာ
လူလင်ပျိုရဲ့  အာရုံကြော အသစ်
အချစ်နဲ့  လှုပ်ရှား
နှလုံးသား အိမ်မက် တောင်ပေါ်
တိမ်မှောင် မည်းမည်း
လျှပ် ရဲရဲမှာ
သွားရဲ တက်ရဲ
မာန်ဟုန် ဇွဲနဲ့
ချစ်ပွဲခံရာ ဖြစ်တယ်။

-ညဆိုတာ
သတို့ သားရဲ့ 
ခွန်အားကို
တိုးပွား သန်စွမ်းစေတဲ့
တောင်တန်းကြီးဖြစ်တယ်။

-ညဆိုတာ
အပျိုစင် သတို့ သမီးရဲ့ 
ချစ်မီး လျှံဝင်းနေတဲ့ မေတ္တာအိမ်ကို
တိမ်လို သိမ်မွေ့ 
လက် တစ်ပွေ့ နဲ့ 
မျိုးစေ့ စိုက်မွေး
မြေစေး ဖွာဖွာ
သား တစ်ရာရဲ့
မြေယာကောင်း ဖြစ်စေရဲ့ ။


စာပေဂျာနယ် ၊ နိဝင်ဘာ ၁၉၉၅ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။ ဆရာကြည်အောင်ရဲ့  ကဗျာလေး တပုဒ်ပါပဲ။





ဒီလိုညပါပဲ........


ကျွှန်တော်နဲ့ သူမ စတွေ့ 
ခင်မင်မှုတွေနဲ့
အပြုံးချင်းဖလှယ်လို့ နှလုံးသားတစ်နေရာမှာ တိုးတိက်စွာ
ခိုလှုံသွားခဲ့တဲ့ည။


ဒီလိုညပါပဲ.........

ရင်းနှီးမှုတွေ မျှဝေရင်း
အမည်မသိ
ဝေဒနာတစ်ခုကို
စတင်သိလာရတဲ့ည။

ဒီလိုညပါပဲ..........


နားလည်မှု့ ကို ခုတုံးလုပ်

သူမရင်ခုန်သံတချို့ ၊ တိတ်တဆိတ်
ခိုးယူဖို့
ကြိုးစားရင်း
အချစ်တွေ ရင်ဝယ်ပိုက်ခဲ့တဲ့ ည။

ဒီလိုညပါပဲ.........

သူမနဲ့အတူ ၊ မဆုံးနိင်တဲ့
အိမ်မက်တွေ မက်ရင်း
မပြီးဆုံးချင်တဲ့
ပန်းချီကား တစ်ချပ်ကို
နှစ်ဦးသား လက်တွဲနဲ့ ရေးချယ်ခဲ့တဲ့ည။

ဒီလိုညပါပဲ..........

အလုပ်မအားလို့ ၊ အချိန်တန်
အိမ်ပြန်မရောက်လာတဲ့ ည။
ညလုံးပေါက်နီးပါး သီချင်းတွေ နားထောင်ရင်း
လွမ်းနေခဲ့ဘူးတယ်။


ဒီလိုညပါပဲ...........


အစ်မတစ်ယောက်ရဲ့  စိတ်ဓာတ်မျိုးနဲ့

ဘ၀ကို တိုးတက်အောင်၊ ကြိုးစားသင့်ကြောင်း

သူမ သွန်သင်ခဲ့တဲ့ည။

ဒီလိုညပါပဲ............

အချစ်ထက် ဘ၀ကို ဦးစားပေးဖို့ 
ဖြစ်သင့်ကြောင်း ပြောပြတက်တဲ့
သူမဆီက “ လွမ်းတယ်” ဆိုတဲ့ စကားတခွန်း
တိတ်တဆိတ် မျှော်လင့်ခဲ့ဘူးတဲ့ ည။

ဒီလိုညပါပဲ..........

မထင်မှတ်တဲ့ အချိန်လည်း
ပြောပြလာတက်တဲ့ သူမဆီက စကားသံတွေကြောင့်လည်း
ကျွှန်တော်အိမ်မက်တွေ တည်ဆောက်ခွင့်ရခဲ့တဲ့ည။

ဒီလိုညပါပဲ..........

သူမနဲ့ ကျွှန်တော် နားလည်မှု့ တွေလွဲ
နှလုံးသားတွေ နာမကျန်းဖြစ်ခဲ့တဲ့ည။

ဒီလိုညပါပဲ........

သူမကျန်းမာအောင်
ဆုတောင်းပေးခဲ့ဘူးတဲ့ည။

ဒီလိုညပေါင်းများစွာနဲ့  ကျွှန်တော်နဲ့သူမ ( ကျွှန်တော်အခေါ်အားဖြင့်လည်း “မ” ) မတူညီတဲ့ ဘ၀နှစ်ခုကို
ဖြတ်သန်းရင်း ..............