2 years ago
Friday, February 22, 2008
ရွှေလင်ပန်းနဲ့ အချင်းဆေးနိင်ခဲ့သူ...ဘဝ
ကျမ မဟုတ်ခဲ့သလို
အိစက်ညက်ညောတဲ့ မြနန်းစံတော်မှာ
ထိုင်၍လည်း မစံခဲ့ရပါဘူး...မောင်
ပင်မြင့်မှာပွင့်တဲ့ သဇင်ပန်းလို
ကျမဘ၀...မဝေဆာခဲ့ပေမယ့်
စိုက်ပျိုးသူမဲ့...ရွက်ကျပင်ပေါက်ဘ၀မျိုးလည်း
ကျမ အရွယ်မရောက်ခဲ့ရပါဘူး
အသားတစ်ရာနဲ့ ဟင်းကောင်းစုံလင်
လက်ဆေး စားနိင်ခဲ့သူ..ကျမ မရခဲ့သလို
ဆီဆမ်း......ဆားဖြူးတဲ့ ဘ၀လည်း
ကျမ မဖြစ်ခဲ့ရပါဘူးကွယ်...
သို့ပေမဲ့လည်း....မောင်ရယ်
ဆန္ဒတစ်စုံ ဖွင့်ဟဖို့ရန်
အခွင့်ပေးလာရင်တော့
မောင့်ဘ၀...ရင်ခွင်နန်းတော်မှာ
ထာဝရစံစား...မိဖုရားတစ်ပါး ဖြစ်ချင်တယ် ။
Labels: ကဗျာ
Subscribe to:
Post Comments (Atom)
2 comments:
Thank for giving me a place in your heart. I'll be sitting beside you where there is a palace nor small little house which has lot of holes.
မိဘုရင်ခေါင်ကြီးကတော့ စောစောစီးစီးကွန်းမန့် ၀င်ရေးထားပါလားနော်။ ဒါကျွန်မ ပစ္စည်းလေးပါဆိုပြီး ကြွားထားတာနဲ့တူတယ်နော်။ ဟီးဟီး ။ မင်းလုပ်တာနဲ့ မြန်မာဘုရင်တွေ သိက္ခာကျတော့မယ်ကွာ။ တစ်ယောက်ကတော့နည်းတာပေါ့နယ်သားလေးရ။ :D
Post a Comment