Showing posts with label ကောက်နုတ်ချက်များ. Show all posts
Showing posts with label ကောက်နုတ်ချက်များ. Show all posts

Friday, October 10, 2008

“ ငါ့ကိုယ်ငါ လေးစားမှု ရှိနေသေးသ၍ သူများ ဘယ်လိုထင်တယ်ဆိုတာကို
ကြောင့်ကျစိုးရိမ်နေဖို့ မလိုဘူး ”

“ ကိုယ့်ကိုယ်ကို အထင်မသေးတဲ့ သူဟာ သူများ ကိုယ့်ကို အထင်သေးတာကို
ဂရုမစိုက်ဘူး ၊ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့သူဟာ သူများ ဘာပြောပြော ခံနိင်တယ် ”

“ သူများကို ဘယ်လိုလူစားလို့ ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလို့
ဖေါ်ပြနေတာနဲ့ တူတယ် ”

“ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိင်တဲ့သူဟာ သူများကို
စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိင်ဘူး ”

“ စိတ်ဓတ်ကျသွားရင် စိတ်အိုသွားတယ် ”


ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ )

Thursday, June 26, 2008

- အချိန်တိုင်း စိတ်ချမ်းသာချင်ရင် အချိန်တိုင်း “ ငါ့ ” ကို မချစ်မိအောင် ကြိုးစားရမှာပါပဲ

- “ ငါ့ပစ္စည်း ၊ ငါ့လူ ဆိုတဲ့ ငါ့ အစွဲ ကင်းရှင်းနေတာဟာ ငါ့ကို မချစ်တာပါပဲ

- ငါ့ကို မချစ်တဲ့ သူမှသာ စိတ်ချမ်းသာမှု အစစ်ကို ရရှိနိင်ပါသည်။

ထိုကြောင့် ငါ စိတ်ချမ်းသာ ချင်ရင် “ ငါ့ ” ကို မချစ်ပါနဲ့။

နေရာတကာမှာ င့ါအယူအဆမှ အမှန် ငါ့ဆန္ဒမှ အမှန်ဆိုတဲ့ စိတ်မျိုး ရှိနေရင် အဲဒီလူဟာ ဘယ်တော့မှ စိတ်ချမ်းသာမှု မရနိင်ပါဘူး။ အမြဲ စိတ်ဆင်းရဲ နေရမှာပါ။

ဘယ်သူနဲ့မှလည်း သဟဇာတ မဖြစ်တဲ့ အတွက် နောက်ဆုံးမှာ
ပတ်ဝန်းကျင်ရဲ့ အပစ်ပယ်ခံရပြီး အထီးကျန်ဝေဒနာကို အကျည်းတန်စွာ ခံစားရင်း

ခြောက်ခြောက် သွေ့သွေ့နဲ့ ဘ၀နိဂုံး ချုပ်ရတက်ပါသည်။

ဆရာတော် ရှင်ဆန္ဒဓိက


Tuesday, June 24, 2008

ဒီနေ့ခေတ်ကြီးမှာ.....

  1. ဆင်းရဲသားတွေက ၀က်မွေးတယ်
  2. လူကုံထံတွေက ခွေးမွေးတယ်
  3. ဆင်းရဲသားတွေက အိမ်မှာ ဟင်းသီးဟင်းရွက်စားတယ်
  4. လူကုံထံတွေက ဟိုတယ်မှာ ဟင်းသီးဟင်းရွက် စားတယ်
  5. ဆင်းရဲသားတွေက လမ်းပေါ်မှာ စက်ဘီး စီးတယ်
  6. လူကုံထံတွေက ဧည့်ခန်းမှာ စက်ဘီး စီးတယ်
  7. ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်
  8. ချမ်းသာတော့ လင်မယား ကွဲချင်တယ်
  9. ဆင်းရဲတုန်း မယားက အတွင်းရေးမှုး တာဝန် ယူရတယ်
  10. ချမ်းသာတော့ အတွင်းရေးမှုးက မယားတာဝန်ပါ တွဲယူရတယ်
  11. ဆင်းရဲတုန်း ချမ်းသာချင်ယောင် ဆောင်တယ်
  12. ချမ်းသာတော့ ဆင်းရဲချင်ယောင် ဆောင်တယ်
  13. ဆင်းရဲသားတွေ အသားစားတယ်
  14. လူကုံထံတွေက ပုဇွန်စားတယ်
  15. ခွေးတွေက အင်္ကျီဝတ်ကုန်ပြီး ၊ လူတွေက ပေါ်နိင်သမျှ ပေါ်အောင် ချွတ်ကြပါသည်တဲ့

ဖိုရမ်တခုမှာ တွေ့လိုက်တာလေးပါ....

Wednesday, May 21, 2008

သူတို့...သူတို့၏


လှည့်ကွက်တွေကြားထဲ ငါတိုးမ၀င်မိရင်
ဒီလိုဇာတ်နာပုံတွေ .............ငါသိခဲ့မှာ မဟုတ်ဘူး
ငါ့ရဲ့ ပင်ကိုအတ္တက ဆင်းရဲရှာတော့
လောကကြီးကို စိတ်နာချင်ပေမယ့်
ကိုယ့်ကိုယ်ကိုယ် စိတ်နာခဲ့

လူတွေကို စိတ်နာချင်ပေမယ့်
သက်မဲ့တွေကို အပြစ်ပုံချခဲ့
အမေရေ.....

ကံဆိုးမိုးမှောင် ကျခဲ့ပုံက
ပတ်ထားသော အပေါစားရွှေရောင်နာရီလေးတောင်
မိုးကြိုးအပစ်ခံရမှာ ကြောက်နေရတဲ့ဘဝ

ဒါကို တချို့ကဆိုရဲ့
မင်း အတော်ရင့်ကျက်သွားပြီတဲ့ ၊
မဟုတ်ဘူး....
သဘာဝကိုက ရင့်ကျက်လာတာပါ

မင်း အတော်တည်ငြိမ်သွားပြီတဲ့
ဟုတ်ကဲ့
ပါးစပ်သေနတ်ဆိုတာ
ဘယ်တော့မှ ယမ်းနံ့မထွက်ခဲ့ဘူး
ဒါပေမယ့်
လူတော့ ခဏခဏသေတယ်။


(တာရာမင်းဝေ)