Showing posts with label ဓါတ်ပုံ. Show all posts
Showing posts with label ဓါတ်ပုံ. Show all posts

Wednesday, June 10, 2009


ကမ္ဘာကြီး တခုလုံး၏ အလှပဆုံး နေရာ တစ်ရာပါ။ အင်တာနက်ခေတ်ကြောင့် ဆိုးကျိုး တွေရှိနိင်သလို ၊ ယခုလို ကောင်းကျိုးအဖြစ် ငွေမကုန် လူမပင်ပန်းပဲ ဗဟုသုတအနေဖြင့် စာဖတ်သူလည်း ကြည့်ရှု့နိင်ပါပြီ။ ကမ္ဘာတခုလုံး အလှပဆုံးနေရာတွေမှာ မြန်မာက ပုဂံက အဆင့် ၁၈ ချိတ်ပြီး ၊ ရွှေတိဂုံစေတီတော်မြတ်ကြီး ကတော့ အဆင့် ၈၅ ချိတ်ပါတယ်။ ပုံတွေ အကုန်တင်ပေးချင်ပေမယ့် ၁၀၀ လုံးမဖြစ်နိင်တာကြောင့် အမြည်းသဘောမျိုးနဲ့ ၄ ပုံလောက်ပဲ တင်ပေးလိုက်တာပါ။ ကိုယ်တိုင် သွားလေ့လာချင်တယ်ဆိုရင်တော့ ဒီကို သွားပါ။ ၄င်းဆိုက်ဒ်တွင် ပုံများကို ကြည်တောက်ရှင်း အကြီးကြည့်ရှုနိင်ပါသည်။

ဒီပုံက - ၁

ဒီပုံက - ၁၈

ဒီပုံက - ၈၅

ဒီပုံက - ၉၉



Thursday, April 30, 2009

ဆောင်းရာသီကျော်သွားတော့ နွေရာသီရောက်လာပြီ။ သူငယ်ချင်းတချို့လက်စွမ်းပြထားတဲ့ နွေရာသီ မော်စကိုပါ။ ရိုက်တာကတော့ ရိုသမျှ လိုက်ရိုက်တာပဲ။ မိန်းခလေးပုံတွေချည်းတင်ရင် အပြောခံရမှာမို့...မျှတင်လိုက်ပါတယ်။ :)


စိတ်အေးလက်အေးပေါ့


ဒီအမိက..ပြိုင်ပွဲဝင်မလို့ဆိုလား


လေးစားဖို့ကောင်းတယ်


ဓါတ်ပုံရိုက်မယ်ဆို ပဲပေးဖို့ အတက်ကြွဆုံး...မော်စကိုသူတွေ


ရှုးတိုးတိုး..ပန်းချီအဆွဲခံနေတယ်


ဘေးဖယ်...ဘေးဖယ်


AXE စပရေးလိုက်ကြော်ငြာနေတာ


စီးပွားရေး


ရွှေအိုရောင် ဆံပင်လေးနဲ့.....



Tuesday, April 21, 2009

အမှတ်တရ 2009 သင်္ကြန်

ရိုးရိုးလေးပဲ....တွေးပါ ၊ ကြည့်ပါ။ သင်္ကြန်...ဆိုတာ








credit - ပုံများအားလုံးကို first-11 မှရယူပါသည်


Monday, February 23, 2009












Thursday, February 5, 2009



တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းလွန်းပါတယ်။ Amazon တောထဲက ဟယ်လီကော်ပတာကိုတောင် မြှားနဲ့ လှံနဲ့ ပြန်ပစ်နေတဲ့ သူတွေ ၊ လူ့ယဉ်ကျေးမှုနဲ့ အဆက်ပြက်နေတဲ့သူတွေ ၊ အဆင့်မြင့်နည်းပညာဆိုတာ မသိတဲ့ သူတွေ ၊ ကိုယ့်ရိုးရာ ကိုယ့်ဓလေ့နဲ ဘိုးစင်ဘောင်ဆက် တောထဲနေလာတဲ့ သူတွေ ၊ ဒီလို လူမျိုးတွေ ဘယ်လောက်များ ရှိလိမ့်မလဲ။ ကြည့်ပါဦး လေယဉ်ပျံကိုတောင် ပြန်တိုက်ခိုက်နေကြတယ်။ သူတို့ရဲ့ ဘ၀နေထိုင်မှုကို ကျွန်တော် စိတ်ဝင်စားပေမယ့် အဲဒီကို သွားမလားဆိုရင်တော့ မသွားချင်ဘူး။ :)










@boston.com

Friday, January 30, 2009



ကြာပြီလေ....နာရီတွေ....( - ) တွေ...ဘ၀က မည်းမှောင်တုန်း




ဘာမှ မလိုချင်ပါဘူး...ဘာမှလည်း မရချင်ပါဘူး...ဘာမှလည်း မဖြစ်ချင်ပါဘူး



လင်းနေခွင့်လေးကိုတော့....ရင်ဖွင့်ပြလိုက်ချင်တယ်









ဒါပါပဲ....ဒါပါပဲ
ဆိုလိုချင်တာကို...သိရင် ကျေနပ်ပါတယ်
မသိတော့လည်း ဓါတ်ပုံလေးတွေ လှတယ်လို့ပဲ ခံစားလိုက်ကြတာပေါ့


picture copyright@boston.com

Saturday, January 17, 2009




ရန်ကုန်မှာတော့ ဒီလိုပွဲမျိုး ၊ ဒီလို မြင်ကွင်းမျိုး ကျွန်တော်မွေးကတည်းက အခုအချိန်အထိ တခါမှ မတွေ့ခဲ့ရပါဘူး။ ဒီပုံကိုကြည့်စမ်းပါဦး ၊ စိတ်အေးလက်အေးနဲ့ စစ်တုရင်ကစားနေကြတာ ။ ဒီလို နေရာမျိုးမှာ ၀င်ရောက် ကစားတဲ့သူ အနေနဲ့ကတော့ တော်ရုံအရည်အချင်းနဲ့ မရနိင်ဘူးလို့ ထင်မြင်မိပါတယ်။ ပွဲရှိန်တယ်ခေါ်မှာပေါ့။ ကျွန်တော် ဆိုလည်း စစ်တုရင် ကစားနည်းကို သာမန်လောက်သာ ဆော့ကစားခဲ့သူမို့ သူများတွေ ကြည့်တာနဲ့တင် အယောင်အယောင် အမှားမှား ဖြစ်ပြီး ပေါက်ကရလုပ်မိမှာ သေချာတယ်။

ငယ်ငယ်တုန်းက ပတ်ဝန်းကျင်မှာ စာပေလိုက်စားတဲ့ ၊ စစ်တုရင် လိုက်စားတဲ့ အိမ်တစ်အိမ် ရှိခဲ့တာ အခုတော့ ကျေးဇူးတင်မိပါတယ်။ သူတို့တစ်အိမ်သားလုံး အံသြဖွယ်ရာ စစ်တုရင်ကို ကျွမ်းကျင်နေကြတယ်။ ကျွန်တော့် ၆ တန်းကတည်းက စစ်တုရင်ကို သူတို့မိသားစု ကျေးဇူးကြောင့် စပြီး ကစားတက်ခဲ့ရပါတယ်။ သူတို့ မိသားစု ကြောင့်လည်း စာတွေ အများကြီး ဖတ်ခဲ့ရပြီး ၊ စာအုပ်ဖတ်တဲ့ အကျင့် ၊ ၀ါသနာ စွဲမိခဲ့ရတာပါ။

ဒီပုံတွေမှာ ရှိတဲ့ စစ်တုရင် အရုပ်တွေကိုတော့ တော်တော်သဘောကျမိသား။ အားထည့်ပါပေတယ်လို့တောင် မန္တလေးသား တွေကို ဂုဏ်ပြုမိပါတယ်။ အားပေးတဲ့ လူကလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ စိတ်ဝင်စားမှု အပြည့်။ နေရာဒေသကလည်း တကယ့် အလှအပနောက်ခံကြားထဲမှာ။ မြန်မာပြန်ရင် အဲဒီလိုပွဲမျိုး လိုက်ရှာကြည့်ဦးရဦးမယ်။








ပုံတွေအတွက် ကိုရှမ်းကလေးကို ကျေးဇူးတင်ပါကြောင်း.....။