Wednesday, February 13, 2008


“ ပြိုင်ဘက်ကင်းတဲ့ လောကီအတွင်းဝယ်....တစ်ဦးတည်း မင်းမဟော် .... ရှည်ပါစေ ရှည်ပါစေ .... ရှည်ပါစေ
အသက်ရာကျော် ”

စိတ်ထဲကနေ သံပြိုင်သီဆိုရင်း .... အသက်မရှည် သွားရရှာတဲ့ ဗိုလ်ချုပ်အတွက် လေးလေးနက်နက် ကြေကွဲမိသည်။ ရဲဘော်သုံးကျိပ်နှင့် အတူ ဟိုင်နန် ၊ ထိုင်ဝမ် ကျွန်းတွေမှာ မြန်မာ့လွတ်လပ်ရေး အတွက်
အပင်ပန်း ဆင်းရဲခံပြီး စစ်ပညာကို သင်ကြားခဲ့သော ဗိုလ်ချုပ် ၊ ယုံကြည်ရာကို ဇွဲလုံလရှိစွာ မဆုတ်မနှစ် ကြိုးစားခဲ့သော ဗိုလ်ချုပ် ၊ “ ပညာရဲရင့် ပွဲလယ်တင့် ” ဆိုသလို နိင်ငံတကာ ခေါင်းဆောင်များနှင့် ရင်ဘောင်တန်း ဆက်ဆံနိင်ခဲ့သော ဗိုလ်ချုပ် ၊ ကျောသားရင်သား မခွဲခြား ၊ မာန်မာန မဲ့စွာဆက်ဆံတက်သော
ဗိုလ်ချုပ် ၊ ရာထူးအရှိန်အ၀ါနှင့် ကင်းစွာ နေထိုင်တက်သော ကျွန်တော်တို့၏ လူသာသေသော်လည်း နာမည်
မသေခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအား ဤပို့စ်ဖြင့် အလေးပြုပါသည်။

မှတ်မှတ်ရရ ပြောသွားတဲ့ စကားများစွာထဲက
“ ကြည်....ပဲပြုတ်နှင့် နံပြားရလျှင်
စားချင်သည်တဲ့ ”

0 comments: